နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့် တာ၀န်ယူထားသူအပါအ၀င် (၂၀)ကျော်သေဆုံး

ဩဂုတ်လ (၂၈)ရက်။

မနေ့က ညနေ (၄)နာရီခန့်မှာ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အင်အား(၁၀၀)ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို တောင်တန်းမြိုင်ရွာအနီးမှာ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)က တပ်ခွဲ(၂/၃/၆)၊ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့၊ မိုးညိုမြို့နယ်ပကဖနဲ့ သာယာဝတီခရိုင်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့တာမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ရာ (၁)နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၂၀)ကျော်သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ တပ်ရင်းမှူးအဆင့် တာဝန်ယူထားသူ (၁)ဦး ပါဝင်တယ်လို့ သိရပြီး သူရဲ့အချက်အလက်တွေကို ဆက်လက်စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတွေအနီး သွားလာနေထိုင်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့လဲ အထူးအသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 2 Views
ဧပြီလ (၂၁)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်တာတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ တာဝန်ယူဆောင်ရွက်သွားမယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်မှာ နိုင်/ကျဉ်းတွေအပါအဝင် အကျဉ်းသား/သူ (၃၀)ကျော်သေဆုံး

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 9 Views
ဧပြီလ (၂၁)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ (၃၀)ကျော် သေဆုံးခဲ့တယ်လို့ နိုင်/ကျဉ်းအရေးကူညီနေတဲ့ အဖွဲ့ (၇)ဖွဲ့ရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်း သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် KNU ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 10 Views
ဧပြီလ (၂၁)ရက်။ ထားဝယ်-ထီးခီးလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ထီးထာဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အပေါ် ပူးပေါင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေကို KNU မြိတ်-ထားဝယ်ခရိုင်က ဂုဏ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ (၁၂)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ ထီးထာဗျူဟာစခန်းသိမ်းတိုက်ပွဲကာလထဲ KNLA တပ်မဟာ (၄)နဲ့အတူ စွမ်းစွမ်းတမံ
မြန်မာသတင်း

သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်၊ ၁၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀) ရက်။ သပိတ်ကျင်းမြိုနယ်၊ ရေထွက်ကျေးရွာအား မနေ့က နေ့လယ် ၁ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးနဲ့ ကျဲချတိုက်ခိုက်ခဲ့ရာ ကလေးသူငယ်၂ ဦး အပါအဝင် အရပ်သားပြည်သူ ၁၃
မြန်မာသတင်း

လားရှိုးကို စစ်ကောင်စီ ဝင်လာချိန် လုံခြုံရေးယူပေးတာ မရှိဘူးလို့ UWSA ငြင်းဆို

  • 2025 ခုနှစ်၊ ဧပြီလ 20 ရက်
  • 23 Views
လားရှိုးမြို့ လွှဲပြောင်းပေးဖို့ တရုတ်အထူးကိုယ်စားလှယ်ကိုယ်တိုင် ကိုင်တွယ်နေ ဧပြီလ (၁၉)ရက်။ လားရှိုးမြို့ကို စစ်ကောင်စီ ဝင်ရောက်လာချိန် လုံခြုံရေးယူပေးခဲ့တယ်ဆိုတဲ့အပေါ် “ ဝ” ပြည်နယ် ပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ငြင်းဆိုထားတယ်လို့ သိရပါတယ်။ “ မိမိတို့ UWSA
မြန်မာသတင်း

ကျောက်တော်မြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး သေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 26 Views
ဧပြီလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီခွဲအချိန်ကစပြီး ကျောက်တော်မြို့ရှိ အရပ်သားတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုဝ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့က အရပ်သားတွေနေတဲ့ ရပ်ကွက်တွေကို
မြန်မာသတင်း

နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်ရေးဆွဲမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 42 Views
ဧပြီလ (၁၉)ရက်။ နေပြည်တော်ရဲ့ မြို့အကွက်ချပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် နေပြည်တော်မှာ ထိခိုက်ခဲ့တဲ့ အဆောက်အအုံတွေထဲ ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ပိုမိုထိခိုက်ပျက်စီးတာကို
မြန်မာသတင်း

ရန်ကုန် ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 26 Views
ဧပြီလ (၁၉)ရက်။ မနေ့က ည (၉)နာရီ (၅၇)မိနစ်အချိန်က ရန်ကုန်ရှိ စစ်ကောင်စီရဲ့ ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army(YUPA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို