နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပါဝင်တာကို တိုးမြှင့်ဖို့ Karenni-IEC ထုတ်ပြန်

မတ်လ (၈)ရက်။

ကဏ္ဍအသီးသီးမှာ အမျိူသမီးတွေ ပါဝင်တာကို တိုးမြှင့်ဖို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ ဂျန်ဒါတန်းတူညီမျှဖို့ကို ဆက်လက်မြှင့်တင်ဖို့ အားလုံးမှာ တာဝန်ရှိပြီး ဒီလို လုပ်ဆောင်နိုင်ဖို့ ယာယီအထူးပြု လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးကောင်စီတွေနဲ့ အဖွဲ့အစည်းတွေက အကောင်အထည်ဖော်ဖို့ တိုက်တွန်းထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကစပြီး အနာဂတ်မှာ ကရင်နီပြည် အမျိုးသမီးတွေအနေနဲ့ ခွဲခြားဆက်ဆံတာနဲ့ ဖိနှိပ်တာ ကင်းဝေးတဲ့ လူမှုပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်နိုင်ဖို့ ပြောဆိုထားပါတယ်။

နောက်ပြီး အနာဂတ်မှာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ၊ သံတွေ၊ အခွင့်အရေးတွေနဲ့ စွမ်းဆောင်ရည်တွေကို မျက်ကွယ်မထားဘဲ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ လုပ်ငန်းစဉ်တွေကို သက်ဆိုင်ရာအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲကြိုးပမ်းမယ်လို့ ဖော်ပြထားပါတယ်။

ခွဲခြားဆက်ဆံမှုနဲ့ ညီမျှမှုမရှိတဲ့ စနစ်တွေအားလုံးကို လျော့ချပြီး အမျိုးသမီးထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မယ့် မူဝါဒနဲ့ အစီအမံတွေကို အကောင်အထည်ဖော်မယ့်အပြင် သာတူညီမျှတဲ့ လူမှုအဖွဲ့အစည်းဖြစ်လာဖို့ ကြိုးပမ်းသွားမယ်လို့ ကတိပြုရေးသားထားပါတယ်။

ဒါ့အပြင် အမျိုးသမီးရေး၊ ဂျန်ဒါတန်းတူညီမျှဖို့နဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ကဏ္ဍပေါင်းစုံကနေ ကရင်နီပြည်က အမျိုးသမီးအဖွဲ့တွေအပါအဝင် လူပုဂ္ဂိုလ်တဦးချင်းစီကို မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ပြောဆိုထားပါတယ်။

လူမှုဖွံ့ဖြိုးဖို့နဲ့ တန်းတူညီမျှမှုရှိတဲ့ လူမှုပတ်ဝန်းကျင်အတွက် နည်းလမ်းမျိုးစုံနဲ့ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ အားစိုက်ထုတ်တာကို လေးစားဂုဏ်ပြုသလို သူတို့ရဲ့ ဦးဆောင်တာကို ဂုဏ်သိက္ခာကြီးမားတဲ့ သမိုင်းမှတ်တမ်းအနေနဲ့ အသိအမှတ်ပြုဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးတဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရ

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 11 Views
မေလ (၁)ရက်။ ဧပြီလ (၂၄)ရက်နေ့က လယ်ဒိုမြို့ရှိ လယ်မူသောရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူပြော

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 26 Views
မေလ (၁)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းတာက လွှတ်ပေးတာမဟုတ်ဘူးလို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောဆိုထားတယ်လို့ သိရပါတယ်။ “ သူမကို
မြန်မာသတင်း

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ကြောင်း စစ်ကောင်စီ ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁ရက် ရိုက်တာသတင်းဌာန —ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသည် စစ်တပ်က သူမဦးဆောင်သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုဗယ်လ်ဆုရှင်အား ထောင်သွင်း
မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 31 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြိုမှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီကို နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာ။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အပါအဝင် လူသားစာနာမှုနဲ့ နိုင်ငံတည်ဆောက်ရေးမှာ ပါဝင်စေဖို့ဆိုပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (၁၅၀၈)ဦးကို လွတ်ငြိမ်းခွင့်ပေးတာလို့
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 25 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 32 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 28 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout