နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

မေလ (၂၁) ရက်။

စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။

ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး လစ်ဗျားသို့ ယခင်က လူအချို့ပို့ဆောင်ရန် ကြိုးပမ်းခဲ့ပြီးနောက် တောင်ဆူဒန်သို့ ပို့ဆောင်မှု ဖြစ်လာခဲ့သည်။

သီတင်းနှစ်ပတ်အောက်အတွင်း ဒုတိယအကြိမ်အဖြစ် လူဝင်မှုကြီးကြပ်ရေးရှေ့နေများသည် ထရန့် အုပ်ချုပ်ရေးမှ အမေရိကန်မှ ရွှေ့ပြောင်းအခြေချသူအုပ်စုငယ်များကို ၎င်းတို့၏ နိုင်ငံမဟုတ်သော စစ်ဘေးသင့်နိုင်ငံသို့ ပို့ခြင်းမှ ရပ်တန့်ရန် ဖက်ဒရယ်တရားရုံးသို့ သွားရောက်ခဲ့ကြပြီး ပြန်လည်ခေါ်ဆောင်ပေးရန်တောင်းဆိုခဲ့ကြသည်။

မြန်မာနှင့် ဗီယက်နမ်တို့မှ ၎င်းတို့၏ အမှုသည် အနည်းဆုံး နှစ်ဦးကို တရားရုံးအမိန့်ကို ချိုးဖောက်မှုဖြင့် တောင်ဆူဒန်သို့ အင်္ဂါနေ့ နံနက်ပိုင်းက ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး ရှေ့နေများက တရားရုံးသို့ ပြောကြားခဲ့သည်။

တောင်ဆူဒန် သို့မဟုတ် အခြားတတိယနိုင်ငံသို့ ထိုအမျိုးအစားခွဲထားသည့်အဖွဲ့ဝင်များ တင်ဆောင်လာသော လေယာဉ်အားလုံးကို တရားရုံးက ထပ်မံတားမြစ်သင့်သည်” ဟု ရှေ့နေများက ပြောကြားခဲ့သည်။

အင်္ဂါနေ့ညတွင် အရေးပေါ်ကြားနာမှုတစ်ခုတွင်၊ အမေရိကန်ခရိုင်တရားသူကြီး ဘရိုင်ယန်အီးမာဖီ (Brian E. Murphy) က “ လက်ရှိ တောင်ဆူဒန်သို့ ဖယ်ရှားပို့ဆောင်ခြင်း ခံထားရသော အမျိုးအစားခွဲခြားထားတဲ့အဖွဲ့ဝင်တွေကို အမေရိကန်တာဝန်ရှိသူတွေ လက်ထဲမှာ ဆက်လက်ထိန်းသိမ်းထားရှိရန်” ဟု ထရန့် အစိုးရကို အမိန့်ပေးခဲ့သည်။ ဖယ်ရှားမှုများသည် ဥပဒေနှင့်မညီကြောင်း တွေ့ရှိပါက “ လက်တွေ့ကျသော ပြန်လာနိုင်ခြေကို သေချာစေရန်” လုပ်ဆောင်ရမည်ဟု တရားသူကြီးက တရားရုံးအမိန့်စာတွင် ရေးသားထားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်ကြားနာစစ်ဆေးမှုကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ဖယ်ရှားခံရသူများသည် မည်သူများဖြစ်ကြောင်း ဖော်ထုတ်ပေးရန် ထရန့်အစိုးရအဖွဲ့အား တရားသူကြီးက တောင်းဆိုထားပြီး၊ အဆိုပါပုဂ္ဂိုလ်များကို တတိယနိုင်ငံသို့ မပို့ဆောင်မီ “ကြောက်ရွံ့မှုကို အခြေခံသည့် ကြားနာမှု” အခွင့်အရေးများကို ရရှိခဲ့ခြင်း ရှိမရှိ တောင်းဆိုထားသည်။ (ကြောက်ရွံ့မှုကို အခြေခံသော တောင်းဆိုချက်ဆိုသည်မှာ ယေဘူယျအားဖြင့် လူတစ်ဦးသည် ပို့ဆောင်ခြင်း ခံရမည်ဆိုပါက နှိပ်စက်ညှဉ်းပန်းခံရခြင်း သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခြင်းကဲ့သို့ ထိခိုက်နစ်နာမည်ကို ကြောက်ရွံ့ကြောင်း တင်ပြသည့်အချက်တစ်ခု ဖြစ်သည်။)

အမိမြေလုံခြုံရေးဌာနသည် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသည့်အပြင် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးခံရမှု ဖြစ်ပွားခဲ့ကြောင်း NBC သတင်းဌာနမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“ရာဇ၀တ်မှု၊ ပြန်ပေးဆွဲမှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တောင်ဆူဒန်ကို အမေရိကန်တွေ မသွားကြဖို့ အမေရိကန်နိုင်ငံခြားရေးဌာန ခရီးသွားအကြံပေးဌာနက သတိပေးထားပြီး၊ အဲဒီအခြေအနေကြောင့် မတ်လမှာ ဌာနက တောင်ဆူဒန်ကနေ အရေးပေါ် မဟုတ်တဲ့ အမေရိကန်အစိုးရဝန်ထမ်းတွေကို ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်”

တောင်ဆူဒန်သို့ အင်္ဂါနေ့က စေလွှတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရွှေ့ပြောင်း အခြေချသူ နှစ်ဦးစလုံးသည် ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်ပို့ရန် အစိုးရက ခွင့်ပြုထားသော နောက်ဆုံးဖယ်ရှားရေး အမိန့်များဖြစ်ကြောင်း တရားရုံး၏ စွဲချက်တင်ချက်အရ သိရသည်။

၎င်းတို့၏ တင်သွင်းမှုတွင် ရှေ့နေများက ဗီယက်နမ် ရွှေ့ပြောင်းနေထိုင်သူ၏ဇနီးက သူမယောက်ျားနှင့် အခြား လူ ၁၀ ဦးကို အင်္ဂါနေ့ နံနက်တွင် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေး ပို့ဆောင်ခဲ့သည်ဟု ယုံကြည်ကြောင်း ရှေ့နေများထံ အီးမေးလ်တစ်စောင် ပေးပို့ခဲ့သည်။ ရွှေ့ပြောင်းအခြေချသူများသည် ၎င်းတို့၏ကိုယ်ပိုင်မဟုတ်သော နိုင်ငံသို့ ပို့ရန် လက်ခံသည့် ပုံစံစာရွက်များကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့ကြောင်း သူမက ပြောကြားခဲ့သည်။

စွဲချက်တွင် အမည်ပြောင်းထားသည့် အမျိုးသမီးက ခင်ပွန်းဖြစ်သူ၏ ရှေ့နေများထံ စာရေးပြီး “တရားသူကြီးမှ ပို့ဆောင်ရန် အမိန့်မှာ ကျွန်မရဲ့ ခင်ပွန်းကို မူရင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံကို ပြန်ပို့ဖို့ ဖြစ်ပါတယ်။ အခြားတတိယနိုင်ငံကို ပြန်ပို့ဖို့ မဟုတ်ပါ” ဟု ဆိုသည်။

ထရမ့်အစိုးရသည် ယခုလအတွင်း လစ်ဗျားသို့ ရွှေ့ပြောင်းအခြေချသူတစ်စုကို စေလွှတ်ရန် ကြိုးပမ်းခဲ့သည်။ ရွှေ့ပြောင်းအခြေချသူများမှာ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် လာအိုတို့ကဲ့သို့ နိုင်ငံများမှဖြစ်ပြီး ၎င်းတို့ရှေ့နေများက ထိုအချိန်က အရေးပေါ် အဆိုပြုချက်တစ်ခုအရ သိရသည်။ ဖက်ဒရယ်တရားသူကြီးတစ်ဦးမှ ယာယီတားမြစ်မိန့် ထုတ်ပြန်ပြီးနောက် ယင်းလေယာဉ်ကို ရပ်တန့်ခဲ့သည်။

ရွှေ့ပြောင်းအခြေချသူများကို အသိပေးချက်ပေးရန် လိုအပ်ပြီး ဖြစ်နိုင်ခြေရှိသော ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုအပေါ် စိုးရိမ်မှုများ တင်ပြနိုင်ရန် အခွင့်အရေး လိုအပ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။ တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးမှုကို ရပ်တန့်ရန် သို့မဟုတ် ပြန်လည်ခေါ်ဆောင်ရန် ကြိုးပမ်းမှုသည် တရားသူကြီး၏ ဆုံးဖြတ်ချက်ပေါ်တွင် ရှိနေသည်။

လစ်ဗျားနိုင်ငံသို့ ပို့ဆောင်ရန် ကြိုးစားသည့်အထဲတွင် အနည်းဆုံး လူတစ်ဦးကို တောင်ဆူဒန်ကို ထရန့် အစိုးရက ပို့ဆောင်ခဲ့သည်ဟု လူဝင်မှုကြီးကြပ်ရေး ရှေ့နေများက ယုံကြည်ကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ အဆုံးသတ်ရန် သဘောတူညီချက် ရလုနီးပါး ဖြစ်ခဲ့သော်လည်း ထရမ့်၏ ဆိုရှယ်မီဒီယာ ပို့စ်များကြောင့် အခြေအနေ ပြောင်းလဲသွားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 12 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၂၁)ရက် သီတင်းပတ်ကုန်ခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့သည် ခုနစ်ပတ်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်
မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 22 Views
ဧပြီလ (၂၀)ရက်။ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

ယေရှုခရစ်တော်၏ ရုပ်တုအား တိုက်ခိုက်ခဲ့သည့် အစ္စရေးစစ်သားကို နေတန်ယာဟု ရှုတ်ချ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ၂၀ရက် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သားတစ်ဦးက “ ကက်သလစ်ဘာသာရေး အထိမ်းအမှတ်ရုပ်တု” တစ်ခုကို ဖျက်ဆီးခဲ့မှုအပေါ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ ပြင်းထန်ဆုံးသော စကားလုံးများ” ဖြင့် ရှုတ်ချလိုက်သည်။ အစ္စရေးစစ်သားတစ်ဦးက ယေရှုခရစ်တော်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အမေရိကန်-အီရန် နှင့် အစ္စရေး-လက်ဘနွန်- စစ်မျက်နှာနှစ်ခုလုံးတွင် အပစ်အခပ်ရပ်စဲရေး

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ရက် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိ၌ အပစ်အခပ်ရပ်စဲရေး နှစ်ခုရှိနေပြီး တစ်ခုမှာ လက်ဘနွန်နှင့် အစ္စရေးခေါင်းဆောင်များအကြား သဘောတူထားခြင်းဖြစ်ကာ နောက်တစ်ခုမှာ အမေရိကန်နှင့် အီရန်အကြား သဘောတူထားခြင်းဖြစ်သည်။ အီရန်နှင့် အမေရိကန် အီရန်နှင့် အမေရိကန်အကြား
ဂျပန် နိုင်ငံတကာသတင်း

ဂျာပန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းလွန်တွင် ပမာဏ ၇.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် ဒုတိယအကြိမ် ဆူနာမီ ထပ်မံလာနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 19 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၀ ရက် အိဝတေး (Iwate) နှင့် ဟော့ကိုင်းဒိုး (Hokkaido) စီရင်စုများတွင် ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားပြီး ကျည်ဆန်ရထား (Bullet trains) ပြေးဆွဲမှု အချို့ကိုလည်း ရပ်ဆိုင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 26 Views
ဧပြီလ (၂၀)ရက်။ မကွေးတိုင်း ဆိပ်ဖြူမြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံအနှံ့ ထိုးစစ်၊ ခံစစ်တွေ လျော့နည်းစေဖို့နဲ့ ပြည်သူကို
မြန်မာသတင်း

မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီတွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 21 Views
ဧပြီလ (၂၀)ရက်။ ဧပြီလ (၁၈)ရက်နေ့က NUG လက်အောက်ခံ မင်းကွန်းတိုက်နယ်ပလဖတွေ စစ်တပ်ဆီ ပူးပေါင်းလာတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေရဲ့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပူးပေါင်းသူတွေဟာ မင်းကွန်းတိုက်နယ်ပလဖက စစ်ရေးတာဝန်ခံ ဟိန်းထက်ဇော်(ခ)ကျောက်ခဲ ဦးဆောင်တဲ့ အမျိုးသား (၁၃)ဦးနဲ့
မြန်မာသတင်း

ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထား

  • 2026 ခုနှစ်၊ ဧပြီလ 20 ရက်
  • 24 Views
ဧပြီလ (၂၀)ရက်။ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဆက်လက်အသိအမှတ်ပြုထားကြတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု