မတ်လ (၁၆)ရက်။
ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ နောင်ချိုက စာသင်တိုက်ကို စကစက ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး ကြဲချပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ လူထိခိုက်တာတွေရှိပေမယ့် အသေးစိတ်ကို ထပ်မံထုတ်ပြန်သွားပါမယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး ကြဲချခဲ့ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူအများအပြား ထိခိုက်တာတွေရှိခဲ့ပြီး နေအိမ်နဲ့ ကျောင်းဆောင် အများအပြား ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူထိခိုက်တာတွေ ရှိခဲ့တယ်လို့ ကနဦးထုတ်ပြန်ထားပေမယ့် အသေးစိတ်အခြေအနေကိုတော့ ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

