နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးကာလ ရက်ပေါင်း (၁၃၀၀)ပြည့်တဲ့အချိန် အောင်မြင်မှုပန်းတိုင်ကို နီးကပ်လာပြီလို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအင်အားစုပြော

ဩဂုတ်လ (၂၄)ရက်။

တော်လှန်ရေးကာလ ရက်ပေါင်း (၁၃၀၀)ပြည့်တဲ့အချိန်မှာ သွေးစည်းညီညွတ်တာတွေကြောင့် အောင်မြင်မှုပန်းတိုင်ကို နီးကပ်လာပြီလို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအင်အားစုရဲ့ မနေ့က တော်လှန်ပြည်သူတွေကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ယန္တရားတွေ မလည်ပတ်နိုင်ဖို့ CDM စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ် တော်လှန်ရေးဟာ တမြို့ပြီးတမြို့ သိမ်းယူနိုင်တဲ့ လက်နက်ကိုင် ပြည်သူ့ တော်လှန်ရေးကို တိုးတက်ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုင်းပြည်အာဏာကို မတရားသိမ်းယူဖို့ ကြိုးပမ်းတာ မနေ့က ရက်ပေါင်း (၁၃၀၀)ပြည့်ပြီဖြစ်ကာ စစ်အုပ်စုရဲ့ တပ်ရင်း၊ တပ်မ၊ တပ်ခွဲနဲ့ ဌာနချုပ်တွေအပြင် မြို့ပေါင်း(၈၀)နီးပါးအထိ တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလ ရက်ပေါင်း (၁၃၀၀)ထဲ အသက်၊ ဘဝ၊ ခန္ဓာ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးခဲ့ရသူတွေ တဦးချင်းကို အလေးနီပြုကာ တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်ဖို့ ရှေ့ဆက်သွားမယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ပြည်သူတစ်ရပ်လုံးရဲ့ အန္တိမမျှော်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် ပျက်သုဉ်းဖို့၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု နဲ့ တရားမျှတမှုရှိတဲ့ နိုင်ငံတော်သစ် တည်ဆောက်ဖို့တို့အတွက် ဆက်လက် ကြံ့ကြံ့ခံကာ အခုထက် ပိုမို သွေးစည်းညီညွတ်ကြဖို့ တိုက်တွန်းထားပါတယ်။

တော်လှန်ရေးကာလ ရက်ပေါင်း (၁၃၀၀)အထိ အတူတကွတိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ပို့တာတွေ၊ အလှူရှင်တွေ အားလုံးရဲ့ ပူးပေါင်းပါဝင်တာနဲ့ သွေးစည်းညီညွတ်တာတွေကြောင့် အခုလို ကြံ့ကြံ့ခံနိုင်တဲ့ တော်လှန်ရေး အောင်မြင်မှုပန်းတိုင်ကို နီးကပ်လာပြီဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 17 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 16 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 20 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 25 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 25 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး