နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

နောင်ချို သပြေတောင်ဘုရားကုန်း ဗုံးကြဲခံရပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

ဖေဖော်ဝါရီလ (၆)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ နောင်ချို သပြေတောင်ဘုရားကုန်းပေါ်ကို စကစက လေကြောင်းကနေ ဗုံး(၁)လုံး ကြဲချတိုက်ခိုက်သွားတာ။ အဲ့ဒီအချိန် ကြံကားမောင်းလာတဲ့ ပြည်သူတစ်ဦး ထိမှန်တာရှိခဲ့တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကြံကားမောင်းလာဆဲ့ အသက်(၃၀)နှစ်အရွယ် စိုင်းလှဦးဆိုသူ ထိမှန်ခဲ့ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသဖို့ ဒေသခံတွေက ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သပြေတောင်ဘုရားကုန်းပေါ်ရှိ ဓမ္မာရုံအပါအဝင် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းဓါတ်ပုံထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါဂီလ (၂၂)ရက်နေ့ကလဲ စစ်ကောင်စီဟာ နောင်ချိုမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတာကြောင့် ပြည်သူ (၈)ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကာ နေအိမ် (၂)လုံးနဲ့ ရဲစခန်း ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေ လိုက်နာဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးရိုးမတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီခန့်က အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမထဲမှာ အင်အား (၃၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

တော်လှန်ရေးတပ်အချို့ CoC အောက်က နုတ်ထွက်တာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှုမရှိလို့ဟုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆) ရက်။ တော်လှန်ရေးတပ်အချို့ CoC အောက်ကနေ နုတ်ထွက်တာဟာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က လယ်ဒိုမြို့နယ်ရှိ အလှိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလှိုင်ရွာထဲကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)က ၁၂၀မမ
မြန်မာသတင်း

ရေးမြို့နယ်ရှိ စစ်ကောင်စီစစ်ဆရေးဂိတ် တိုက်ခိုက်ခံရပြီး (၅)ဦးထက်မနည်းသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က နံနက် (၆)နာရီအချိန်က ရေးမြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၆)နာရီလောက် သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်က ကွမ်ဒူးနဲ့
မြန်မာသတင်း အရှေ့တောင်အာရှ

လူကုန်ကူးမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ BGF နဲ့ DKBA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 5 Views
ဖေဖော်ဈါရီလ (၆)ရက်။ နိုင်ငံတကာက တိုက်ဖျက်နေတဲ့ လူကုန်ကူးတာနဲ့ ညှင်းပန်းနှိပ်စက်တာတွေကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ BGF နဲ့ DKBA တို့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ DKBA အနေနဲ့ ထိန်းချုပ်နယ်မြေထဲ လူကုန်ကူးခံရသူတွေကို မြန်မာသံရုံးနဲ့အတူ နိုင်ငံတကာသံရုံးတွေက တောင်းခံလာရင်
မြန်မာသတင်း

အမေရိကန်ရောက် မြန်မာတွေ ပြည်နှင်မခံရခင် ပြန်လာဖို့ဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၆)ရက်။ သက်တမ်းကုန်ဆုံးနေတဲ့ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ ပြည်နှင်မခံရခင် ကြိုတင်ထွက်ခွာဖို့ဆိုပြီး ဝါရှင်တန်မြို့ရှိ စစ်ကောင်စီသံရုံးက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ အမေရိကန်ရောက် မြန်မာတွေအနေနဲ့ နေထိုင်ခွင့်ဗီဇာ စတဲ့ တရားဝင်အထောက်အထားတွေ သက်တမ်းကုန်ဆုံးတာနဲ့ ကြုံတွေ့ရပါက အထောက်အထားမဲ့
1027 Operations မြန်မာသတင်း

‌သီပေါမှာ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံ (၄၀)ကျော်ကို ဖမ်းဆီးခဲ့တယ်ဆိုတာ သတင်းအမှားလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စံဖိတ်ကျေးရွာမှာ ဖုန်းအသုံးပြုနေတဲ့ ဒေသခံ (၄၀)ကျော်ကို TNLA တပ်သားတွေက ဖမ်းဆီးသွားတယ်လို့
မြန်မာသတင်း

နေပြည်တော် ကာချုပ်ရုံးမှာတောင် ဆိုလာဓါတ်အားပေးစနစ်သုံးနေရတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၆)ရက်။ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ (၂၀)မဂ္ဂါဝပ်ရှိ ဆိုဘာဓါတ်အားပေးစနစ်ကို ပြီးခဲ့တဲ့ (၂)နှစ်ခန့်ကစပြီး အသုံးပြုနေရတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ မနေ့က MSME ထုတ်ကုန်ပြပွဲကျင်းပနိုင်ဖို့ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကာကွယ်ရေးဦးစီးချုပ်ရုံးထဲ (၂၀)မဂ္ဂါဝပ်ရှိတဲ့