နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နခခ(၅)တိုက်ပွဲထဲ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ RSO၊ ARSA၊ ARA တပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ AA ထုတ်ပြန်

ဒီဇင်ဘာလ (၁၁)ရက်။

မောင်တော နခခ(၅)တိုက်ပွဲထဲ စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားကို ဖမ်းမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သုံ့ပန်းအနေနဲ့ ဖမ်းမိခဲ့တဲ့အထဲ RSO၊ ARSA၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပါဝင်ကာ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နခခ(၅) ထိုးစစ်ကာလထဲ မှတ်တမ်းနဲ့ သိမ်းဆည်းရမိခဲ့တဲ့ အလောင်းတွေစာရင်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၅၀)ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီစခန်းဟာ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ တစ်လက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့ စခန်းကြီးဖြစ်ကာ တိုက်ပွဲထဲ စစ်ကောင်စီထောင်ထားတဲ့ M14 မိုင်းပေါင်း (၁၀၀၀)ကျော် ရှင်းလင်းရရှိခဲ့ကာ AA ရဲ့ မိုင်းရှင်းတပ်ဖွဲ့ဝင်အချို့ အသက်နဲ့ ကိုယ်လက်အင်္ဂါတို့ ပေးဆပ်ခဲ့ရတယ်လို့ ရေးသားထားပါတယ်။

နခခ(၅)စခန်းဟာ မောင်တောမြို့ မြို့သူကြီးရပ်ကွက်မှာ တည်ရှိကာ အင်အား (၇၀၀)ကျော် တပ်စွဲထားတဲ့ စခန်းကြီးဖြစ်ပြီး ထိုးစစ်ကာလ (၅၅)ရက်အကြာမှာ နခခ(၅)ကို အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

နောက်ပြီး နခခ(၅)ထဲကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရှိတာကြောင့် လိုက်လံရှာဖွေနေပြီး RSO၊ ARSA၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ လာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နခခ(၅)ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ပြင်းထန်တဲ့ ထိုးစစ်တွေထဲ သတ္တိပြောင်မြောက်တဲ့ အာရက္ခစစ်သည်တော်တွေ၊ အသက်၊ ခန္ဓာ ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ မှတ်တမ်တင်ဂုဏ်ပြုတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အဖိနှိပ်ခံဘဝကလွတ်မြောက်ဖို့ ပြည်သူတရပ်လုံးနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်မယ်လို့ PNFC နဲ့ PNLO ပူးတွဲထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 6 Views
ဒီဇင်ဘာလ (၁၁)ရက်။ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေအပါအဝင် ပြည်သူတစ်ရပ်လုံးနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ PNFC နဲ့ PNLO တို့က ဒီကနေ့မှာကျရောက်တဲ့
မြန်မာသတင်း

စစ်ကောင်စီဟာ လူသားရင်းမြစ်လိုအပ်ချက် ကြီးမားနေပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုမိုအတင့်ရဲလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 7 Views
ဒီဇင်ဘာလ (၁၁)ရက်။ အကြမ်းဖက်စစ်ကောင်စီဟာ လူသားရင်းမြစ် လိုအပ်ချက်ကြီးမားနေပြီး စစ်မှုထမ်းဥပဒေကို မတရားအသုံးချကာ နေရာအနှံ့ တပ်သားသစ်တွေ စုဆောင်းနေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
မြန်မာသတင်း

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်က အတိုင်းအတာနဲ့ပဲလို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၁)ရက်။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်က အတိုင်းအတာနဲ့ပဲလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ သတင်းမီဒီယာကောင်စီဝင်တွေ ကတိသစ္စာပြုပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်း နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ်
မြန်မာသတင်း

ရုရှားတက္ကသိုလ်တွေမှာ မြန်မာဘာသာစကား ထည့်သွင်းသင်ကြားနိုင်ဖို့ စစ်ကောင်စီ‌ဆွေးနွေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 6 Views
ဒီဇင်ဘာလ (၁၁)ရက်။ ရုရှားတက္ကသိုလ်တွေမှာ မြန်မာဘာသာစကား ထည့်သွင်းသင်ကြားနိုင်ဖို့ စစ်ကောင်စီက ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နေပြည်တော်မှာ ရုရှားနိုင်ငံ ကာလ်မီးကီယာပြည်နယ်အကြီးအကဲနဲ့ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ဦးဆောင်တဲ့ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ
မြန်မာသတင်း

ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၁)ရက်။ ရွေးကောက်ပွဲကို မဖြစ်မနေ အောင်မြင်‌စွာ ကျင်းပပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူ့အခွင့်အရေးအခမ်းအနားမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်စေဖို့အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့ အလေးထားဆောင်ရွက်နေတယ်လို့
မြန်မာသတင်း

ရုရှား ကာလ်မီးကီယာပြည်နယ်အကြီးအကဲနဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 7 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က နေပြည်တော်မှာ ရုရှားနိုင်ငံ ကာလ်မီးကီယာပြည်နယ်အကြီးအကဲ H.E. Mr. Batu KHASIKOV နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု
မြန်မာသတင်း

တာမွေမြို့နယ် စည်ပင်ရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လမ်းသွားလမ်းလာ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ ည (၇)နာရီခန့်က တာမွေမြို့နယ် စည်ပင်ရုံးအနီး အမှိုက်ပုံမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ အနီးဝန်းကျင်နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ပေါက်ကွဲသံကြားတာက (၆)နာရီ (၅၀)လောက်၊ ဖြစ်တာက စည်ပင်ရုံးနားက အမှိုက်ပုံမှာလို့ပြောနေကြတယ်။
1027 Operations မြန်မာသတင်း

ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတင်လာတဲ့ကား မီးလောင်ပေါက်ကွဲပြီး (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီဇင်ဘာလ (၈)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ကွမ်းလုံ-သိန္နီကားလမ်းပေါ်ရှိ နားတီးဂိတ်မှား ကိုးကန့်တပ်ရဲ့ လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ကား မီးလောင်ပေါက်ကွဲခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေအရ သိရပါတယ်။ “ နားတီးဂိတ်နားမှာ လက်နက်တွေတင်လာတဲ့ ကိုးကန့်တပ်ရဲ့ကား ‌ပေါက်ကွဲတာ။ ပထမတစ်လုံးက