ဩဂုတ်လ (၆)ရက်။
မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က နွားထိုးကြီးမြို့ရှိ ကနား-ပြင်စည်လမ်းပိုင်းတနေရာမှာ စစ်ကောင်စီဂာားတစ်စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မနေ့က နေ့လယ် (၃)နာရီ (၁၂)မိနစ်လောက် ပြင်စည်ရွာကိုသွားတဲ့ စစ်ကောင်စီကားကို ကနား-ပြင်စည် လမ်းပိုင်းတနေရာမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ ကားပေါ်ပါတဲ့ စခ(၅)ဦးထဲက (၃)ဦးသေပြီး (၂)ဦး ထွက်ပြေးသွားတယ်” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီကားဟာ ပြင်စည်ရွာဘက်ကို သွားနေချိန် တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် ကားပေါ်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးထဲ (၃)ဦးသေဆုံးပြီး (၂)ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်တာထဲ စစ်ကောင်စီထံက M-79 (၁)လက်၊ MA-3 (၃)လက်၊ 5.56 ကျည် (၂၁၅)တောင့်၊ ၄၀ မမ (၁)လုံး၊ လက်ပစ်ဗုံး (၁) လုံးနဲ့ ကျည်ဘောက် (၅)ဘောက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
