နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဟားမတ်စ်ခေါင်းဆောင် သေဆုံးဖွယ်ရှိကြောင်း အစ္စရေးစစ်တပ်ဆို

အောက်တိုဘာ (၁၇) ရက်။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသတွင် ဆက်လက်တိုက်ခိုက်နေသည့် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်၏ ထိပ်တန်းခေါင်းဆောင် ယာဟယာ ဆင်ဝါ (Yahya Sinwar) သည် သေးဆုံးသွားဖွယ်ရှိကြောင်း အစ္စရေးစစ်တပ်က အောက်တိုဘာလ (၁၇) ရက်၌ ကြေညာခဲ့ပြီးအတည်ပြုရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့သည် ဂါဇာရှိ စစ်ဆင်ရေးတစ်ခုတွင် အကြမ်းဖက်သမားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ ဆင်ဝါ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမတ်စ်တို့က အစ္စရေးကို အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်သည် ဟားမတ်စ်များကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ဂါဇာကို ကျူးကျော်ဝင်ရောက်ခဲ့သည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် ဟာနီယာသည် အီရန်နိုင်ငံသို့ သွားရောက်လည်ပတ်ရာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး သြဂုတ်လတွင် ဟားမတ်စ်က ၎င်းအား ဆက်ခံမည့် ဂါဇာကမ်းမြောင်ဒေသ၏ အကြီးအကဲဖြစ်သည့် ဆင်ဝါကို ၎င်း၏နေရာကို ဆက်ခံရန် ရွေးချယ်ခဲ့သည်။

ဆင်ဝါကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှု၏ နောက်ကွယ်မှ ချုပ်ကိုင်သူဟု အစ္စရေးဘက်က စွတ်စွဲထားသည်။ ၎င်းသည် အစ္စရေးကို တော်လှန်ခြင်း၏ သင်္ကေတဖြစ်ပြီး အစ္စရေးစစ်တပ်အတွက် ထိပ်တန်းပစ်မှတ်ဖြစ်သည်။

၎င်း၏သေဆုံးမှုကို အတည်ပြုပါက အဖွဲ့အစည်းအား အားနည်းစေရုံသာမက တိုက်ခိုက်ရေးသမားများကိုပါ စိတ်ဓာတ်ကျဆင်းစေကာ တစ်နှစ်ကျော်ကြာမြင့်ခဲ့သည့် ဂါဇာရှိ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခကို ပြင်းထန်သော အလှည့်အပြောင်းသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။

အစ္စရေးစစ်တပ်သည် စစ်ဆင်ရေး၏ နေ့ရက်၊ အချိန် သို့မဟုတ် သီးခြားတည်နေရာကို ဖော်ပြထားခြင်း မရှိပေ။ စစ်ဆင်ရေးဖြစ်ပွားရာ ဒေသတွင် ဟားမတ်စ်အဖွဲ့မှ ဓားစာခံများကို အစ္စရေးမှ ကယ်တင်သွားခြင်း မရှိပေ။

AFP သတင်းအေဂျင်စီ၏အဆိုအရ၊ အစ္စရေးသည် ဆင်ဝါ၏ရုပ်ကြွင်းများဟုတ်မဟုတ်ဆုံးဖြတ်ရန် DNA စစ်ဆေးမှုများ ပြုလုပ်နေသည်။

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်ဝင်ရောက်ချိန်ကတည်းက ဆင်ဝါကို လိုက်ရှာနေသော်လည်း ဟားမတ်စ်၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသော မြေအောက်ဥမင်လိုဏ်ခေါင်းတွင် ပုန်းအောင်းနေသည်ဟု ယူဆရသည့် သူ့ကို ရှာဖွေရန်မှာ ခက်ခဲသည်ဟု ဆိုကြသည်။

ဓာတ်ပုံ။

ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် ဆင်ဝါ


ဟားမတ်စ်ခေါင်းဆောင်၏ရုပ်အလောင်းကို အစ္စရေးစစ်တပ် ထုတ်ဖော်ပြသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 66 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

BBC သတင်းဌာနသို့ ပါလက်စတိုင်းအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ အစ္စရေးအကျဉ်းထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို အကျဉ်းချုပ် ဘာသာပြန်ဆိုပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 69 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် အစ္စရေးအကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းမှု သတင်းအကျဉ်း အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်တကြီး ထောက်ပြထားကြသည်။ ကိုယ်တွေ့ထွက်ဆိုချက်များ။* ဆာမီ အယ်လ်ဆေးအီ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 90 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏