နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးကနေ နေပြည်တော်ကို အလှမ်းမဝေးတော့ဘူးလို့ MDY-PDF အသိပေးထုတ်ပြန်

ဩဂုတ်လ (၂၈)ရက်။

မန္တလေးတိုင်းထဲ မြို့သိမ်းတိုက်ပွဲတွေမှာ ပါ၀င်နေတဲ့ MDY-PDF က မန္တလေးကနေ နေပြည်တော်ကို အလှမ်းမဝေးတော့ဘူးလို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်သည်၊ စစ်မေတွေရဲ့ အားစိုက်ထုတ်မှုနဲ့ ပြည်သူတွေရဲ့ အားပေးထောက်ခံတာနဲ့အတူ ရှမ်းမြောက်-မန္တလေးနဲ့ မန္တလေး-ရှမ်းမြောက်ပြီးရင် မန္တလေးကနေ နေပြည်တော်ဆိုတာလဲ မဝေးတော့ဘူးဆိုတာ အသေအချာပဲ” လို့ ဆိုပါတယ်။

မဝေးကွာတော့တဲ့ ခရီးစဉ်တွေအတွက် အသက်ပေးလှူသွားကတဲ့ စစ်သည်၊ စစ်မေတွေနဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လှူဒါန်းသွားတဲ့ စစ်သည်၊ စစ်မေတွေကို ဦးညွှတ်ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ်က ရှမ်းမြောက်ကနေ မန္တလေးကို နေ့ချင်းပြန် ခရီးသွားနိုင်ဖို့ဆိုတာ အိပ်မက်လားလို့ မေးခွန်းထုတ်ခဲ့ရပေမယ့် အခုအခါ မန္တလေးတိုင်းကနေ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားနိုင်ဖို့က အမှန်တကယ်ဖြစ်လာပြီလို့ ရေးသားထားပါတယ်။

အခုအခါ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့၊ မိုးကုတ်မြို့နဲ့ သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ခဲ့ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲတွေထဲ MDY-PDF လဲ ပါ၀င်တိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း (၃၅)ခုကို MDY-PDF က သိမ်းပိုက်နိုင်ခဲ့ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အခုရက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လာရောက်ခဲ့ပြီး လုံခြုံရေးကိစ္စတွေ ညွှန်ကြားသွားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 25 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 28 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို
မြန်မာသတင်း

ဖရူဆိုမှာ ရှေ့တန်းပိုခံရတဲ့ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 27 Views
နိုဝင်ဘာလ (၂၂)ရက်။ ဖရူဆိုမြိုမှာ ရှေ့တန်းပိုဆောင်ခံရတဲ့ ခမရ(၅၃၁)တပ်ရင်းက စစ်ကော်မရှက်တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို Karenni Army BA-5 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူက နိုဝင်ဘာလ (၇)ရက်နေ့မှာ ဖရူဆိုမြို
မြန်မာသတင်း

မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကန်အောက်လွှတ်တော်အမတ်တွေက ကြားနာပွဲတရပ် ကျင်းပတဲ့အပေါ် ကြိုဆိုတယ်လို CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 32 Views
နိုဝင်ဘာလ (၂၂)ရက်။ မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ကြားနာပွဲတရပ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်တွေက ကျင်းပခဲ့တဲ့အပေါ် ကြိုဆိုတယ်လို CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကြားနာပွဲဟာ နိုဝင်ဘာလဆန်းပိုင်းက CRPH နဲ့ အမေရိကန် အထက်လွှတ်တော်နဲ့
မြန်မာသတင်း

တိုင်ကြားခံထားရတဲ့အပေါ် အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားပြီး ပူးပေါင်းသွားမယ်လို NUG ဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 20 Views
နိုဝင်ဘာလ (၂၂)ရက်။ တိုင်ကြားခံရတာတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး စုံခုံဖွဲစစ်ဆေးဖို တောင်းဆိုထားတယ်လို ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက တုံပြန်ပြောဆိုထားတယ်လို သိရပါတယ်။ “ နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့
မြန်မာသတင်း

ချောက်မှာ နိုင်/ကျဉ်းတွေပါတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး နိုင်/ကျဉ်းတစ်ဦးကို PDF ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 18 Views
နိုဝင်ဘာလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ နံနက် (၇)နာရီအချိန်က ချောက်မြိုရှိ အမှတ်(၃) ပြည်ထောင်စုလမ်းပိုင်းတနေရာမှာ စစ်တပ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို PDF-Chauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစခယာဉ်တန်းက နိုင်ငံရေးအကျဉ်းသား (၅)ဦးကို
မြန်မာသတင်း

ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူတိုမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံ သောင်းနဲ့ချီ တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 16 Views
နိုဝင်ဘာလ (၂၁)ရက်။ ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူနယ်တိုရဲ့ မြိုနယ်(၃)ခုအစပ်နေရာတွေကို စစ်တပ်က အင်အား (၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးနေတယ်လို ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီမြို (၃)ခုအစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အင်အား (၃၀၀)ဝန်းကျင်လောက်က
မြန်မာသတင်း

ဗဟိုဦးဆောင်ကော််မတီဝင် (၂)ဦးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 39 Views
နိုဝင်ဘာလ (၂၁)ရက်။ MDY-PDF ရဲ့ ဗဟို‌ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ကိုမုန်တိုင်းနဲ့ ကိုနိုင်ကြီးကို တပ်ပိုင်ဘဏ္ဍာပစ္စည်း တရားမဝင်ထုတ်ယူမှုနဲ့ အရေးယူထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူတို့ (၂)ဦးဟာ ကာလတန်ဖိုးကြီးမားတဲ့ တပ်ပိုင်ဘဏ္ဍာပစ္စည်းကို စည်းကမ်းချိုးဖောက်ပြီး တရားမဝင်ထုတ်ယူတဲ့အပေါ် အပြစ်ရှိကာ