နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထားဝယ်ခရိုင်ထဲက PDF တပ်ရင်းနဲ့ ပကဖတွေပူးပေါင်းပြီး တပ်ပေါင်းစု ဖွဲ့စည်း

နိုဝင်ဘာလ (၂၅)ရက်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ PDF တပ်ရင်းအချို့နဲ့ မြို့နယ်ပကဖတွေ ‌ပူးပေါင်းကာ ထားဝယ်ခရိုင်တပ်ပေါင်းစုကို ဖွဲ့စည်းခဲ့တယ်လို့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၂)တပ်ရင်းတို့အပါအဝင် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံးနဲ့ ရေဖြူမြို့နယ် ပကဖတို့ ပူးပေါင်းကာ အောက်တိုဘာလ (၂၈)ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

နောက်ပြီး ထားဝယ်ခရိုင်ထဲရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအာလုံးနဲ့ ချိတ်ဆက်ဆောက်ရွက်နိုင်ဖို့အပါအဝင် အမိန့်တခုထဲအောက် ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့၊ စုပေါင်းအားနဲ့ တွန်းလှန်တိုက်ခိုက်ဖို့နဲ့ ဘုံရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်ပေါင်းစုကို ထားဝယ်ခရိုင်ထဲရှိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ Local PDF တွေ၊ ထောက်ပို့အင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် အင်အားစုတွေ၊ သတင်းမီဒီယာကွန်ရက်တွေနဲ့ ပူးပေါင်းဆောက်ရွက်နိုင်ဖို့လို့ ရေးသားထားပါတယ်။

တပ်ပေါင်းစု ဖွဲ့စည်းတာကို သက်ဆိုင်ရာ တပ်ရင်းနဲ့ ပကဖတွေက တပ်ရင်းမှူးနဲ့ တာဝန်ခံတွေက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာထားကာ အပြန်အလှန် ယုံကြည်မှု လေးစားမှုနဲ့ ဖေးမကူညီ‌ထိန်းကျောင်းသွားဖို့ ပြောဆိုထားပါတယ်။

တပ်ပေါင်းစုအနေနဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ခေါင်းဆောင်က အမြင်မှန်ရပြီး စနစ်ပြောင်းမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းမယ်မထင်ဘူးလို့ ဦးရည်မွန်ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 11 Views
စက်တင်ဘာလ (၁၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စနစ်ပြောင်းဖို့  ‌ဆန္ဒရှိမယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေ ငြင်းပယ်မယ်မထင်ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PVTV
နိုင်ငံတကာသတင်း မြန်မာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ကာတာနိုင်ငံတွင်းမှာ အစ္စရေးက ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်မှုအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 13 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၀ရက် အစ္စရေးဟာ”အစည်းအဝေးကိုမီးတိုက်ခြင်း”ဟု အမည်ပေးထားသော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂါနေ့က ကာတာနိုင်ငံမြို့တော်ရှိ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနေသော ဟားမက်စ်ခေါင်းဆောင်ပိုင်းကို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်ခွင့် သားဖြစ်သူတောင်းဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 20 Views
စက်တင်ဘာလ (၁၀)ရက်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာကို စစ်တပ်က သတင်းအမှားလို့ ပြောဆိုတဲ့အတွက် အတည်ပြုနိုင်အောင် ဆက်သွယ်ခွင့်ရဖို့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့မှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ မေမေ နေမကောင်းဘူး”
မြန်မာသတင်း

ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 18 Views
စက်တင်ဘာလ (၁၀)ရက်။ တောင်ကြီးမြို့က အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩဂုတ်လ (၂၅)ရက်နေ့က တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁)က အသက်(၃၆)နှစ်အရွယ် ကိုနေသွေးဆိုသူကို လူမှုကွန်ရက်စာမျက်နှာမှာ
မြန်မာသတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်ဖို့ NUCC နဲ့ NUG တွေ့ဆုံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံတာဟာ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိဖို့ကို ရည်ရွယ်ကြိုးပမ်းသွားမယ့်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 65 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရတဲ့ ပါတီတွေဟာ NDF အပြင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြဖို့ နိုင်ငံအချို့ကို NUG သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 50 Views
စက်တင်ဘာလ (၉)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံအချို့အနေနဲ့ မယုံကြည်ကြဖို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေနဲ့