နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဥရောပ

‘ဘုရားကျောင်းဟာ ပြောင်းလဲသွားပြီ’

နောက်တက်လာမယ့်ပုပ်ရဟန်းမင်းကြီးက အမျိုးသမီးများကို ဘုန်းကြီးဝတ်ခွင့်ပြုမှာလား။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (Francis) သည် ဗာတီကန်တွင် အရေးပါသောရာထူးများတွင် အမျိုးသမီးများကို ခန့်အပ်ခဲ့သည်။ သူ့ကို ဆက်ခံသူသည် အမျိုးသမီးများအား သင်းထောက်ဆရာများနှင့် ဘုန်းတော်ကြီးများအဖြစ် ခွင့်ပြုရန် စဥ်းစားမည်လား။

ရောမ၊ အီတလီ

၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ရွေးကောက် တင်မြှောက်ခံရသောအခါ ရိုမန်ကက်သလစ်ချာ့ချ်အတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍကို ချဲ့ထွင်ရန် ကျယ်လောင်သော တောင်းဆိုမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အတိုင်းအတာတစ်ခုအထိတော့ သူက လုပ်ပေးခဲ့တယ်။ ဖရန့်စစ်သည် အမျိုးသမီးများအတွက် အဓိက အစည်းအဝေးများကို ဖွင့်လှစ်ပေးခဲ့သည်။ အသင်းတော်၏ အင်အားကြီး ဗဟိုဗျူရိုကရေစီအတွင်း အကြီးတန်း အခန်းကဏ္ဍနေရာများတွင် အမျိုးသမီးများအား ခန့်ထားခဲ့သည်။ ဗာတီကန်နန်းတော်၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင်ကို ခန့်အပ်ခဲ့သည်။ ယင်းအချက်သည် နက်ရှိုင်းစွာ ရှေးရိုးဆန်သော အဖွဲ့အစည်းတစ်ခုအတွက် ကြီးမားသော ခြေလှမ်းများဖြစ်သည်။ သို့သော် အခြားများစွာသောအကြောင်းအရာများအတွက် ဖရန့်စစ်၏လှုပ်ရှားမှုများသည် ဘုရားကျောင်းတွင် အမှန်တကယ် ပါဝင်နိုင်စေရန် လိုအပ်သောအချက်ကို ပေးအပ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ယခု ဧပြီလ ၂၁ ရက်နေ့တွင် သူကွယ်လွန်ပြီးနောက် ခေါင်းဆောင်သစ်ရွေးချယ်ရန် မဲပေးခြင်း လုပ်ငန်းစဉ် မစတင်မီ ကာဒီနယ်များ နေ့စဉ်အစည်းအဝေးများ ကျင်းပနေကြသောကြောင့် ခရစ်ယာန်ဘုရားကျောင်းများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍသည် ကွဲလွဲနေသော ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

ဗာတီကန်ရှိ ကာဒီနယ်များက နောက်ဆုံးတွင် ၎င်းတို့၏ အစည်းအဝေးခန်းမမှ ထွက်လာသောအခါ ဖရန်စစ်၏ အပြောင်းအလဲများကို ဆက်လက်သယ်ပိုးမည့် ပုပ်ရဟန်းမင်းကြီးကို ရွေးချယ်ကြမည်လော သို့မဟုတ် ၎င်းတို့ကို နောက်ပြန်လှည့်နိုင်သည့် တစ်စုံတစ်ဦးကို ရွေးချယ်ကြမည်လား မသိနိုင်ပေ။

“အမျိုးသမီးတွေက အသက်ကို အောင့်ထားကြတယ်” ဟု ဘုရားကျောင်း အဖွဲ့အစည်းများအတွင်း အမျိုးသမီးများ၏ အခွင့်အရေးများကို အာရုံစိုက်သည့် အကျိုးအမြတ်မယူသည့် Women’s Ordination Conference ၏ အမှုဆောင်ဒါရိုက်တာ ကိတ်မက် အယ်ဝီး (Kate McElwee) က ပြောကြားခဲ့သည်။ “နောက်ထပ် ပုပ်ရဟန်းမင်းကြီးက တိုးတက်မှုအပေါ် နောက်ပြန်ဆုတ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်တချို့ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ [အမျိုးသမီးများ] ပါဝင်မှု စီမံချက်ကို ဆက်လုပ်ဖို့ ဆန္ဒရှိနေလို့ပါပဲ။”

မပြည့်စုံသော စီမံချက်

ဘုရားကျောင်းရှိ အမျိုးသမီးများနှင့် ပတ်သက်လာလျှင် ဖရန့်စစ်၏ အမွေအနှစ်သည် အငြင်းခုံလုပ်နေဆဲသာ ရှိသေးသည်။

သူသည် Synod of Bishops (ကက်သလစ်ဘုရားကျောင်းတွင် Synod of Bishops သည် ပုပ်ရဟန်းမင်းအတွက် ဩဇာကြီးမားသော၊ ကမ္ဘာလုံးဆိုင်ရာ၊ အတိုင်ပင်ခံနှင့် အကြံပေးအဖွဲ့ဖြစ်သည်) တွင် ဘုရားကျောင်းနှင့်ပတ်သက်သည့် ပြဿနာများကို အမျိုးသမီးများ မဲပေးပိုင်ခွင့်ကို ပေးခဲ့သည်။ ဗာတီကန်ပြတိုက်၏ ဒါရိုက်တာအဖြစ် ဘာဘရာဂျာတာ (Barbara Jata) အပါအဝင် ထိပ်တန်းရာထူးများတွင် အမျိုးသမီး တစ်ဒါဇင်ခန့် အမတော် ရာဖယ်လာ ပက်ရီနီ (Sister Raffaella Petrini) နှင့် သြဇာကြီးမားသော ဗာတီကန်မြို့တော် (Vatican City State) ၏ ဥက္ကဋ္ဌအဖြစ် အမတော် ဆိုင်မွန်နာ ဘရမ်ဘီလာ (Sister Simona Brambilla) တို့ကို ဗာတီကန်ရုံး၏ ပထမဆုံး အမျိုးသမီး စီရင်စုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။

ယေဘူယျအားဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ လက်ထက်တွင် ဘုရားကျောင်း၏ ဝန်ထမ်းအင်အားတွင် အမျိုးသမီးများ ပါဝင်မှုသည် ၁၉ ရာခိုင်နှုန်းမှ ၂၃.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဗာတီကန်ကိန်း ဂဏန်းများအရ သိရသည်။

“ဒါပေမယ့် တချို့အတွက်တော့ ဒါတွေဟာ အပေါ်ယံပြောင်းလဲမှုတွေ ချည်းပါပဲ” ဟု ဆိုသည်။ ပုပ်ရဟန်းမင်းသည် အထူးသဖြင့် အမျိုးသမီးများကို ရဟန်းဘောင်တက်ခွင့် သို့မဟုတ် ဘုန်းကြီးဝတ်ခွင့်အတွက် သဘောထားကွဲလွဲမှုပြဿနာကို ရှေ့မဆက်ခဲ့ပေ။

ကက်သလစ်ဘုရားကျောင်းတွင် အမျိုးသမီး သင်းထောက်ဝတ်ပြုဆရာတစ်ဦး၏ အခန်းကဏ္ဍသည် လူအစုလိုက်အပြုံလိုက်ကို နှစ်ခြင်းခံယူစေရာတွင် အထောက်အကူပေးခြင်းကဲ့သို့သော ဘာသာရေးဆိုင်ရာ လုပ်ငန်းဆောင်တာအချို့တွင် ပါဝင်သော်လည်း ဝတ်ပြုဆုတောင်းမှုအများစုကို ထမ်းဆောင်ခွင့် မပြုပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခရစ်ယာန်ဘုရားရှိခိုးကျောင်အတွင်း အမျိုးသမီးများအား သာသနာတော်၏ အစောပိုင်း ရာစုနှစ်များအတွင်း ထိုသို့လုပ်ဆောင်ခဲ့ပါက အမျိုးသမီးများ သင်းထောက် (deacons) များအဖြစ် အမှုထမ်းဆောင်နိုင်ခြင်း ရှိမရှိ သုံးသပ်ရန် ၂၀၁၆ ခုနှစ်တွင် ပထမနှင့် ၂၀၂၀ ခုနှစ်တွင် ဒုတိယအကြိမ် ကော်မရှင်နှစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ပထမအဖွဲ့မှ ထုတ်ဝေသော အစီရင်ခံစာကို ကော်မရှင်က သဘောမတူနိုင်သဖြင့် ဒုတိယအဖွဲ့သည် ၎င်း၏လုပ်ငန်းကို ဘယ်သောအခါမှ နိဂုံးချုပ်နိုင်ခြင်းမရှိသည့်အတွက် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

၂၀၂၄ ခုနှစ်တွင် အမေရိကန် ရုပ်သံလွှင့်ဌာန CBS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အမျိုးသမီးများကို သင်းထောက်များ ခန့်အပ်ရန် “လုံးဝ” မရှိကြောင်း ကြေညာခဲ့သည်။ သို့သော် လအနည်းငယ်အကြာတွင် သူသည် (synod) ရဟန်းများအစုအဝေးသင်္ဂါယနာတစ်ခု၏ နောက်ဆုံးစာတမ်းကို လက်မှတ်ရေး ထိုးခဲ့ပြီး အဆိုပါပြဿနာသည် “ဆက်လက်ဖြေဆိုရမည့်မေးခွန်း” ဖြစ်သင့်သည်ဟု ဆိုခဲ့သည်။

“သူက တံခါးကို သော့ဖွင့်ပေးထားသလို ခံစားရပေမယ့် အပြည့်အဝတော့ မဖွင့်ထားဘူး” ဟု မက်အယ်ဝီး(McElwee) က ဆိုသည်။

အမျိုးသမီးများ ဘုန်းကြီးဖြစ်ခွင့်အတွက် ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ် ၂ ( John Paul II) သည် ၁၉၉၄ ခုနှစ်တွင် တားမြစ်ချက်ကိုထုတ်ပြန်ခဲ့ပြီး ထိုအချက်ကိုနောက်ပိုင်းအစည်းအဝေးများ တွင် အကြိမ်ကြိမ် ထပ်မံအတည်ပြုခဲ့သည်။

ယောက်ျားများသာကြီးစိုးသောအသင်း

အသင်းတော်၏ကံကြမ္မာကို ဆွေးနွေးနေကြသည့် အမျိုးသားအားလုံး၏ အဖွဲ့ဝင်များသည် ဘုရားကျောင်း၏ ကံကြမ္မာကို ဆွေးနွေးနေကြစဉ် ကိုယ်စားပြုမှု နည်းပါးနေကြောင်းပြသနေသည်။

ရောမမြို့ရှိ အကြိုစည်းဝေးပွဲ များတွင် ဂိုဏ်းချုပ်ကာဒီနယ်များသည် ခရစ်ယာန်ဘုရားကျောင်း၏ လိင်နှင့်ဘဏ္ဍာရေး အရှုပ်တော်ပုံများမှ တရုတ်နှင့် ဆက်နွယ်သည့်ကမ္ဘာပေါ်တွင် ယုံကြည်မှုနှင့် ပြဿနာများကို အဓိက ဦးစားပေးကိစ္စရပ်များအဖြစ် သတ်မှတ်ကာ ကာဒီနယ်များက ၎င်းတို့ယုံကြည်သည်များကို ဆွေးနွေးခဲ့ကြသည်။

ယခုအပတ် Sistine ကျောင်းတော်အတွင်းရှိ ပုပ်ရဟန်းမင်းကြီးသစ်အတွက် မဲပေးမည့် ကာဒီနယ်အများစုကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ခန့်အပ်ခဲ့ပြီး လူမှုရေးတရားမျှတမှု၊ ရွှေ့ပြောင်းနေထိုင်မှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် ကဏ္ဍပေါင်းစုံနှင့် လိုက်လျောညီထွေ ရှိနေခဲ့သည်။ သို့သော်လည်း ဘုရားကျောင်းရှိ အမျိုးသမီးများအပေါ် ၎င်းတို့၏ ရပ်တည်ချက်များကို ရှင်းရှင်းလင်းလင်း မဖော်ပြထားဟု လေ့လာသူများက ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း (Stockholm) ၏ဘုန်းတော်ကြီး ကာဒီနယ် အင်ဒရေးစ် အာ‌ဘော်လီယပ် (Cardinal Anders Arborelius) က အမျိုးသမီးများသည် အသင်းတော်အား “ခန့်အပ်ခံဘုန်းတော်ကြီး” အဖြစ်ထက် အမှုထမ်းဆောင်ရန် အခြားနည်းလမ်းများရှိကြောင်း သိမြင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းနှင့် နီးစပ်သော အီတလီ ကာဒီနယ်တစ်ဦးဖြစ်သည့် ဘန်နီအာမီနို စတယ်လာ (Beniamino Stella) သည် ယခုသီတင်းပတ်အတွင်း ကျင်းပသည့် မိန့်ခွန်းတွင် ဖရန့်စစ်သည် ဘုရားကျောင်းအတွင်း “မငြိမ်မသက်မှု” ကို ဖန်တီးခဲ့သည်ဟု ဖရန့်စစ်ကို စွပ်စွဲခြင်းဖြင့် ဗာတီကန်ရုံးများကို အုပ်ချုပ်ရေးတွင် ခရစ်ယာန်ဓမ္မဆရာများ မဟုတ်သည့် အမျိုးသားနှင့် အမျိုးသမီးများအား ဖွင့်လှစ်ခန့်အပ်ပေးခြင်းကို ပစ်တင်ခဲ့သဖြင့် ဘုန်းတော်ကြီးအများကို အံ့အားသင့်စေခဲ့သည်။

ပြင်သစ်နိုင်ငံ မာဆေးလ်မြို့မှ ဗာတီကန်သို့ ရောက်ရှိလာပြီးပုပ်ရဟန်းမင်း၏ ရွေးကောက်ပွဲကို စောင့်ဆိုင်းနေသော သီလရှင်မာရီက ထိုအချက်ကို သဘောတူခဲ့သည်။

“လူတိုင်းမှာ သူတို့ရဲ့ အခန်းကဏ္ဍ ရှိပြီး ကျမတို့ရဲ့ နေရာက ချတ်ပ်အသင်းတော်ရဲ့ အထက်အုပ်ချုပ်ရေးရာထူးအဆင့်ဆင့် ပိုင်းမဟုတ်တဲ့ နေရာမှာ နေနေရတာ ပျော်ရွှင်ပါတယ်” ဟု ပြောကြားသော်လည်း သူမ၏ မျိုးရိုးအမည်ကို မဖော်ပြရန် တောင်းဆိုကြောင်း သူမက ပြောကြားခဲ့သည်။

“အကယ်၍ (သင်းထောက်ဝတ်ပြုဆရာများ သို့မဟုတ် ဘုန်းတော်ကြီးများ အဖြစ်) အမျိုးသမီးများက ဖြစ်လာမည်ဆိုပါက ထိုအချက်သည် အသင်းတော်၏အင်စတီကျူးရှင်နှင့် ယုံကြည်မှုကို ဟောကြားထုတ်လွှင့်ပေးနေသည့်လုပ်ငန်းစဥ်၏ သဘာဝကို ဆန့်ကျင်လိုက်ခြင်း ဖြစ်လိမ့်မည်” ဟု သူမက ဆိုသည်။

ဖရန်စစ်၏ ဆုံးဖြတ်ချက်ကြောင့် ထိပ်တန်းရာထူးများတွင် အုပ်ချုပ်သူမဟုတ်သူများကို ခန့်အပ်ရန် ဆုံးဖြတ်ချက်ကြောင့် ဒေါသအမျက်ထွက်ခဲ့ကြသော ရှေးရိုးစွဲတပ်သားများလည်း ရှိပါသည်။ ပြီးခဲ့သည့်အပတ်က အီတလီသတင်းစာ Repubblica နှင့် အင်တာဗျူးတစ်ခုတွင် ဂျာမနီမှ ကွန်ဆာဗေးတစ်ခေါင်းဆောင် ကာဒီနယ် ဂါးဟတ်ဒ် လုဒ်ဝစ်ဂ် မူလာ(Gerhard Ludwig Muller) က ရိုမန်ကက်သလစ်ချာ့ချ်၏ အုပ်ချုပ်ရေးအဖွဲ့ ရိုမန်ကူရီရာ (Roman Curia) သည် လူဝတ်ကြောင်များ၏ စီမံခန့်ခွဲခြင်းမပြုသင့်သည့် ဂိုဏ်းဂဏတစ်ခုဖြစ်ပြီး ယမန်နှစ်က သီလရှင်ဘရမ်ဘီလ်လာ (Brambilla) ကို ခန့်အပ်မှုကို ဝေဖန်ခံရဖွယ်ရှိကြောင်း မှတ်ချက်ချခဲ့သည်။

တကယ့်လက်တွေ့က ဒီနေရာမှာ ရှိပြီးသားပါ။

ဘဘုရားကျောင်းသည် အမျိုးသမီးများ၏ အနေအထားနှင့် ၎င်းတို့၏ အခန်းကဏ္ဍကို လျစ်လျူရှုရန် မတတ်နိုင်တော့ဘဲ ရှိလာသည်ဟု နေပယ်လ်စ်ရှိ L’Orientale တက္ကသိုလ်မှ ခရစ်ယာန်ဘာသာ သမိုင်း ပါမောက္ခ ဆာဘီးနား ပါဗွန်း (Sabina Pavone) နှင့် အီတလီသမိုင်းပညာရှင်များ အသင်းဝင်က မှတ်ချက်ပြုခဲ့သည်။

“ဒီအကြောင်းအရာဟာ ဆွေးနွေးရမဲ့အကြောင်းအရာတွေထဲက တစ်ခုအဖြစ် သိရှိနိုးကြားလာခဲ့ကြတာဖြစ်တယ် ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ အလေးထားဖြေရှင်းရမဲ့ အကြောင်းအရာတခုအဖြစ်ဆက်လက်စဥ်းစားဖို့တည်ရှိနေမှာဖြစ် ဒီအကြောင်းအရာကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်း သတိပြုမိပေမယ့် အဲဒါကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး” ဟု ပါဗွန်းက ပြောကြားခဲ့သည်။

ဘုရားကျောင်းတွင် အမျိုးသမီးများ ပါဝင်ခြင်းဆိုင်ရာ ပြဿနာသည် ကက်သလစ်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် အဓိက လက်တွေ့ကျသည့်အချက်လည်း ဖြစ်သည်ဟု သူမက ထောက်ပြသည်။ အမျိုးသမီးများသည် သာသနာ့နယ်မြေများကို စီမံခန့်ခွဲခြင်း၊ ဒေသန္တရကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို အထောက်အပံ့ပေးခြင်းနှင့် စာပေသင်ကြားခြင်းများကို ကမ္ဘာ့နေရာအများအပြားတွင် အမျိုးသမီးများက လုပ်ဆောင်နေပြီး နေရာအများစုတွင် အမျိုးသားအနည်းငယ်ကသာ ဘုန်းတော်ကြီးများဘ၀သို့ ဝင်ရောက်နေကြပါသည်။

ပါဗွန်းက “ဘုရားကျောင်းကပြောင်းလဲနေပြီ။ “အသင်းတော်က ဒီအဖြစ်မှန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်”ဟု မှတ်ချက်ပေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊