နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပါဝင်တာကို တိုးမြှင့်ဖို့ Karenni-IEC ထုတ်ပြန်

မတ်လ (၈)ရက်။

ကဏ္ဍအသီးသီးမှာ အမျိူသမီးတွေ ပါဝင်တာကို တိုးမြှင့်ဖို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ ဂျန်ဒါတန်းတူညီမျှဖို့ကို ဆက်လက်မြှင့်တင်ဖို့ အားလုံးမှာ တာဝန်ရှိပြီး ဒီလို လုပ်ဆောင်နိုင်ဖို့ ယာယီအထူးပြု လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးကောင်စီတွေနဲ့ အဖွဲ့အစည်းတွေက အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကစပြီး အနာဂတ်မှာ ကရင်နီပြည် အမျိုးသမီးတွေအနေနဲ့ ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်တာ ကင်းဝေးတဲ့ လူမှုပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ ပြောဆိုထားပါတယ်။

နောက်ပြီး အနာဂတ်မှာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ၊ သံတွေ၊ အခွင့်အရေးတွေနဲ့ စွမ်းဆောင်ရည်တွေကို မျက်ကွယ်မထားဘဲ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲကြိုးပမ်းမယ်လို့ ဖော်ပြထားပါတယ်။

ခွဲခြားဆက်ဆံမှုနဲ့ ညီမျှမှုမရှိတဲ့ စနစ်တွေအားလုံးကို လျော့ချပြီး အမျိုးသမီးထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မယ့် မူဝါဒနဲ့ အစီအမံတွေကို အကောင်အထည်ဖော်မယ့်အပြင် သာတူညီမျှတဲ့ လူမှုအဖွဲ့အစည်းဖြစ်လာဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသမီးရေး၊ ဂျန်ဒါတန်းတူညီမျှဖို့နဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ကဏ္ဍပေါင်းစုံကနေ ကရင်နီပြည်က အမျိုးသမီးအဖွဲ့တွေအပါအဝင် လူပုဂ္ဂိုလ်တဦးချင်းစီကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

လူမှုဖွံ့ဖြိုးဖို့နဲ့ တန်းတူညီမျှမှုရှိတဲ့ လူမှုပတ်ဝန်းကျင်အတွက် နည်းလမ်းမျိုးစုံနဲ့ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ အားစိုက်ထုတ်တာကို လေးစားဂုဏ်ပြုသလို သူတို့ရဲ့ ဦးဆောင်တာကို ဂုဏ်သိက္ခာကြီးမားတဲ့ သမိုင်းမှတ်တမ်းအနေနဲ့ အသိအမှတ်ပြုဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ (၂၈)ရက်နေ့မှာ ကျင်းပမယ်လို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 18 ရက်
  • 1 Views
ဩဂုတ်လ (၁၈)ရက်။ ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ကျင်းပသွားမယ်ဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး‌/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

မိုးကုတ်မြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 42 Views
ဩဂုတ်လ (၁၇)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်ကောင်စီတပ်က ပေါင် (၂၅၀)ဗုံး (၃)လုံး
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာမှာ KNU စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေ ဝါဒဖြန့်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 32 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၁)ရက်နေ့က စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာမှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက မနေ့က ဝါဒဖြန့်ရေးသားနေကြတယ်လို့ သိရပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်တာထဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ
မြန်မာသတင်း

ပလမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၃)ဦးသေဆုံးပြီး (၄၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပုလော-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 35 Views
ဩဂုတ်လ (၁၇)ရက်။ ပုလောမြို့နယ် ပလမြို့ကို စစ်ကြောင်းထိုးဝင်လာဖို့ ကြိုးပမ်းတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလော-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇူလိုင်လ (၂၄)ရက်ကစပြီး ပလမြို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ဖို့
မြန်မာသတင်း

ငဖဲမြို့တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 23 Views
ဆုတ်ခွာထွက်ပြေးသူတွေကို လိုက်လံချေမှုန်းနေတယ်လို့ AA ထုတ်ပြန် ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၁၄)ရက်နေ့က ငဖဲမြို့ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ(၃၀၀၀)ကျော်အကွာက AA တပ်ဖွဲ့တွေရှိရာကို စစ်‌ကောင်စီတပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံတပ်တွေ ထိုးစစ်ဆင်လာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အိုးဘိုထောင် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်း PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 17 ရက်
  • 27 Views
ဩဂုတ်လ (၁၇)ရက်။ ဩဂုတ်လ (၈)ရက်နေ့က မန္တလေး အိုးဘိုထောင်ကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား စုစုပေါင်း (၂၁)ဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ထဲ သေဆုံးသူတွေမှာ နိုင်ငံရေးအကျဉ်းသား
မြန်မာသတင်း

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 36 Views
ဩဂုတ်လ (၁၅)ရက်။ လာမယ့်ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် စိုးရိမ်စရာမလိုဘူးဆိုပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခု နိုင်ငံရဲ့လုံခြုံရေးအခြေအနေအရ မဲဆန္ဒနယ်တွေ ပိုမိုကျယ်ပြန့်လာနိုင်ပေမယ့် နယ်မြေရှင်းလင်းရေး အောင်မြင်လာတဲ့အတွက်
မြန်မာသတင်း

စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းတက်မယ့် Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို MSRF ဖမ်းမိ

  • 2025 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 28 Views
ဩဂုတ်လ (၁၅)ရက်။ သံဖြူဇရပ်-ရေး အမှတ် (၈)အမြန်လမ်းမှာ Non-CDM ပညာရေးဝန်ထမ်း (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non-CDM ဝန်ထမ်းတွေရဲ့