နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

ပွင့်ဖြူမြို့နယ်မှာ အင်အား (၃၀၀)ခန့်ရှိ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကောင်စီဘက်က (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးကျော် ဒဏ်ရာရရှိခဲ့

ဖေဖော်ဝါရီလ (၈)ရက်။

ဖေဖော်ဝါရီလ (၁)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က” ပွင့်ဖြူမြို့မှာ စလင်းအခြေစိုက် တပ်ရင်း(၃)ခု ခလရ(၂၅၃၊ ၂၅၄၊ ၂၅၅)အပါအဝင် ပွင့်ဖြူအခြေစိုက် ဝါတပ်ရယ် ငဖဲအခြေစိုက် ကပစ(၁၄)နဲ့ ပျူစောထီးတွေ ပေါင်းထားတဲ့ အင်အား (၃၀၀)လောက်ရှိတဲ့ ပူးပေါင်းစစ်ကြောင်းကို စောင့်ကြိုပြီး ခြုံခိုတိုက်ခိုက်ခဲ့တာ” လို့ BNRA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က (၁၅)ဦးခန့် အနည်းဆုံးသေဆုံးခဲ့သလို (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ခြုံခိုတိုက်ခိုက်တဲ့ တိုက်ပွဲထဲ အညာညီနောင်ရဲဘော် (၂)ဦး ကျဆုံးခဲ့ကာ စစ်ဆင်ရေးကို မင်းဘူးခရိုင် အမှတ်(၄)တပ်ရင်း၊ ပေါက်/မြိုင်စုဖွဲ့မှု(ပကဖ)၊ Young Force(PKU)၊ Earthquake Defence Force(PKU)၊ Joker ပြောက်ကျားတပ်ဖွဲ့(PKU)နဲ့ မြိုင်ပကဖဒရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၂၈)ရက်နေ့ ည(၈)နာရီအချိန်ကလဲ အညာညီနောင်ရဲ့ ပထမဆုံးအကြိမ် စစ်ဆင်ရေးအနေနဲ့ ပွင့်ဖြူမြို့ရှိ ရေဘုတ်ကလေး ပျူစောထီးရွာကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲထဲ စစ်ကောင်စီနဲ့ ပျူစောထီး အများအပြာ သေဆုံးခဲ့ပြီး ကာဘိုင် (၄)လက်နဲ့ (၁၂)ဗို့တလက် သိမ်းဆည်းရမိခဲ့ကာ အောင်မြင်မှုရရှိခဲ့ပြီး အညာညီနောင်အနေနဲ့သာ သီးသန့်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

နောက်ပြီး မကွေးတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေနဲ့ လက်နက်ကိုင်တွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့လဲ အသိပေးထားပါတယ်။

အလင်းဝင်လိုတဲ့ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီးတွေကို နွေးထွေးစွာ ကြိုဆိုနေပြီး မိသားစုတွေကိုလဲ ကောင်းမွန်စွာ စောင့်ရှောက်ပေးသွားမှာဖြစ်သလို ပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ စစ်ကောင်စီပြုတ်ကျဖို့ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 15 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 16 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 17 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 16 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့
မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 35 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၃)ဦးဟာ စစ်တပ်ရဲ့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 21 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို