ဩဂုတ်လ (၂၁)ရက်။
ရှမ်းပြည်တောင်ပိုင်း ရက်စောက်မြို့ ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်ကောင်စီတပ်ဟာ စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလို နောင်ချိုမြို့ကို စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းကာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲ နှစ်ဖက်ထိခိုက်တဲ့အခြေအနေကိုတော့ ဖော်ပြထားတာမရှိသေးပါဘူး။
ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ နောင်ချိုမြို့ရှိ တောင်ခန်းရွာက စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းအပါအ၀င် သရက်ချိုရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ကမ္ဘောဇဘုန်းကြီးကျောင်းတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တောင်ခမ်းရွာရှိ စစ်ကောင်စီရဲ့ (၉၀၂)တပ်စခန်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မနေ့ကလဲ နောင်ချိုမြို့နယ်ရှိ သရက်ချိုရွာနဲ့ တောင်ခမ်းရွာမှာ တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။