Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ကြောင့် ဒေသ (၄)ခုမှာ နေအိမ်ပေါင်း (၃၀၀၀၀)နီးပါး ပျက်စီးခဲ့တယ်လို့ NUG ထုတ်ပြန်

ဧပြီလ (၇)ရက်။

မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတို့က ထိခိုက်ဆုံးရှုံးခဲ့တဲ့ အခြေအနေကို NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်ထဲ အင်အားပြင်း မြေငလျင်ကြောင့် နေအိမ်စုစုပေါင်း (၂၈၄၄၇)ခု ထိခိုက်ပျက်စီးခဲ့ကာ မန္တလေးမှာ နေအိမ် (၁၇၆၃၇)နဲ့ အများဆုံးဖြစ်ပြီး နေပြည်တော်မှာ (၅၆၀၀)နဲ့ ဒုတိယအများဆုံးလို့ ဆိုပါတယ်။

ငလျင်ကြောင့် မန္တလေးမှာ သေဆုံးသူ (၁၈၀၈)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၆၅၄)ဦးနဲ့ ပျောက်ဆုံးသူ (၂၀၅)ဦးရှိကာ စစ်ကိုင်းမှာ (၆၉၃)ဦးသေဆုံးပြီး ဒဏ်ရာရသူ (၈၇၀)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့တဲ့ အဲ့ဒီဒေသ (၄)ခုမှာ ဘေးသင့်သူဦးရေ စုစုပေါင်း (၂၃)သန်းကျော်ရှိကာ စာသင်ကျောင်းပေါင်း (၄၀၀)ကျော်၊ အဆောက်အအုံ (၅၀၀၀)နီးပါးနဲ့ ဘာသာရေးအဆောက်အအုံ (၄၀၀၀)နီးပါး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG အနေနဲ့ မန္တလေးတိုင်းထဲက စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်သင့် အိမ်ထောင်စုတွေကို တအိမ်ထောင် ငွေကျပ်(၃)သိန်းစီ ထောက်ပံ့ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် အခုအချိန်အထိ သေဆုံးသူအရေအတွက်ဟာ (၄၀၀၀)နီးပါးအထိရှိလာပြီလို့လဲ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အခုနှစ် (၅)လထဲ စစ်ကောင်စီတပ်က ပြည်သူ (၂၉၀၀)နီးပါးအထိ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 14 Views
ဇူလိုင်လ (၁၂)ရက်။ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ စစ်ကောင်စီတပ်က ပြည်သူ (၂၈၇၆)ဦးကို ဖမ်းဆီးခဲ့တယ်လို့ Spring Revolution Database
မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 9 Views
ဇူလိုင်လ (၁၂)ရက်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNP က ပြီးခဲ့တဲ့
မြန်မာသတင်း

တိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့ရှိ ကျေးရွာ (၇)ရွာက ပြည်သူ (၁၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 7 Views
ဇူလိုင်လ (၁၂)ရက်။ ပြီးခဲ့တဲ့ ဇွန်လ (၁၇)ရက်နေ့ကစပြီး စစ်ကိုင်းမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေကြောင့် စစ်ကိုင်းမြို့နယ်ထဲရှိ ကျေးရွာ (၇)ရွာက ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ရွေးကောက်ပွဲကိစ္စ ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးရုံး အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 19 Views
ဇူလိုင်လ (၁၂)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို အဝေးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပက ကြံ့ဖွတ်ရုံးမှာ ရွေးကောက်ပွဲကိစ္စတွေ လုပ်နေတာကြောင့် အဝေးပစ်လောင်ချာ
မြန်မာသတင်း

ဇွန်လထဲ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇၀)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 27 Views
ဇူလိုက်လ (၁၁)ရက်။ ပြီးခဲ့တဲ့ ဇွန်လထဲ စစ်ကောင်စီဘက်က လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံရသူ (၂၇၀)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအထဲ အလင်းဝင်လာသူ (၁၁၁)ဦးရှိခဲ့ပြီး တနင်္သာရီ၊ မွန်၊ ရန်ကုန်၊ မကွေး၊
မြန်မာသတင်း

(၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီ လေကြောင်းနဲ့ (၇)ကြိမ် ဗုံးကြဲ၊

  • 2025 ခုနှစ်၊ ဇူလိုင်လ 12 ရက်
  • 19 Views
ကလေးငယ်အပါအဝင် ပြည်သူ (၆)ဦးသေဆုံးပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ဇူလိုင်လ (၁၁)ရက်။ အခု (၂)ပတ်တာထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့ကို စစ်ကောင်စီက လေကြောင်းကနေ (၇)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ
မြန်မာသတင်း

ဝက်လက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 36 Views
ဇူလိုက်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ဝက်လက်မြို့အရှေ့ခြမ်းရှိ ရေလည်မော်ရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ‌မြေပြင်သတင်းတပ်ဖွဲ့တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း ရေလည်မော်ရွာထဲကို စကစက တံတားဦး‌တက်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၁၀၀)ဗုံးသီး (၆)လုံးကြဲတာ။
မြန်မာသတင်း

စစ်ကိုင်း လင်းတလူးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ စစ်ရှောင်ပြည်သူ (၃၀)ဦးထက်မနည်းသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 11 ရက်
  • 79 Views
ဇူလိုင် (၁၁)ရက်။ ဒီကနေ့ နံနက် (၁)နာရီကျော်ဝန်းကျင်ခန့်က စစ်ကိုင်းမြို့မြောက်ခြမ်းရှိ လင်းတလူးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စစ်ကိုင်းမြောက်ခြမ်း လင်းတလူးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ