နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ချက်ချင်းအပစ်ရပ်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို တရုတ်နဲ့ ပူးပေါင်းသွားမယ်လို့ MNDAA ပြော၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်ဘူးလို့  MNDAA ပြော

ချက်ချင်းအပစ်ရပ်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို တရုတ်နဲ့ ပူးပေါင်းသွားမယ်လို့ MNDAA ပြော၊ NUG နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်ဘူးလို့  MNDAA ပြော
စက်တင်ဘာလ (၁၉) ရက်။ 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က မနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 
အဲ့ဒီထုတ်ပြန်ချက်ဟာ စက်တင်ဘာလ (၄) ရက်နေ့ရက်စွဲနဲ့ ရေးထားတာပါ။ ဒီထုတ်ပြန်ချက်ကို MNDAA က ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်မှာ ထုတ်ပြန်ခဲ့ပြီးမှ ပြန်လည်ဖြုတ်ချခဲ့ပြီး မနေ့က စက်တင်ဘာ ၁၈ ရက်နေ့မှာ ဒီထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
MNDAA အနေနဲ့ တရုတ်နဲ့ မြန်မာကို ဆန်ကျင်တဲ့ အသိုင်းအဝိုင်းတွေနဲ့ မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ်မဖွဲတာတွေဟာ MNDAA ရဲ့ နိုင်ငံရေး မူဝါဒတွေဖြစ်တယ်လို ဆိုပါတယ်။
ဒါ့အပြင် NUG နဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရပူးပေါင်းတာ၊ နယ်မြေချဲ့ထွင်တာ၊ မန္တလေးနဲ့ တောင်ကြီး စတဲ့နေရာတွေကို တိုက်ခိုက်တာတွေ လုံးဝပြုလုပ်မှာ မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ဆက်လက်လက်စွဲကိုင်သွားမယ်လို ဆိုထားပါတယ်။
MNDAA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မူဝါဒ နိုင်ငံရေးရပ်တည်ချက် လုံးဝပြောင်းလဲမှာ မဟုတ်ဘဲ နိုင်ငံကနေ ခွဲထွက်တာ၊ နိုင်ငံတော်အာဏာကို လုယူတာနဲ့ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်သစ် ထူထောင်တာတွေ လုပ်မှာမဟုတ်ဘူးလိုလည်း ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ ရက်စွဲနဲ့ တအာင်းတပ်မတော် (TNLA) ကို ချက်ခြင်း အပစ်ရပ်ဖို့ သတိပေးစာ ပေးပိုခဲ့ပြီး MNDAA ကို ပေးပို့တာ ရှိမရှိ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
AA, MNDAA နဲ့ TNLA ဦးဆောင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်ပြီးနောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံက ပိတ်ထားဆဲ ဖြစ်ပါတယ်။
MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ နဲ့ အပိုင်း ၂ အတွင်း လားရှိုးမြို့ အပါအဝင် သိန္နီ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်ကြမ်း၊ ကွမ်းလုံ၊ တားမိုးညဲ၊ ပန်းဆိုင်း (ကြူကုတ်) စတဲ့ မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။
ဓာတ်ပုံ။
The Kokang

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 25 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းတာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအရ တရားဝင်မှုရယူလိုတာကြောင့်လို့ NLD ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 15 Views
မေလ (၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့တာက မင်းအောင်လှိုင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကတဆင့် နိုင်ငံရေးအရတရားဝင်မှု ရယူလိုတဲ့ ဟန်ပြလုပ်ရပ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အနေနဲ့ ပြောင်းရွှေ့ထားတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာတာတို့ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်လွှတ်မပေးရဲတာလဲ?

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 36 Views
တရုတ်- အမေရိကန် တို့ရဲ့ခြေလှမ်း ဒီအပတ်မေလ (၃)ရက်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၅) မှာ ပြောကြားမဲ့အကြောင်းကတော့ စစ်အုပ်စုက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရဲတာလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နဲ့ အမေရိကန်တို့ မြန်မာပြည်အပေါ် ဘယ်လို ကစားကြမလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့
မြန်မာသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 33 Views
မေလ (၂)ရက်။ နေပြည်တော်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ပေါ်ချက်တွေအရ သိရပါတယ်။ “ ဝမ်ယိက နေပြည်တော်ကိုလာတဲ့အချိန် အန်တီနဲ့ တွေ့သွားတယ်။ ဒါပေမယ့် အဲ့သတင်းက နှစ်ဖက်စလုံးက မထုတ်ပြန်ဘူး။ အိန်တီလဲ
မြန်မာသတင်း

ရန်ကုန်မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 30 Views
မေလ (၂)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ ငါတို့ သမ္မတက ဦးဝင်းမြင့်” ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရန်ကုန်မြို့ထဲ အာဏာရှင်ရဲ့ လုံခြုံရေးအစီအမံကို