နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

ပြည်ပတပ်များကို ထိုင်းနယ်မြေအတွင်းမှ တွန်းထုတ်ရန် စေ့စပ်ညှိနှိုင်းမှုနှင့် စစ်ရေးအရဖိအားများ လိုအပ်ဟုဆို

+++++++++++++++++++++++++++++

ဒီဇင်ဘာလ (၂၀) ရက်။

“ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က အဆိုပါပြဿနာများကို ဖြေရှင်းမည်ဟု ကတိပြုထားသော်လည်း တိုးတက်မှု မရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝင်ရောက်ရန် လိုအပ်ကြောင်း ထိုင်းတပ်မတော်သတင်းရင်းမြစ်များက ပြောသည်။

“ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ ကိုယ်စားလှယ်များနှင့် ထိုင်းစစ်တပ်မှ တာဝန်ရှိသူများက ကြာသပတေးနေ့တွင် နယ်စပ်ကျူးကျော်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ထိုင်းဘုရင့်တပ်မတော် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

UWSA တပ်ဖွဲ့ဝင် ၅၀ ခန့်သည် မယ်ဟောင်ဆောင်၏ ပိုင် (Pai) ခရိုင်ရှိ ထိုင်းနယ်မြေ တစိတ်တပိုင်းကို ကျူးကျော်ဝင်ရောက်ပြီး အခြေစိုက်စခန်းနှစ်ခုတည်ဆောက်၍ တပ်စွဲထားသည်။

အင်္ဂါနေ့က ဆွေးနွေးမှုတွင် UWSA ကိုယ်စားလှယ်များက အဆိုပါ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကတိပြုထားသော်လည်း နှစ်ဖက်စလုံးတွင် နယ်နိမိတ်မျဉ်းကြောင်း ကွဲလွဲမှုများ ရှိနေကြောင်း ထောက်ပြပြီး နောက်ဆက်တွဲ အစည်းအေဝးကို မသတ်မှတ်မီ ထပ်မံသုံးသပ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့်ပတ်သက်၍ UWSA က တင်းကျပ်သော အစီအမံများ ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပြီး မူးယစ်ဆေးဝါးသည် ၎င်းတို့၏ အဓိက၀င်ငွေအရင်းအမြစ် မဟုတ်တော့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် ရန်ပုံငွေအတွက် ရွှေနှင့် ကျောက်စိမ်းတူးဖော်မှုနှင့် မြေရှားသတ္တုများကို မှီခိုနေရသည်ဟု ဆိုသည်။

UWSA က ပြဿနာနှစ်ရပ်လုံးကို ဖြေရှင်းရန် ကတိပြုမှုမှာ အားတက်စရာ ဖြစ်သော်လည်း အဆိုပါကိစ္စများကို အကောင်အထည်ဖော်ရန် အချိန်လိုအပ်သောကြောင့် ရလဒ်များကို ဆက်လက်စောင့်ကြည့်ရမည်ဟု ထိုင်းစစ်တပ်သတင်းရင်းမြစ်က မှတ်ချက်ပြုသည်။ အကယ်၍ တိုးတက်မှုမရှိပါက ထိုင်းနိုင်ငံအနေဖြင့် ၎င်း၏စိုးရိမ်မှုများကို ထပ်လောင်းပြောကြားရန် လိုအပ်ပြီး နယ်စပ်ဒေသ သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကိုင်တွယ်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝင်ရောက်ဆောင်ရွက်ရမည် ဖြစ်သည်။

UWSA က ၎င်းတို့၏ အဓိက ၀င်ငွေရင်းမြစ်အဖြစ် သတ္တုတူးဖော်ခြင်းနှင့် ပတ်သက်ပြီး တောင်းဆိုချက်နှင့် ပတ်သက်၍ တပ်မတော် သတင်းရင်းမြစ်က အဆိုပါ အချက်အလက်ကို အသိအမှတ်ပြုပြီး နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ သတိထားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ မကြာသေးမီက မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုတွင် “ ဝ” အဖွဲ့ထက် လားဟူမျိုးနွယ်စုများ အဓိက ပါဝင်ကြောင်း အဆိုပါ သတင်းရင်းမြစ်က ထောက်ပြသည်။

UWSA ကို စီးပွားရေးအရ ဖိအားပေးရန် ထိုင်းနယ်စပ်ကို ပိတ်ပါက “ ဝ” နှင့် ကုန်သွယ်မှုပြုသော ထိုင်း ၂၅,၀၀၀ ခန့်သည် ငွေရေးကြေးရေးအရ ဒုက္ခရောက်လိမ့်မည်ဟုလည်း သတင်းရင်းမြစ်က ထောက်ပြသည်။ ထို့ကြောင့် “ ဝ” အဖွဲ့၏ ကတိကဝတ်များ၏ ရလဒ်မှာ မရေရာမသေချာသည့်အပြင် တိကျသော အချိန်ဇယားကိုလည်း ဖော်ပြထားခြင်း မရှိပေ။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာန ညွန်ကြားရေးမှူးချုပ် နိခရွန် ဘာလန်ကူရာ (Nikorndej Balankura) က “ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ နယ်စပ် ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပူးတွဲနယ်စပ်ရေးရာ ကော်မီတီ (Joint Boundary Committee (JBC)) ယန္တရားကို ပြန်အသက်သွင်းပြီး လုပ်ဆောင် ကြဖို့ သဘောတူထားတယ်” ဟု ပြောပါသည်။

ထိုအတောအတွင်း ချင်းမိုင်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များရှိ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အင်္ဂါနေ့တွင် ရှင်းလင်းခဲ့ပြီး ပဋိပက္ခ လက္ခဏာများ မတွေ့ရဘဲ အခြေအနေမှာ ပုံမှန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ရေးလှုပ်ရှားမှုများသည် ပုံမှန်ဖြစ်ပြီး နှစ်စဉ်လေ့ကျင့်ရေးစက်ဝန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ထိုင်းစစ်တပ်က ပြောသည်။ နားလည်မှုလွဲမှားခြင်းမှ ကာကွယ်ရန် တရားဝင်သတင်းအချက်အလတ်များကိုသာ အားကိုးကြရန်လည်း ပြည်သူများအား တိုက်တွန်းထားသည်။

အရှေ့တောင် အာရှလေ့လာရေး အင်စတီကျု၏ လက်ထောက်ညွှန်ကြားရေးမှူး လက်ထောက်ပရော်ဖက်ဆာ ဒူလ်ယာပတ်ပရီးချာရပ်ရှ် (Dulyapak Preecharush) က ထိုင်းနှင့် UWSA တပ်ဖွဲ့များသည် နယ်စပ်ဒေသတွင် ကျန်ရှိနေသေးကြောင်း အစီရင်ခံတင်ပြခဲ့သည်။

ဒွာနောင်းလောင် (Doi Nong Luan) တောင်တန်းကဲ့သို့ UWSA အခြေစိုက်စခန်းအချို့သည် နိုင်ငံတကာနယ်စပ်မှ တစ်ကီလိုမီတာ သို့မဟုတ် နှစ်ကီလိုမီတာခန့်အကွာတွင်ရှိပြီး အများအားဖြင့် ထိုင်းနယ်မြေအတွင်းတွင် ရှိသည်ဟု ဆိုသည်။

ယင်းပြဿနာကို ဖြေရှင်းရာတွင် ပြည်ပတပ်များကို ထိုင်းနယ်မြေအတွင်းမှ တွန်းထုတ်ရန် စေ့စပ်ညှိနှိုင်းမှုနှင့် စစ်ရေးအရဖိအားများ လိုအပ်သည်ဟု ၎င်းက ဆိုသည်။

သတင်းရင်းမြစ်။ ဒီဇင်ဘာလ (၂၀) ရက်နေ့ထုတ် The Nation သတင်းစာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 23 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 26 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 28 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 30 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 30 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့