နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

လေးကေကော်မြို့သစ်ရှိ စစ်ကောင်စီတပ်အမြောက်ကုန်းကို KNLA မဟာမိတ်တပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေ

ဩဂုတ်လ (၂၈)ရက်။

မြ၀တီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်က စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းနေရာကို KNLA မဟာမိတ်တပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းတွေအရ သိရပါတယ်။

လေးကေကော်မြို့သစ်နေရာကို ဇွန်လကစပြီး KNLA မဟာမိတ်တပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် အခုလထဲမှာ စစ်ကောင်စီတပ်ရဲ့ စွယ်တော်အမြောက်ကုန်းကို နေ့တိုင်း ပိတ်ဆို့တိုက်ခိုက်တာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

“ စစ်တပ်ရဲ့ လေးကေကော်အမြောက်ကုန်းကို KNLA နဲ့ PDF တွေ ဝိုင်းထားတာကြာပြီ၊ စနိုက်ဘာတွေ ဒရုန်းနဲ့ကြဲတာတွေကြောင့် စခန်းတခုလုံးလဲ မွစာကြဲနေပြီ၊ တက်တိုက်လို့တော့မရသေးဘူး။ စစ်တပ်ကလဲ လက်နက်ကြီးတွေ ရမ်းပစ်နေတယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုထားပါတယ်။

ဩဂုတ်လ (၂၇)ရက်နေ့ ည (၉)နာရီခွဲ၀န်းကျင်ခန့်ကလဲ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းကနေ ကျေးရွာတွေဘက်နဲ့ KNLA မဟာမိတ်တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ဘုရားကုန်းတပ်စခန်းဘက်ကို လက်နက်ကြီး (၁၀)လုံးခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအမြောက်ကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ လက်ခတ်တောင်၊ ရသေ့ဂူ၊ ကျောက်ဂူ၊ လေးကေကော် ရပ်ကွက်အနောက်ဘက်နဲ့ အာရှလမ်းသစ်ဘက်ကို ကျရောက်ခဲ့ပြီး ထိခိုက်တာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီကနေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် လေးကေကော်၊ ဖလူးနဲ့ မယ်သော်ထလေး ကျေးရွာတွေဘက်မှာ လူသွားလာတာ နည်းပါးနေပြီး အင်ကြင်းမြိုင်၊ မင်းလက်ပံဘုန်းကြီးကျောင်းနဲ့ ပလော့တပို့ စစ်ရှောင်စခန်းတွေမှာ ဒေသခံတွေ ခေတ္တတိမ်းရှောင်နေကြရပါတယ်။

အခုအခါ ကရင်ပြည်နယ်ထဲရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံး/သံဖြူဇရပ်လမ်းပိုင်းမှာ KNLA မဟာမိတ်တပ်ဖွဲ့တွေက စစ်ရေးအရ ပိတ်ဆို့လှုပ်ရှားနေပြီး စစ်ကောင်စီဘက်က BGF အချို့နဲ့ ပူးပေါင်းကာ အခြေစိုက်စခန်းတွေ မကျစေဖို့ တင်းကြပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လမိုင်းမြို့ရဲစခန်းအနီးတိုက်ပွဲထဲ စစ်ကော်မရှင်ရဲ့ ဒုရင်းမှူးတဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 23 Views
မေလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်မှာ လမိုင်းမြို့ရဲစခန်းအနီး ‌စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

အာဆီယံနဲ့ နိုင်ငံတကာကို ဝေဖန်တဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2026 ခုနှစ်၊ မေလ 12 ရက်
  • 23 Views
မေလ (၁၁)ရက်။ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဝေဖန်ထားတဲ့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်တွေကို NUG က ဒီကနေ့မှာ ပြင်းပြင်းထန်ထန် ရှုတ်ချထားတယ်လို့
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်း အရေးပေါ်ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 25 Views
မေလ (၁၁)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအခြေအနေတွေကြောင့် တွန်းဇံ-တီးတိန်လမ်းပိုင်းကို အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ CDF-Tonzang ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်လာတာကြောင့် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ရာ်ရွယ်ပြီး ဖြတ်သန်းသွားလာတာ မလုပ်ဖို့ တားမြစ်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 27 Views
မေလ (၁၁)ရက်။ ဧပြီလထဲ မြင်းခြံခရိုင်ရှိ မြို့နယ် (၄)မြို့မှာ စစ်အုပ်စုကြောင့် အရပ်သား (၇၂)ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်အခြေအနေ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲမှုကော််မတီ(မန္တလေး)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြင်းခြံခရိုင်ထဲ စစ်အုပ်စုကြောင့် အရပ်သား သေဆုံးတာဟာ
မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နှင့် စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက်ရရှိတော့မည် ဖြစ်ကြောင်း လပေါင်းများစွာကြာအောင် ထပ်တလဲလဲ ပြောဆိုနေခဲ့သည်။ စစ်ပွဲ၏
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 27 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ တအာင်းပညာရေးရန်ပုံငွေထီကို တအာင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 35 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 28 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း