နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်တွင်းမှာ ပတ်စ်ပို့စာအုပ်ဖိုးကို (၄၀၀၀၀)ကျပ်ဆိုပြီး စစ်ကောင်စီ တိုးမြှင့်ပြောင်းလဲသတ်မှတ်

ဩဂုတ်လ (၂၉)ရက်။

ပြည်တွင်းမှာ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားရာ စာအုပ်ဖိုးကို (၄၀၀၀၀)ကျပ်အနေနဲ့ စစ်ကောင်စီက တိုးမြှင့်ပြောင်းလဲလိုက်တယ်လို့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

အရင်က ပြည်တွင်းမှာ သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားရာ စာအုပ်ဖိုးကို (၃၅၀၀၀)ကျပ် သတ်မှတ်ထားပေမယ့် စက်တင်ဘာလ (၁)ရက်နေ့ကစပြီး (၅၀၀၀)ကျပ်ထပ်တိုးကာ (၄၀၀၀၀)ကျပ် ပြောင်းလဲသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တစ်ဖက်မှာ ပြည်ပထွက်ခွာမယ့်သူတွေကို စည်းကမ်းတင်းကြပ်ကာ ကန့်သတ်တားမြစ်တာတွေ ရှိနေပြီး အချက်အလက်ပြည့်စုံမှသာ ထွက်ခွာခွင့်ပြုနေသလို အခုတစ်ဖက်မှာလဲ ပတ်စ်ပို့စာအုပ်ဖိုးကို တိုးမြှင့်ကောက်ခံလာတာပါ။

နောက်ပြီး ပြည်ပကို အလုပ်လုပ်ဖို့ သွားရောက်မယ့်သူတွေအနေနဲ့ အလုပ်အကိုင်ပတ်စ်ပို့စာအုပ်(PJ)နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် OWIC ပါရှိရမှာဖြစ်ပြီး အလည်အပတ်ပတ်စ်ပို့စာအုပ်ဖြစ်တဲ့ PV နဲ့ မသွားကြဖို့ စစ်ကောင်စီက ရန်ကုန်လေဆိပ်မှာ သတိပေးထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် ပြည်ပထွက်ခွာခွင့်တွေကို တင်းကြပ်လာတာဖြစ်ပြီး အသက် (၂၃)နှစ်ကနေ (၃၂)နှစ်ရှိတဲ့ အမျိုးသားလူငယ်တွေကို ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

အခုအခါမှာလဲ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုတဲ့ ဗဟိုကြီးကြပ်အဖွဲ့ကို ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဖွဲ့စည်းဖို့ စစ်ကောင်စီက ညွှန်ကြားထားကာ အသက် (၃၅)နှစ်ကနေ (၆၅)နှစ်ထဲရှိ အမျိုးသားတွေရဲ့စာရင်းကို ကောက်ယူနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 32 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 141 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 34 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 23 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 42 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက