နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

ဖေဖော်ဝါရီလ (၂၁)ရက်။

ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ စစ်ဆေးချိန်ကနေ အခုအချိန်အထိ ဒီအမှုအခင်းနဲ့ပတ်သက်တဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ဆက်ပြီး အဲ့ဒီနေရာမှာ စစ်ဆေးဖို့အတွက် ယာယီရပ်နားတယ်ဆိုတာ ထုတ်ထားတာ တွေ့ရပါတယ်။ အခုအထိလဲ ပြန်မခန့်ရသေးပါဘူး။ ယာယီရပ်နားထားဆဲဖြစ်ပါတယ်”လို့ ဆိုပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ကနေ ရပ်နားဖို့ စာထုတ်ရမယ့်ကိစ္စတွေ ဆက်ရှိနေသလို သတင်းမီဒီယာတွေကို ပေါက်ကြားခဲ့တဲ့ သတိပေးစာဟာ ပထမအဆင့်ဖြစ်တယ်လို့ သိရပါတယ်။

“အခုထုတ်ပြန်တဲ့စာက အများပြည်သူကို ထုတ်ပြန်တဲ့စာ မဟုတ်ခဲ့ပါဘူး၊ သက်ဆိုင်ရာ တိုင်ကြားသူတွေနဲ့ တိုင်ကြားခံရသူတွေဆီကိုပဲ ပို့ခဲ့တာပါ။ မကြည်ပြာကို သတိပေးတယ်ဆိုတဲ့ဟာကို မကြည်ပြာဆီပို့တယ်။ ဒါက Public Statement အနေနဲ့ ထုတ်ပြန်ခဲ့တာမဟုတ်ပါဘူး”လို့ သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဆက်ပြောပါတယ်။

နောက်ပြီး စုံစစ်ဆေးရေးအဖွဲ့ရဲ့ အကြံပြုချက်တွေ သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီး သတိပေးစာတွေ ထပ်မံထုတ်ပြန်ဖို့ရှိသလို တာဝန်က ရပ်နားဖို့အပါအဝင် နေက်ဆက်တွဲ ထုတ်ပြန်တာတွေ ရှိသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆေးချက်တွေကို ဝန်ကြီးချုပ်ဆီ တင်ပြပြီး အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေကာ အခုဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး သမာသမတ်ကျစွာ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ထမ်းဟောင်း (၁၉)ဦးဟာ ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အဂတိလိုက်စားတာနဲ့ မလျော်ဩဇာသုံးပြီး ဝန်ထမ်းတွေကို လွှမ်းမိုးချယ်လှယ်တာတွေကြောင့် တိုင်ကြားခဲ့တာပါ။

အဲ့ဒီလိုတိုင်းကြားတဲ့အပေါ် NUG က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးခဲ့ပြီးနောက် ဒေါ်ကြည်ပြာကို အပြစ်မရှိဘူးဆိုတဲ့စာ ထွက်ပေါ်လာတာကြောင့် တိုင်ကြားသူတွေဘက်က မကျေနပ်တာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီနောက် ထွက်ပေါ်လာတဲ့စာနဲ့ပတ်သက်ပြီး CDM တွေအပါအဝင် ပြည်သူတွေကပါ ဝေဖန်တာတွေနဲ့ တောင်းဆိုတာတွေကြောင့် NUG ဘက်က သတင်းစာရှင်းလင်းပွဲတခုကို ပြုလုပ်လာတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 40 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 36 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 38 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 31 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 37 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 32 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို