နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝါရှင်တန်ပို့စ် (Washington Post) အယ်ဒီတာ့အာဘော်

မြန်မာနိုင်ငံတွင်ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ရှုံ့ချရန် ရူဘီယို၏ ငြင်းဆိုမှုသည် စမ်းသပ်မှုတစ်ခုနှင့်ကြုံနေရသည်။

၂၀၂၅ခုနှစ်၊ ဩဂုတ်လ၂၇ ရက်၊

မြှောက်ပင့်ပေးခြင်း နှင့် ဓာတ်သတ္တု သဘောတူညီချက် တစ်ရပ်ကို လိုလားတောင့်တမှု ကြောင့် ထရန့်အစိုးရသည် စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ပေး နေပြီဖြစ် သည်။

နိုင်ငံခြားရေး ၀န်ကြီး မာကိုရိုဘီယို ၏ မကြာသေးမီက လမ်းညွှန်ချက်ပေးမှု တွင် နိုင်ငံခြား‌ရေးဌာနနှင့် ၎င်း၏ သံတမန်များအား အခြားနိုင်ငံများ၏ ရွေးကောက်ပွဲများ တရားမျှတမှုနှင့် တရားဝင်မှုရှိမရှိ အပေါ် မှတ်ချက်ပေးခြင်းကို ရှောင်ရှားရန် ညွှန်ကြားထားချက်ကို  မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း စမ်းသပ်မည် ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ရက်စက်ကြမ်းကြုတ်စွာ ပြည်တွင်းစစ်ဆင်နွှဲနေသော တိုင်းပြည်ကို အုပ်ချုပ်နေသည့် စစ်အာဏာရှင် စစ်အစိုးရက ဒီဇင်ဘာ ၂၈ ရက်တွင် နိုင်ငံတွင်း ရွေးကောက်ပွဲပြုလုပ်မည့်အကြောင်းကို ကြေငြာခဲ့သည်။

ထိုရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်လိမ့်မည် ။ စစ်အစိုးရသည် နိုင်ငံတ၀က် အောက်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး အချို့သော လေ့လာသုံးသပ်သူများကမူ ထိန်းချုပ် ထားနိုင်မှု ၂၁ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။ အဓိက ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မြို့တော်နေပြည်တော်တို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။  ကျန်ဒေသများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးက ချုပ်ကိုင်ထားကြသည်။ လူပေါင်း ၃ ဒသမ ၅ သန်းခန့် သည် ပြည်တွင်းတွင်ရွေ့ပြောင်းနေထိုင်သူများ အဖြစ် မိမိနေရပ်များကို စွန့်ခွာနေထိုင်ကြရပြီး အခြား ၁ သန်းကျော်သည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် စစ်အစိုးရကို မထောက်ခံသော နိုင်ငံရေးသမားများသည် ထောင်သွင်းအကျဉ်းချခြင်းသို့မဟုတ် ပြည်ပသို့ထွက်ပြေးရခြင်းဟုသည့် လူသိများသော အခြေအနေကိုရင်ဆိုင်နေကြရပြီး နိုင်ငံရေးပါတီများကိုပိတ်ပင်ထားခဲ့သည်။ မြန်မာနိုင်ငံတွင် အတိုက်အခံအဖြစ် ပြောဆိုရန် အတိုက်အခံ မရှိနိုင်တော့ပေ။ တစ်ချိန်က ထွန်းကားခဲ့သော လွတ်လပ်သော နိုင်ငံ၏ မီဒီယာသည် ရာနှင့်ချီသော သတင်းထောက်များကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းတို့ဖြင့် ဖြိုခွင်းခဲ့သည်။ ၎င်းတို့၏ လိုင်စင်များ ရုပ်သိမ်းပြီးနောက်တွင် လွတ်လပ်သော မြန်မာမီဒီယာအများစုသည် မြေအောက်ရေဒီယို အသံလွှင့်ရုံ အနည်းငယ်မှလွဲ၍ ထိုင်းနိုင်ငံတွင် အများစုက လုပ်ကိုင်လျက်ရှိသည်။

အတိုချုပ်ပြောရလျှင် ရွေးကောက်ပွဲ နီးလာသောအခါတွင် မည်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာရန် အခြေအနေမျှ မရှိပါ။ ဤကဲ့သို့ ဟန်ပြ တုပလုပ်ဆောင်နေခြင်းကို ထိန်းထားရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ အဓိကတရုတ်နိုင်ငံက ကျောထောက်နောက်ခံပြုပြီး ရွေးကောက်ပွဲအတွက် ပြင်းပြင်းထန်ထန် တွန်းအားပေးနေခြင်းကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံတွင် စစ်မှန်သော ရွေးကောက်ပွဲများမရှိ  တိုင်းပြည်ကို ကွန်မြူနစ်ပါတီက အုပ်ချုပ်သည် – ရှီကျင့်ဖျင်သည် သူ့ကိုယ်သူ သမ္မတအဖြစ် တစ်သက်လုံး အုပ်ချုပ်ခွင့်ရရန် သက်တမ်းကန့်သတ်ချက်များကို ဖယ်ရှားခဲ့သည်။

တရုတ်၏ ကစားကွက်မှာ မြန်မာစစ်အစိုးရအပေါ် တရားဝင်မှု ရရှိရန်လုပ်ဆောင် ပေးရန်နှင့် ရေနက်ဆိပ်ကမ်း၊ ရထားလမ်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများနှင့် သတ္တု တူးဖော်ရေး လုပ်ငန်းများ အပါအဝင် ပေကျင်း၏ ဒေါ်လာဘီလီယံချီသော ရင်းနှီးမြှုပ်နှံမှုများ နှင့် အခြေခံအဆောက်အဦ ပရောဂျက်များကို လုံခြုံမှုရှိရှိ အကာအကွယ်ပေးရန်အတွက် ကူညီရန်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ချို့ယွင်းချက်ရှိနေသည်နှင့် တပြိုင်နက် တရုတ်နိုင်ငံ သည် အာရှရှိ အခြားနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာအစိုးရနှင့် တရားဝင်ဆက်ဆံမှုတွင် ၎င်းတို့၏ တစ်စိတ်တစ်ပိုင်း အေးခဲထားမှုကို အဆုံးသတ်ရန် တရုတ်က ဖိအားပေးနိုင်ဖွယ်ရှိသည်။

စစ်မှန်သည့် ရွေးကောက်ပွဲနှင့် စစ်အစိုးရသည် အနိုင်မရနိုင်ပါ။ နိုဗယ်ငြိမ်းချမ်း‌ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် အမတ်နေရာ ၄၇၆ နေရာတွင် ၃၉၆ နေရာရခဲ့ပြီးအပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်တပ်ထောက်ခံသည့် ပါတီမှ ၃၃နေရာသာရရှိခဲ့ပါသည်။

စစ်သားများကို အစိုးရအပေါ်တွင် သြဇာအာဏာသက်ရောက်နိုင် စေမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အာဏာခွဲဝေမှု အစီအစဉ်ပါရှိသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်က ရွေးကောက်ပွဲကို မသမာမှုရှိသည်ဟု အထောက်အထားမရှိဘဲ စွပ်စွဲကာ အာဏာသိမ်းခဲ့သည်။ NLD ပါတီကို ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးခဲ့သည်။ ဇွန်လတွင် သူမသည် အသက် ၈၀ ပြည့်ပြီး ထောင်ထဲတွင် ဆက်လက် နစ်မြောနေကာ အပြင်လူများနှင့်လည်း တွေ့ခွင့်မရပေ။ သူမသည် ကျန်းမာရေးမကောင်းဟု ယူဆရသည်။

ထိုအာဏာသိမ်းမှုသည် အမေရိကန်ပြည်ထောင်စုမှ အားကောင်းမောင်းသန် နှစ်ဘက်ပါတီ နှစ်ခုလုံးမှ ထောက်ခံခဲ့သော ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဆုံးသတ်စေခဲ့သည်။ ရီပတ်ပလီကင် ကင်တပ်ကီ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောလ်နဲလ် (R-Kentucky) ၏ ကျောထောက်နောက်ခံဖြင့် သမ္မတ ဘဦးရတ်အိုဘားမား (Barack Obama) လက်ထက်တွင် အမေရိကန်၏ ထိတွေ့ဆက်ဆံမှုမူဝါဒသစ်ကို စတင်ခဲ့ သည်။ အာဏာသိမ်းပြီးနောက် ကွန်ဂရက်လွှတ်တော်က ပြင်းထန်သော စစ်ဘက်ဆိုင်ရာ တာဝန်ခံမှုအက်ဥပဒေဖြင့် မြန်မာ့တပ်မတော် အကြီးတန်းအရာရှိများနှင့် ၎င်းတို့၏ မိသားစုများ၊ နိုင်ငံပိုင် ရေနံကုမ္ပဏီနှင့် စစ်အစိုးရကို အကူအညီပေးနေသည့် အခြားအဖွဲ့ အစည်းများအား ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ကွန်ဂရက်က တခဲနက် အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်သည် ဒီမိုကရေစီလိုလားသော အုပ်စုများနှင့် စစ်အစိုးရကို တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို သေစေလောက်သော လက်နက်ပစ္စည်းများ မပါဝင်သည့် အကူအညီများ ကို ခွင့်ပြုပေးသည်။

ထရမ့်အစိုးရသည် စစ်အစိုးရကို အကူအညီပေးနေသည့် စစ်တပ်၏ အဓိကမဟာမိတ်များနှင့် ကုမ္ပဏီအများအပြားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် ပြီးခဲ့သည့်လတွင် လှုပ်ရှား ခဲ့သည်။ မင်းအောင်လှိုင်က သမ္မတ ဒေါ်နယ်ထရန့်ထံ စာတစောင် ပေးပို့ပြီး ပြည်တွင်းစစ်ကို ဖော်ပြသည့် အမေရိကန်မှ ထောက်ပံ့ထားသည့် မီဒီယာတွေကို ပိတ်ပစ်သည့်လုပ်ရပ် အတွက် ကျေးဇူးတင်ကြောင်းရေးသားခဲ့ပြီး ။ အဆိုပါမတရားအာဏာသိမ်းထားသူက မြန်မာနိုင်ငံရှိ “ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်မှု” ကို ထရန့်က သူ့ထံမှ ခိုးယူခံရသည်ဟု ဆက်လက်စွပ်စွဲ နေသည့် ၂၀၂၀ ခုနှစ် အမေရိကန်၏ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ခဲ့ပါသည်။ အကောက်ခွန်များ လျှော့ချပေးရန် တောင်းဆိုနေစဉ် မြန်မာ ဗိုလ်ချုပ်သည် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမေရိကန် နိုင်ငံအား အမျိုးသားရေး သာယာဝပြောရေးကို လမ်းညွှန်ရာတွင် ခိုင်မာသော ဦးဆောင်မှုပေးနေသည့် ထရန့် ကို ချီးကျူးခဲ့သည်။

ထရန့် သည် မြန်မာနိုင်ငံမှ မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ ထောက်ပံ့ပေးနေသည့် အခြေအနေမှ အမေရိကန်သည် အခြားရွေးချယ်စရာတခုအဖြစ် ပေးလာရန် လုပ်ဆောင် ခြင်းသည်  မက်စရာကောင်းနေပါသည်။ မြန်မာနိုင်ငံသည် နည်းပညာမြင့်စက်မှုလုပ်ငန်းနှင့် ကာကွယ်ရေးအတွက် အရေးကြီးသော မြေရှားသတ္တုများကိုထုတ်လုပ်တင်ပို့နေသည့် ကမ္ဘာ့တတိယအကြီးဆုံး ထုတ်လုပ်သူအဖြစ် ယုံကြည်ထားသည်။ မြန်မာ ၏ အဓိက ဖောက်သည် ဖြစ်သော တရုတ်နိုင်ငံနှင့် ဝေးရာသို့ဆွဲဆောင်နိုင်သည်ဟု သမ္မတက ထင်မြင် နိုင်သည်။ ရုရှားနှင့်ပတ်သက်သည့်ထရန့်၏သဘောထားသည် အထီးကျန် ထားခြင်းထက် ထိတွေ့ဆက်ဆံမှုကို နိုင်ငံခြားရေး ပေါ်လစီအရ ဦးစားပေးသည်။

မသမာသော ရွေးကောက်ပွဲအတွက် ဆိတ်ဆိတ်နေခြင်းသည် စစ်တပ်ကို တရားဝင်မှုကို ငှားရမ်းပေးလိုက်ပြီးအာဏာကို ချုပ်ကိုင်ထားနိုင်ရန်ပြုလုပ်ပေးခြင်းထက် ပို၍ကောင်းသည်။

၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာစစ်အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများအတွက် ဈာပနအခမ်းအနားသို့ ဝမ်းနည်းပူဆွေးသူများ တက်ရောက်ခဲ့ ကြသည်။ (AFP/Getty Images)(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 50 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 32 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ