နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပခုက္ကူလေယာဉ်ကွင်းအနောက်ဘက် ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၇)ဦးသေဆုံး

စက်တင်ဘာလ (၅)ရက်။

ဒီကနေ့ ‌နံနက် (၁၁)နာရီခွဲအချိန်က ပခုက္ကူမြို့ရှိ လေယာဉ်ကွင်းအနောက်ဘက်က စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ပခုက္ကူမြို့နယ်ရှိ လေယာဉ်ကွင်းအနောက်ဘက်က မြောက်လူးကန်ကျေးရွာဘုန်းကြီး‌ကျောင်းထဲ အင်အား ရာဂဏန်းနီးပါးနဲ့ အထိုင်ချတပ်စွဲထားတာလို့ ဆိုပါတယ်။

မြောက်လူးကန်ရွာဘုန်းကြီးကျောင်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၁၇)ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ တိုက်ပွဲဖြစ်ပွားပြီး စကစ (၉)ကောင် သေဆုံးတဲ့အထိ ပစ်ခတ်နိုင်ခဲ့တာကို မျက်မြင်တွေ့ရပါတယ်။ နောက် စကစ (၆)ကောင်လဲ ဆေးရုံရောက်သွားပါတယ်။ PDF ရဲဘော် (၂)ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” လို့ Southern YSO PDF က ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်ခဲ့တဲ့ တိုက်ပွဲထဲ PDF ရဲဘော်တွေဘက်က ရဲဘော် (၂)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စခန်းသိမ်းနိုင်ဖို့အထိ ကြိုးစားခဲ့ပေမယ့် အခြေအနေတစ်ခုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို “ စစ်ခွေးသင်္ချိုင်း မကွေးတိုင်း” ဆိုတဲ့ နတ်မိချောင်းစစ်ဆင်ရေးအနေနဲ့ Southern YSO PDF နဲ့အတူ ဒေါင်းညီနောင်၊ Yesagyo Revolution Group(YRG)၊ ဒေါင်းသွေးနီ၊ ပြည်သူ့အားမာန်နဲ့ King Cobra မဟာမိတ်ညီနောင်တို့က ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် စစ်ကောင်စီဥက္ကဋ္ဌနှင့် ဘန်ကောက်တွင် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 11 Views
ဧပြီလ (၁၇) ရက်။ မြန်မာနိုင်ငံတွင် ငလျင်ဒဏ်နှင့်ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ်သည် မြန်မာစစ်အစိုးရခေါင်းဆောင်နှင့် ပုံမှန်မဟုတ်သော တွေ့ဆုံမှုတစ်ခု
1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက
မြန်မာသတင်း

မကွေးထောင်မှာ ထောင်ဝန်ထမ်းတွေရဲ့ ပစ်ခတ်တာတွေကြောင့် နိုင်/ကျဉ်း (၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 11 Views
ဧပြီလ (၁၈)ရက်။ ဧပြီလ (၁၃)ရက်နေ့ ညနေ (၆)နာရီခန့်က မကွေးထောင်မှာ ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား တင်းမာတာတွေနဲ့ ထိတွေ့တာတွေ ဖြစ်ပွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၃)ရက်နေ့က ထောင်ရှေ့မှာ
မြန်မာသတင်း

NUG ဝန်ကြီးချုပ်နဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်တို့ အွန်လိုင်းကတဆင့် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 6 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ Teleconference ကနေ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့‌ဆုံချိန် အာဆီယံဥက္ကဋ္ဌနဲ့အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်သွယ်ရေး တိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့
မြန်မာသတင်း

အားကောင်းတဲ့ စစ်တပ်ကို ဖြိုချဖို့ အရပ်သားအစိုးရဩဇာခံယူမယ့် စစ်တပ်တခုလိုအပ်တယ်လို့ BPLA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 41 Views
ဧပြီလ (၁၇)ရက်။ အားကောင်းတဲ့ စစ်တပ်တခုကို ဖြိုချဖို့ စနစ်ကျပြီး ခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကို ခံယူမယ့် စစ်တပ်တခု လိုတယ်လို့ ဒီကနေ့ BPLA တည်ထောင်တာ (၄)နှစ်ပြည့်တဲ့အခမ်းအနားကို ကွပ်‌ကဲရေးမှူးက ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်အတက်နေ့ ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 23 Views
ဧပြီလ (၁၇)ရက်။ မနေ့က သင်္ကြန်အတက်နေ့ နေ့လယ် (၁၂)နာရီခွဲကျော်အချိန် ကော့ကရိတ်မြို့ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon Liberation Army(MLA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သင်္ကြန်အတက်နေ့ နေ့လယ် (၁၂)နာရီ
မြန်မာသတင်း

နှစ်ဆန်းတစ်ရက်နေ့ မန္တလေးကို ဗဟိုပြုပြီး ငလျင်ထပ်လှုပ်၊ အင်အားအသင့်အတင့်ရှိကာ မြို့နေပြည်သူတွေ သိသိသာသာ ခံစား‌ခဲ့ရတယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 19 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန်မှာ မန္တလေးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတကြိမ်က တော်တော်ကြမ်းတယ်။ (၂၈)ရက်နေ့တုန်းက ငလျင်စလှုပ်တဲ့အချိန်လိုပဲ တော်တော်ဆိုးတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 18 Views
ဧပြီလ (၁၇)ရက်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက်