ဩဂုတ်လ (၂၇)ရက်။
ဩဂုတ်လ (၂၅)ရက် နံနက် (၈)နာရီအချိန်က ပုသိမ်ထောင်ရှိ အကျဉ်းသား (၂၇၅)ဦးကို မြောင်းမြထောင်သို့ ပြောင်းရွှေ့ခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီထောင်ပြောင်းရွှေ့တဲ့အထဲ နိုင်ငံရေးအကျဉ်းသား (၂၅)ဦးခန့်သာပါ၀င်ပြီး ကျန်တဲ့အကျဉ်းသားတွေဟာ နယ်စပ်ဖြတ်ကျော်မှုအပါအ၀င် အခြားအမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အကျဉ်းသားတွေကို ပြောင်းရွှေ့ရာ နေ့လယ် (၂)နာရီခန့်မှာတော့ မြောင်းမြထောင်ကို အန္တရာယ်ကင်းစွာ ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“ အခုလို ထောင်ပြောင်းရွှေ့တာက ပုသိမ်မှာ စစ်ရေးပြင်နေတာကို ကြားသိရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အခြားအကျဉ်းသားတွေအားလုံးရဲ့ လုံခြုံရေးအတွက် သတိထားနေရတယ်” လို့ ပုသိမ်ထောင်နဲ့ နီစပ်သူတစ်ဦးက ပြောဆိုထားပါတယ်။
လာမယ့် လကုန်ပိုင်းမှာလဲ ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားတွေအပါအ၀င် အကျဉ်းသားတွေကို ထပ်မံပြောင်းရွှေ့တာတွေ ပြုလုပ်ဖို့ရှိတယ်လို့ သိရကာ အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။