နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

1027 Operations

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

ဧပြီလ (၂၂)ရက်။

ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

“ နံနက် (၉)နာရီလောက်ကစပြီး စကစယာဉ်တန်းပေါ့ ကားကြီး၊ ကားသေး (၇၅)စီးကျော် ဝင်ရောက်လာတာ။ အဲ့ဒီကားတွေမှာ ရိက္ခာတွေကော လူတွေကောပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းဟာ မိုင်းရယ်ကနေ လားရှိုးမြို့ထဲကို ဝင်ရောက်လာတာဖြစ်ပြီး အဲ့ဒီယာဉ်တန်းတွေမှာ စားနပ်ရိက္ခာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတာကို တွေ့ရတယ်လို့ သိရပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်လာနေတာပါ။

နောက်ပြီး စစ်ကောင်စီ လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်ချိန်မှာ ကိုးကန့်တပ်နဲ့ “ ဝ” တပ်တို့က လုံခြုံရေးယူပေးရပြီး တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်း ပါဝင်တဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့လဲ လားရှိုးကို ရောက်ရှိနေပါတယ်။

“ အခု သတင်းထွက်နေတာက မန္တလေးကနေ မူဆယ်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆုတ်ပေးဖို့ပေါ့၊ အဲ့ဒီထဲမှာ TNLA ကိုလဲ “ ဝ” တပ်က ထိန်းပေးဖို့ဆိုပြီးပါတယ်။ ဒီလားရှိုးဝန်းကျင်မှာ စစ်ရေးမဖော်ဆောင်နိုင်ဖို့ ကိုးကန့်နဲ့ “ ဝ” ကို လုံခြုံရေးယူခိုင်းထားသေးတယ်” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

အခုအခါ မန္တလေး-မူဆယ်လမ်းပိုင်းမှာ ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ပြန်ဆုတ်ပေးဖို့ဆိုပြီး TNLA ကို ဖိအားပေးလာတာတွေ ရှိနေသလို ကွတ်ခိုင်၊ သီပေါ၊ သိန္နီ၊ ကျောက်မဲနဲ့ နောင်ချိုတို့ကနေ ပြန်ဆုတ်ဖို့ ပြောဆိုထားပါသေးတယ်။

တရုတ်ရဲ့ဖိအားကြောင့် စစ်ကောင်စီလက်ထဲ လားရှိုးမြို့ကို ပြန်လည်လွှဲပြောင်းပေးရတဲ့အခြေအနေမှာ တရုတ်ဘက်ကတော့ မြန်မာအရေး ကြားဝင်ဆောင်ရွက်တာ မရှိဘူးဆိုပြီး မနေ့က ငြင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်တဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ခုနှစ် ဩဂုတ်လထဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲပြီးနောက် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်ပါ့မလား?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 31 Views
အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၃၀) ရွေးကောက်ပွဲကိုလူထုကစိတ်ဝင်စားမှုမရှိတာ၊ ရွေးကောက်ပွဲကလွတ်လပ်မျှတမှုမရှိတာ၊ လွတ်လပ်စွာစည်းရုံးလှုံဆော်ခွင့်မရတာ၊ ကြံခိုင်ရေးပါတီအနိုင်ရအောင် ပုံစံချလုပ်ထား တာတွေ နောက်မှာပြုလုပ်တဲ့ရွေကောက်ပွဲအတုအယောင်ကနေ ဒီမိုကရေစီအစိုးရ တရပ်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ပစ်ခတ်တွေကြောင့် ပြည်သူ (၁၀၀၀)ကျော် တိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 29 Views
ဇန်နဝါရီလ (၁၇)ရက်။ ဇန်နဝါရီလ (၁၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆားလင်းကြီးနယ် ဝမ်ပေါင်ယန်စီကုမ္ပဏီအနီးက ‌ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်‌ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက
မြန်မာသတင်း

(၄)လတာတိုက်ပွဲထဲ CDF-KKG ရဲဘော် (၁၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 29 Views
ဇန်နဝါရီလ (၁၇)ရက်။ ၂၀၂၅ခုနှစ် အောက်တိုဘာလကနေ အခုနှစ် ဇန်နဝါရီလအထိ တိုက်ပွဲတွေမှာ ရဲဘော် (၁၂)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲတွေထဲ ကျဆုံးခဲ့သူတွေဟာ CDF-KKG တပ်ရင်း(၁)က တပ်စုမှူးနဲ့
မြန်မာသတင်း

မြစ်ဆုံဆည်က လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 28 Views
ဇန်နဝါရီလ (၁၇)ရက်။ မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းက လုံးဝ မလုပ်သင့်တဲ့ စီမံကိန်းလို့ မြန်မာဘူမိသိပ္ပံပညာရှင်များက မနေ့က သဘောထားထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘူမိသိပ္ပံပညာရှင်တွေက သဘောထားထုတ်ပြန်တာမှာ မြစ်ဆုံဆည်ဆောက်လုပ်ဖို့ လုံးဝမသင့်တော်တာကို အချက် (၈)ချက်နဲ့ အကြံပြုထားပါတယ်။ အဲ့ဒီအချက်တွေထဲ မြစ်ဆုံဒေသဟာ
မြန်မာသတင်း

စစ်ကိုင်းမြို့အနီး စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို PDF တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 21 Views
ဇန်နဝါရီလ (၁၆)ရက်။ မနေ့က ညပိုင်းအချိန်က စစ်ကိုင်းမြို့အနီးရှိ စစ်တပ်ရဲ့ ကံတလူတိုးဂိတ်ကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကိုင်းမြို့အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စကမတပ်သားတွေ တပ်စွဲထားတဲ့
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 39 Views
ချောင်းဦးမြို့ပေါ်ရှိ မဲရုံနဲ့ စစ်တပ်နေရာတွေ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၆)ရက်။ ဇန်နဝါရီလ (၁၀)ရက်နဲ့ (၁၁)ရက်တို့မှာ ချောင်းဦးမြို့ပေါ်ရှိ မဲရုံတည်နေရာနဲ့ စစ်တပ်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျနော်တို့ BLDF
မြန်မာသတင်း

ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင်တဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်ဆီးဖို့ကြိုးစားချိန် တိုက်နယ်ပကဖက ကယ်ထုတ်ခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 37 Views
ဇန်နဝါရီလ (၁၆)ရက်။ ယောဒေသစစ်ဆင်ရေးမှာ ပါဝင်ထမ်းဆောင်နေတဲ့ ဂန့်ဂေါမြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဂန့်ဂေါနယ်တောင်ပိုင်းတိုက်နယ်ပကဖထံက သိရပါတယ်။ “ ဖြစ်စဉ်က ဒီလ (၆)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်မှာ မြို့နယ်ပကဖအဖွဲ့ဝင် ဦးထွန်းက ယောဒေသစစ်ဆင်ရေးတာဝန်နဲ့
မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 41 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး အမျိုးသားရည်မှန်းချက် (၂)ရပ်အနေနဲ့ ဆောင်ရွက်နေသလို တိုင်းရင်းသားတွေရဲ့