နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပါလက်စတိုင်းနိုင်ငံ မထူထောင်မချင်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရန် ငြင်းဆို ထားသည်။

ဘီဘီစီ- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃ရက်

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် အစ္စရေး၏ အဓိက တောင်းဆိုချက် တစ်ခုအား တုံ့ပြန်သည့်အနေဖြင့် အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်းနိုင်ငံ ထူထောင် မပြီးမချင်း လက်နက်ဖြုတ်သိမ်းရန် သဘောတူမည်မဟုတ်ကြောင်း ဟားမတ်စ်က ထပ်မံအတည်ပြုခဲ့သည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်းသံတမန် Steve Witkoff ၏ သဘောထားမှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဟားမတ်စ်က လက်နက် ချရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့အား လက်နက်ဖျက်သိမ်းရေးသည် ပဋိပက္ခ အဆုံးသတ်ရန် အတွက် မည်သည့်သဘောတူညီချက်အတွက်မဆို အဓိကအခြေအနေများထဲမှ တစ်ခု ဖြစ်သည်ဟု ယူဆသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်မြောက်ရေး သွယ်ဝိုက်ညှိနှိုင်းမှုများသည် ပြီးခဲ့သည့် သီတင်းပတ်က ရပ်တန့်ခဲ့သည်။

ပြင်သစ်နှင့် ကနေဒါ အပါအဝင် အနောက်နိုင်ငံ အများအပြားက ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် အစီအစဉ်များ ကြေညာပြီးနောက် လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် အာရပ်အစိုးရများက ဂါဇာတွင် လက်နက်ဖြုတ်သိမ်းပြီး ထိန်းချုပ်ထားမှုကို ရုတ်သိမ်းရန် ဟားမတ်စ်အား တိုက်တွန်းခဲ့သည်။ အစ္စရေးက သတ်မှတ်ထားတဲ့ အခြေအနေ တွေကို စက်တင်ဘာလမှာ မလိုက်လျောရင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ် ပြုမယ်လို့ ယူကေက ပြောကြားခဲ့ပါသည်။

အမေရိကန်၊ ယူကေနှင့် အီးယူတို့တွင် သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ဖြစ်သည့် ဟားမတ်စ်က ဂျေရုဆလင်ကို ၎င်း၏မြို့တော်အဖြစ်သတ်မှတ်၍ လွတ်လပ်၍ အချုပ်အခြာ အာဏာပိုင်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်ထားခြင်းမရှိပါက ၎င်း၏ “ခုခံမှုနှင့် လက်နက်များ” ကိုင်ဆောင်ပိုင်ခွင့်ကို လက်လွှတ်မခံနိုင်ကြောင်း ၎င်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ဒုတိယဗိုလ်ချုပ်ကြီး အီရယ်ဇာမီရာ (Eyal Zamir) က စေ့စပ်ညှိနှိုင်းမှုများနှင့်ဖမ်းဆီးခံဓားစာခံများလွတ်မြောက်ရေး မအောင်မြင်ပါက ဂါဇာတွင် တိုက်ပွဲများ သက်သာရာရမည် မဟုတ် ကြောင်း သောကြာနေ့တွင် သတိပေးခဲ့သည်။

စနေနေ့တွင်၊ ဓားစာခံ အီဗီရာတာ ဒေးဗစ်(Evyatar David) ၏ မိသားစုသည် အလင်းရောင် မှိန်မှိန်သာရှိသော ဥမင်လှိုဏ်ခေါင်းအတွင်း သူ့အားအင်္ကျီမဝတ်ထားဘဲ ပိန်လှီနေသည့် ဗီဒီယိုကို ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ပြီးနောက် ကြေညာချက်ကိုထုတ်ပြန်ခဲ့သည်။

ဟားမတ်စ်က သူ့တို့ရဲ့ ဝါဒဖြန့်သည့် လှုပ်ရှားမှု၏တစ်စိတ်တစ်ပိုင်းအဖြစ်သူ့ကို အငတ်ထား နေသည်ဟု စွပ်စွဲပြီး သူ့ကို ကယ်တင်ဖို့ ဖြစ်နိုင်သမျှ အကုန်လုပ်ဆောင်ပေးရန် အစ္စရေး အစိုးရနှင့်အမေရိကန်ကို တောင်းဆိုခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားလာမှုအပေါ် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ အစိုးရသည် ဖိအားများ ထပ်မံ ရင်ဆိုင်နေရချိန်တွင် ဝစ်ကော့ဖ်(Witkoff) သည် အစ္စရေးနိုင်ငံသို့ လာရောက်လည်ပတ် ခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူမှပြုလုပ်သော၊ အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုများ ရှိနေသည်ဟု ကုလသမဂ္ဂ အေဂျင်စီများက သတိပေးထားပြီး နယ်မြေထဲသို့ ထောက်ပံ့ရေး ပစ္စည်းများ အားလုံး ဝင်ရောက်မှုကို ထိန်းချုပ်ထားသည့် အစ္စရေးကို အပြစ်တင်ခဲ့သည်။ အကူအညီများ ပို့ဆောင်ခြင်းအပေါ် ကန့်သတ်ချက်များ မရှိကြောင်း အစ္စရေးက အခိုင်အမာ ပြောကြားခဲ့ပြီး “ငတ်မွတ်ခေါင်းပါးခြင်း” မရှိကြောင်း ပြောကြားခဲ့သည်။

စနေနေ့အစောပိုင်းတွင် ဝစ်ကော့ဖ် သည် ဂါဇာတွင်ရှိနေဆဲဖြစ်သော အစ္စရေး ဓားစာခံ မိသားစုများနှင့် တဲလ်အဗစ်တွင် တွေ့ဆုံခဲ့သည်။

အွန်လိုင်းတွင် လွှင့်တင်ထားသည့် ဗီဒီယိုဖိုင်တွင် ဝါရှင်တန်မှ စေ့စပ်ညှိနှိုင်းရေးမှူးအား ဓားစာခံများ၏ မိသားစုများနှင့် ထောက်ခံသူများက လက်ခုပ်သြဘာပေးကာ အသနားခံကာ ဆန္ဒပြမှုများကြောင့် နာမည်ကြီးသည့် ရင်ပြင်သို့ ရောက်ရှိလာသည်ကို မြင်တွေ့ခဲ့ရသည်။

ဝစ်ကော့ဖ် က ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် တစ်စိတ်တစ်ပိုင်းသဘောတူညီချက်ဟု ခေါ်မည့်အစား ပဋိပက္ခကို အဆုံးသတ်ပြီး ဓားစာခံအားလုံးကို အိမ်ပြန်ပို့ရန် အာရုံစိုက်သင့်သည်ဟု ပြောကြားခဲ့သည်။

ဝစ်ကော့ဖ် ၏ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သူသည် ကြာသပတေးနေ့တွင် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး သောကြာနေ့တွင် ဂါဇာတောင်ပိုင်းရှိ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသော အကူအညီပေးရေးနေရာတစ်ခုကို စစ်ဆေးခဲ့သည်။

မေလနှောင်းပိုင်းကတည်းက ပါလက်စတိုင်း ၁,၃၇၃ ဦးထက်မနည်း အစာရေစာရှာဖွေ မှုကြောင့် သတ်ဖြတ်ခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးစာရင်းများအရ သိရသည်။

အများစုသည် အစ္စရေးနှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) ဖြန့်ဖြူးရေးနေရာများအနီးတွင် အစ္စရေးစစ်တပ်၏ သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အစ္စရေးက ဟားမတ်စ်သည် အဆိုပါနေရာများအနီးတွင် မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော် နေသည်ဟု စွပ်စွဲထားပြီး ၎င်း၏တပ်များသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း မပြုဟု ပြောကြားခဲ့သည်။

အစ္စရေးတောင်ပိုင်းကို၂၀၂၃ ခုနှစ် အောက်တိုဘာလ၇ ရက်က ဟားမတ်စ်ဦးဆောင်ခဲ့သည့် တိုက်ခိုက်ခဲ့မှုအပေါ် အစ္စရေးစစ်တပ်သည် ဂါဇာတွင် စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီး လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့ရပြီး ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကလေး ၉၃ ဦး အပါအဝင် လူ ၁၆၉ ဦးသည် အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကြီးမှူးသော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Thomas Mackintosh ရေးသားသည့် Hamas refuses to disarm until Palestinian state establishedကို ခေတ်မျက်လုံးမှဘာသာပြန်ဆိုသည်။

ဓားစာခံလဲလှယ်ရေးတွင်တွေ့ရသည့်ဟားမတ်အဖွဲ့ဝင်တိုက်ခိုက်ရေးသမားများ

မိမိတို့ဓားစာခံများလွတ်မြောက်ရေးအတွက် အစ္စရေးအစိုးရကိုဆန္ဒပြနေသည့်မိသားစုဝင်များ

ဝစ်ကော့ဖ်သည် ပါလက်စတိုင်းဒုက္ခသည်များကိုအစားအစာထောက်ပံ့မှုစခန်းကိုလာရောက်ကြည့်ရှုစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 13 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 16 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 15 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 17 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 29 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 38 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး