နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပါလက်စတိုင်းနိုင်ငံ မထူထောင်မချင်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရန် ငြင်းဆို ထားသည်။

ဘီဘီစီ- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃ရက်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် အစ္စရေး၏ အဓိက တောင်းဆိုချက် တစ်ခုအား တုံ့ပြန်သည့်အနေဖြင့် အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ထူထောင် မပြီးမချင်း လက်နက်ဖြုတ်သိမ်းရန် သဘောတူမည်မဟုတ်ကြောင်း ဟားမတ်စ်က ထပ်မံအတည်ပြုခဲ့သည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်းသံတမန် Steve Witkoff ၏ သဘောထားမှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟားမတ်စ်က လက်နက် ချရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့အား လက်နက်ဖျက်သိမ်းရေးသည် ပဋိပက္ခ အဆုံးသတ်ရန် အတွက် မည်သည့်သဘောတူညီချက်အတွက်မဆို အဓိကအခြေအနေများထဲမှ တစ်ခု ဖြစ်သည်ဟု ယူဆသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး သွယ်ဝိုက်ညှိနှိုင်းမှုများသည် ပြီးခဲ့သည့် သီတင်းပတ်က ရပ်တန့်ခဲ့သည်။

ပြင်သစ်နှင့် ကနေဒါ အပါအဝင် အနောက်နိုင်ငံ အများအပြားက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် အစီအစဉ်များ ကြေညာပြီးနောက် လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် အာရပ်အစိုးရများက ဂါဇာတွင် လက်နက်ဖြုတ်သိမ်းပြီး ထိန်းချုပ်ထားမှုကို ရုတ်သိမ်းရန် ဟားမတ်စ်အား တိုက်တွန်းခဲ့သည်။ အစ္စရေးက သတ်မှတ်ထားတဲ့ အခြေအနေ တွေကို စက်တင်ဘာလမှာ မလိုက်လျောရင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ် ပြုမယ်လို့ ယူကေက ပြောကြားခဲ့ပါသည်။

အမေရိကန်၊ ယူကေနှင့် အီးယူတို့တွင် သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ဖြစ်သည့် ဟားမတ်စ်က ဂျေရုဆလင်ကို ၎င်း၏မြို့တော်အဖြစ်သတ်မှတ်၍ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်ထားခြင်းမရှိပါက ၎င်း၏ “ခုခံမှုနှင့် လက်နက်များ” ကိုင်ဆောင်ပိုင်ခွင့်ကို လက်လွှတ်မခံနိုင်ကြောင်း ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ဒုတိယဗိုလ်ချုပ်ကြီး အီရယ်ဇာမီရာ (Eyal Zamir) က စေ့စပ်ညှိနှိုင်းမှုများနှင့်ဖမ်းဆီးခံဓားစာခံများလွတ်မြောက်ရေး မအောင်မြင်ပါက ဂါဇာတွင် တိုက်ပွဲများ သက်သာရာရမည် မဟုတ် ကြောင်း သောကြာနေ့တွင် သတိပေးခဲ့သည်။

စနေနေ့တွင်၊ ဓားစာခံ အီဗီရာတာ ဒေးဗစ်(Evyatar David) ၏ မိသားစုသည် အလင်းရောင် မှိန်မှိန်သာရှိသော ဥမင်လှိုဏ်ခေါင်းအတွင်း သူ့အားအင်္ကျီမဝတ်ထားဘဲ ပိန်လှီနေသည့် ဗီဒီယိုကို ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပြီးနောက် ကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။

ဟားမတ်စ်က သူ့တို့ရဲ့ ဝါဒဖြန့်သည့် လှုပ်ရှားမှု၏တစ်စိတ်တစ်ပိုင်းအဖြစ်သူ့ကို အငတ်ထား နေသည်ဟု စွပ်စွဲပြီး သူ့ကို ကယ်တင်ဖို့ ဖြစ်နိုင်သမျှ အကုန်လုပ်ဆောင်ပေးရန် အစ္စရေး အစိုးရနှင့်အမေရိကန်ကို တောင်းဆိုခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာမှုအပေါ် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရသည် ဖိအားများ ထပ်မံ ရင်ဆိုင်နေရချိန်တွင် ဝစ်ကော့ဖ်(Witkoff) သည် အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူမှပြုလုပ်သော၊ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုများ ရှိနေသည်ဟု ကုလသမဂ္ဂ အေဂျင်စီများက သတိပေးထားပြီး နယ်မြေထဲသို့ ထောက်ပံ့ရေး ပစ္စည်းများ အားလုံး ဝင်ရောက်မှုကို ထိန်းချုပ်ထားသည့် အစ္စရေးကို အပြစ်တင်ခဲ့သည်။ အကူအညီများ ပို့ဆောင်ခြင်းအပေါ် ကန့်သတ်ချက်များ မရှိကြောင်း အစ္စရေးက အခိုင်အမာ ပြောကြားခဲ့ပြီး “ငတ်မွတ်ခေါင်းပါးခြင်း” မရှိကြောင်း ပြောကြားခဲ့သည်။

စနေနေ့အစောပိုင်းတွင် ဝစ်ကော့ဖ် သည် ဂါဇာတွင်ရှိနေဆဲဖြစ်သော အစ္စရေး ဓားစာခံ မိသားစုများနှင့် တဲလ်အဗစ်တွင် တွေ့ဆုံခဲ့သည်။

အွန်လိုင်းတွင် လွှင့်တင်ထားသည့် ဗီဒီယိုဖိုင်တွင် ဝါရှင်တန်မှ စေ့စပ်ညှိနှိုင်းရေးမှူးအား ဓားစာခံများ၏ မိသားစုများနှင့် ထောက်ခံသူများက လက်ခုပ်သြဘာပေးကာ အသနားခံကာ ဆန္ဒပြမှုများကြောင့် နာမည်ကြီးသည့် ရင်ပြင်သို့ ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရသည်။

ဝစ်ကော့ဖ် က ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် တစ်စိတ်တစ်ပိုင်းသဘောတူညီချက်ဟု ခေါ်မည့်အစား ပဋိပက္ခကို အဆုံးသတ်ပြီး ဓားစာခံအားလုံးကို အိမ်ပြန်ပို့ရန် အာရုံစိုက်သင့်သည်ဟု ပြောကြားခဲ့သည်။

ဝစ်ကော့ဖ် ၏ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သူသည် ကြာသပတေးနေ့တွင် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး သောကြာနေ့တွင် ဂါဇာတောင်ပိုင်းရှိ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသော အကူအညီပေးရေးနေရာတစ်ခုကို စစ်ဆေးခဲ့သည်။

မေလနှောင်းပိုင်းကတည်းက ပါလက်စတိုင်း ၁,၃၇၃ ဦးထက်မနည်း အစာရေစာရှာဖွေ မှုကြောင့် သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

အများစုသည် အစ္စရေးနှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ဖြန့်ဖြူးရေးနေရာများအနီးတွင် အစ္စရေးစစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အစ္စရေးက ဟားမတ်စ်သည် အဆိုပါနေရာများအနီးတွင် မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော် နေသည်ဟု စွပ်စွဲထားပြီး ၎င်း၏တပ်များသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း မပြုဟု ပြောကြားခဲ့သည်။

အစ္စရေးတောင်ပိုင်းကို၂၀၂၃ ခုနှစ် အောက်တိုဘာလ၇ ရက်က ဟားမတ်စ်ဦးဆောင်ခဲ့သည့် တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးစစ်တပ်သည် ဂါဇာတွင် စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီး လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့ရပြီး ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကလေး ၉၃ ဦး အပါအဝင် လူ ၁၆၉ ဦးသည် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကြီးမှူးသော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Thomas Mackintosh ရေးသားသည့် Hamas refuses to disarm until Palestinian state establishedကို ခေတ်မျက်လုံးမှဘာသာပြန်ဆိုသည်။

ဓားစာခံလဲလှယ်ရေးတွင်တွေ့ရသည့်ဟားမတ်အဖွဲ့ဝင်တိုက်ခိုက်ရေးသမားများ

မိမိတို့ဓားစာခံများလွတ်မြောက်ရေးအတွက် အစ္စရေးအစိုးရကိုဆန္ဒပြနေသည့်မိသားစုဝင်များ

ဝစ်ကော့ဖ်သည် ပါလက်စတိုင်းဒုက္ခသည်များကိုအစားအစာထောက်ပံ့မှုစခန်းကိုလာရောက်ကြည့်ရှုစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 21 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 25 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 16 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 35 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 26 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 50 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 37 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့