နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရွေး/ကော် နေပြည်တော်မှာခေါ်တွေ့

ဩဂုတ်လ (၂၅)ရက်။

မနေ့က နေပြည်တော်မှာ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တွေ့ဆုံပွဲမှာ စစ်ကောင်စီရွေး/ကော်ဥက္ကဋ္ဌ ဦးကိုကိုက ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာတွေ၊ ရွေးကောက်ပွဲစနစ်ဆိုင်ရာကိစ္စတွေ၊ မဲစာရင်းမှန်ကန်ဖို့ ဆောင်ရွက်နေတာတွေ၊ ပြည်ထဲရေး၊ ထွေ/အုပ်နဲ့ လ၀ကတို့ ပူးပေါင်းဆောင်ရွက်နေတာတွေကို ပြောဆိုခဲ့ပါတယ်။

ရွေး/ကော်အနေနဲ့ အခုလိုခေါ်ယူတွေ့ဆုံတာက နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ဖြစ်ပြီး စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ (၄၉)ခုရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ (၄၉)ခုထဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးမယ့်ပါတီ (၉)ခုရှိကာ တိုင်း သို့မဟုတ် ပြည်နယ်တစ်ခုထဲမှာ စည်းရုံးမယ့်ပါတီ (၄၀)ခုရှိတယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅(စ)နဲ့ ၅(ဇ)တို့နဲ့အညီ ပါတီ၀င်အင်အားနဲ့ ပါတီရုံးခန်းတွေကို ပြည့်မီအောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့နဲ့ နိုင်ငံရေးပါတီတွေရဲ့ လိုအပ်ချက်ကိုလဲ ဥပဒေနဲ့အညီ ကူညီပေးသွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲထဲ နိုင်ငံရေးပါတီ‌တွေအနေနဲ့ ခိုင်မာ‌အားကောင်းတဲ့ပါတီဖြစ်ဖို့ ပြောဆိုခဲ့ကာ အစည်းအဝေးကို ပြည်ထဲရေး၊ ထွေ/အုပ်၊ လ၀ကက တာ၀န်ရှိသူတွေနဲ့ နိုင်ငံရေးပါတီ (၄၉)ခုက ဥက္ကဋ္ဌနဲ့ ခေါင်းဆောင်တွေ ပါ၀င်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 5 Views
စက်တင်ဘာလ (၂၀)ရက်။ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါ၀င်ပြီး မွန်ပြည်နဲ့ မွန်ပြည်ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ် (၄၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 7 Views
စက်တင်ဘာလ (၂၀)ရက်။ ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ် (၄၀)ကျော်နဲ့ အရပ်သား(၂)ဦးကို မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို လက်တွဲတည်ဆောက်ဖို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (၉)ဖွဲ့ ‌ထုတ်ပြန်ကြေညာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 9 Views
စက်တင်ဘာလ (၂၀)ရက်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးနဲ့စပ်လျဉ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ (၉)ခုက မနေ့က ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတို့က အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းတာတွေကို
မြန်မာသတင်း

အလယ်ကုန်းရဲစခန်းအနီး ကင်းပုန်း၀ပ်နေတဲ့ စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 5 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၃)ရက်နေ့ ည (၈)နာရီက ကြို့ပင်ကောက်မြို့ရှိ အလယ်ကုန်းရဲစခန်းအနီးက စစ်ကောင်စီရဲနဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Dragon GBK-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလယ်ကုန်းရဲစခန်းအနီး တံတားထိပ်က
1027 Operations မြန်မာသတင်း

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 13 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်ကစပြီး (၂)နာရီခန့်အထိ သီပေါမြို့နယ်ကို ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

ရန်ကုန်မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ လူထုသပိတ် ချီတက်ဆန္ဒပြ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 11 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ လူထုသပိတ်ချီတက်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ သပိတ်ချီတက်ရာမှာ “ ရေဘေးမကူတဲ့ စစ်ကောင်စီကို ပြည်သူတွေ ဆန့်ကျင်ကြ” ၊ “ ကုန်ဈေးနှုန်းတွေကျဆင်ရေး
မြန်မာသတင်း

မန္တလေးရှိ တံတားဦးလေဆိပ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 14 Views
စက်တင်ဘာလ (၁၉)ရက်။ စက်တင်ဘာလ (၁၇)ရက်‌နေ့ ညပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦးလေဆိပ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စက်တင်ဘာ (၁၇)ရက်နေ့ ည (၁၀)နာရီခွဲနဲ့ (၁၁)နာရီကြား တံတားဦးလေဆိပ်ကို လက်နက်ကြီးတွေ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားဖို့ ရန်-မန်းစစ်ဆင်ရေးတရပ်ဖော်ဆောင်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 15 Views
စက်တင်ဘာလ (၁၉)ရက်။ ရန်-မန်းစစ်ဆင်ရေးအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ရန်-မန်းစစ်ဆင်ရေးကို Operation Flame(OF)Yangon နဲ့ Operation Flame(OF)Mandalay