နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဘက်က ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ မပြုမချင်း မည်သည့်သဘောတူညီချက်မျှ ပြုလုပ်မည်မဟုတ်ဟု ထရမ့်ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်

အီရန်နိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်လာမလားဆိုသည်မှာ ၎င်းအတွက် အရေးမကြီးဘဲ အမေရိကန်နှင့် မဟာမိတ်များအပေါ် လိုလားထောက်ခံမည့် ခေါင်းဆောင်မှုကိုသာ ရှာဖွေ နေခြင်းဖြစ်ကြောင်း ထရမ့်က CNN သို့ ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ယနေ့တွင် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အီရန်အပေါ် အမေရိကန်၏ တိုက်ခိုက်မှုများ ရပ်တန့်ရန်အတွက် စည်းကမ်းချက် များကို သတ်မှတ်လိုက်ပြီး “အီရန်နဲ့ ပတ်သက်ရင် ‘ခြွင်းချက်မရှိ လက်နက်ချခြင်း’ ကလွဲလို့ ဘယ်သဘောတူညီချက်မှ ရှိလာမှာမဟုတ်ဘူး!” ဟု ရေးသားခဲ့သည်။

သမ္မတသည် အီရန်အစိုးရနှင့် ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်မည့် အချိန်ဇယားကို ထုတ်ဖော်ပြောဆိုရန် ယနေ့အထိ ငြင်းဆိုထားဆဲဖြစ်သည်။ မနေ့ညက ထုတ်ဝေခဲ့သည့် Time မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ၎င်းက အစိုးရ၏ ရည်မှန်းချက်များကို ၄ ပတ် သို့မဟုတ် ၅ ပတ်အတွင်း အောင်မြင်နိုင်မည်ဟု ယုံကြည်သော်လည်း “ဘယ်အရာအတွက်မှ အချိန် အကန့်အသတ် သတ်မှတ်မထားဘဲ” အပြီးသတ်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

“အဲဒီနောက်မှာတော့ ကောင်းမွန်ပြီး လက်ခံနိုင်စရာရှိတဲ့ ခေါင်းဆောင်(များ)ကို ရွေးချယ်ပြီးရင်၊ ကျွန်တော်တို့နဲ့အတူ ထူးချွန်ပြီး သတ္တိရှိတဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေဟာ အီရန်နိုင်ငံကို ပျက်စီးခြင်းအနားကနေ ပြန်လည်ဆွဲတင်ဖို့၊ စီးပွားရေးအရ အရင်ကထက် ပိုမိုကြီးမား၊ ကောင်းမွန်ပြီး အင်အားတောင့်တင်းလာအောင် မနားမနေ လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက သောကြာနေ့တွင် ရေးသားခဲ့သည်။ “အီရန်ဟာ ကြီးကျယ်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရပါလိမ့်မယ်။ အီရန်ကို တစ်ကျော့ပြန် ကြီးကျယ်အောင် လုပ်ကြစို့ (MAKE IRAN GREAT AGAIN – MIGA!)”ဟု ထရန့်က ဆိုသည်။

ပြီးခဲ့သည့် စနေနေ့က အီရန်ခေါင်းဆောင်ပိုင်း အများအပြားနှင့်အတူ သေဆုံးသွားခဲ့သည့် အီရန်၏ အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ၏ အရိုက်အရာကို ဆက်ခံမည့်သူအား “ခန့်အပ်ရာတွင် သူ့အနေနှင့် ပါဝင် ပတ်သက်လိုကြောင်း” ထရမ့်က ပြောကြားထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို