နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

‌ဇွန်လ (၃)ရက်။

ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် လူသားစာနာမှုဆိုင်ရာ အပစ်ရပ်စဲတာကို ဧပြီလနဲ့ မေလတို့မှာ ထုတ်ပြန်ခဲ့ပြီးနောက် အခုအခါ တတိယအကြိမ် အပစ်ရပ်သက်တမ်း ထပ်တိုးတာပါ။

အခုလို အပစ်ရပ်သက်တမ်း ထပ်တိုးတာဟာ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် အချိန်ထပ်မံလိုအပ်တာကြောင့်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အပစ်ရပ်တဲ့ ကြေညာချက် ထုတ်ပြန်တဲ့အချိန်ကစပြီး ညီနောင်(၃)ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့‌ နေရာတွေမှာ ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်ဆင်တာတွေ ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

အခုအခါ ညီနောင်မဟာမိတ် (၃)ဖွဲ့ထဲ TNLA နဲ့ AA တို့သာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ကိုးကန့်တပ်(MNDAA)ကတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။

တဖက်မှာလဲ စစ်ကောင်စီက အခုလကုန်ထိ အပစ်ရပ်ကာလ ထပ်မံတိုးမြှင့်တယ်ဆိုပြီး ထုတ်ပြန်ကြေညာထားပေမယ့် လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တာအပြင် မြေပြင်စစ်ကြောင်းထိုးတာတွေကို အဆက်မပြတ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 55 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 46 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 70 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်‌တွေထံက သိရပါတယ်။ “ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 86 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 96 Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 145 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 151 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 152 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ