နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မကြာမီ ပြည်သူတွေအားလုံး အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG ပြော

မတ်လ (၂၇)ရက်။

မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၈၀)နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG အနေနဲ့ အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့ အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခု ခေတ်သစ်ဖက်ဆစ်မိစ္ဆာ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်နေကြတဲ့ ပြည်သူ့နွေ‌ဦးတော်လှန်ရေးမှာလဲ တိုင်းရင်းသားပြည်သူတွေ အားလုံးအကြား ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

နောက်ပြီး အသစ်ပြန်လည်တည်ဆောက်မယ့် ဖက်ဒရယ်တပ်မတော်ကို ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည်သူကို အလေးထားကာကွယ်ပေးတဲ့ ပြည်သူ့တရပ်အနေနဲ့ ထူထောင်နိုင်ဖို့ NUG က သဝဏ်လွှာမှာ ဆန္ဒပြုပြောဆိုထားပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် ပြည်တွင်း ပြည်ပ ဖက်ဆစ်မိစ္ဆာတွေကို ရရာနည်းလမ်းနဲ့ တော်လှန်တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးဖြစ်စဉ်တွေထဲ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံတာကို လေးစားဦးညွှတ်တယ်လို့ ‌ထည့်သွင်းရေးသားထားပါတယ်။

အခုအခါ အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မအာဏာလုယူတာကြောင့် ပြည်သူကို ကာကွယ်ရမယ့် စစ်တပ်ကနေ ရန်ပြုခြိမ်းခြောက်ဖျက်ဆီးနေတဲ့ ဖက်ဆစ်စစ်တပ်အနေနဲ့ ကူးပြောင်းလာတာကြောင့် တော်လှန်တိုက်ခိုက်နေတဲ့ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ပြည်သူ(၁)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 36 Views
နိုဝင်ဘာလ (၂၇)ရက်။ နိုဝင်ဘာလ (၂၂)ရက်နေ့က လယ်ဒိုမြို့မှာ စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် အရပ်သားအမျိုးသားတဦး သေဆုံးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ဓနုပြည်သူတွေ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ DPLF/DPLA တိုက်တွန်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 42 Views
နိုဝင်ဘာလ (၂၇)ရက်။ ဓနုပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကော်မရှင် သက်ဆိုးရှည်စေမယ့် ဘယ်လိုကိစ္စမဆို ရှောင်ရှားဖို့ ဒီကနေ့မှာကျရောက်တဲ့ ဓနုအမျိုးသားနေ့မှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA)က တိုက်တွန်းထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ လွတ်ငြိမ်းမိန့်နဲ့ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လွတ်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 36 Views
နိုဝင်ဘာလ (၂၇)ရက်။ ဒီကနေ့ အင်းစိန်ထောင်ကနေ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ “ အသက်(၉၀)အထိ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ အတူတူအလုပ်လုပ်ဖို့ အားတင်းထားတယ်။ ကျန်းမာရေးကောင်းအောင် နေထိုင်ခဲ့တယ်” လို့ သူက အင်းစိန်ထောင်ရှေ့မှာ သတင်းမီဒီယာတွေကို
မြန်မာသတင်း

၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတွေကို လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 44 Views
နိုဝင်ဘာလ (၂၆)ရက်။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းချခံရသူတွေ၊ ကြားနာဆဲသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာဟာ စစ်တပ်က မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊
မြန်မာသတင်း

ရန်ကုန် အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ် ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 34 Views
နိုဝင်ဘာလ (၂၆)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်က ရန်ကုန်ရှိ အင်းစိန်ထောင်အနီး တကိုယ်တော်ဆန္ဒပြတဲ့ လူငယ်တဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ အဲ့ဒီကောင်လေးက အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်နားမှာ တကိုယ်တော်ဆန္ဒပြတာ။ အဲ့ဒါကို
မြန်မာသတင်း

DKBA အောက် လည်ပတ်နေတဲ့ ဖလူးဒေသက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းနိုင်အောင် နိုင်ငံတကာက ပူးပေါင်းပါဝင်ဖို့ KNU တောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 46 Views
ဖလူးဒေသတိုက်ပွဲထဲ DKBA တပ်ဖွဲ့ဝင် (၂၃၀)ကျော် လက်နက်ချပြီး အခြေချစခန်းကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆို နိုဝင်ဘာလ (၂၆)ရက်။ အောက်တိုဘာလ (၂၁)ရက်နေ့က မြဝတီတောင်ဘက် ဖလူးဒေသတိုက်ပွဲထဲ DKBA ရဲ့ ဗိုလ်မှူးကြီး နိုင်လွင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ဘက်ကနေ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေလို့ NUG ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 62 Views
နိုဝင်ဘာလ (၂၆)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်းအပါအဝင် (၆)ဦးကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG က အကြမ်းဖက်သမားတွေအနေနဲ့ သတ်မှတ်သူတွေဟာ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင်
မြန်မာသတင်း

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) က အင်္ဂါနေ့တွင် ဥရောပ ဦးဆောင်သော ကိယက်ဗ် (Kyiv) အတွက် လုံခြုံရေး အာမခံချက်များတွင် အမေရိကန်ပြည်ထောင်စု ပါဝင်လာမည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ကမ္ဘာ့ခေါင်းဆောင်များ ပါဝင်သော “စေတနာ့ဝန်ထမ်းညွန့်ပေါင်းအဖွဲ့” (Coalition of the Willing) အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ပြီးနောက်