နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်ထုတ်ပြန်

သြဂုတ်လ (၃၀) ရက်။

တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဒီနေ့ ဩဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization (SCO)) ရဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၃ ရက်နေ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့် အခမ်းအနားကိုလည်း စစ်ခေါင်းဆောင် တက်ရောက်မယ်လို့ သိရပါတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး SCO အဖွဲမှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အီရန်နဲ့ ဘီလာရုစ်တို့ ပါဝင်ပြီး လေ့လာသူတွေအဖြစ် အာဖဂန်နစ္စတန် နဲ့ မွန်ဂိုလီးယားနိုင်ငံတို့ တက်ရောက်မယ်လို့ သိရပါတယ်။

ဒါ့အပြင် တူရကီ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့လည်း တက်ရောက်မှာ ဖြစ်ပြီး တရုတ်နိုင်ငံ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာအပါအဝင် အခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းလည်း လာမယ့်သီတင်းပတ် ဘေဂျင်းမှာ ကျင်းပမယ့် စစ်ရေးပြအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့အတူ တက်ရောက်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ အထင်ကရ အလည်အပတ် ခရီးစဉ်အဖြစ် တရုတ်က ပြောကြားခဲ့ပါတယ်။

ဒါဟာ ကင်ဂျုံအွန်ရဲ့ ပထမဆုံးနိုင်ငံတကာတွေ့ဆုံပွဲဖြစ်ပြီး ဘေဂျင်းဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်သစ်အတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့ တရုတ်သမ္မတရှီကျင့်ဖျင်အတွက် သံတမန်ရေးရာ အောင်ပွဲဖြစ်စေခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ဝါရှင်တန်က မော်စကိုနဲ့ သဘောတူညီချက်တစ်ခုပြုလုပ်ရန် ကြိုးပမ်းနေချိန်မှာ ရှီကို သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို ကန့်သတ်ထားပေမယ့် ပူတင်နဲ့ ကင်တို့နှစ်ဦးစလုံးအပေါ် ရှီက အချက်ပြနိုင်စေမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဒီပွဲကို တက်ရောက်ခြင်း မရှိသော်လည်း ရုရှားအတွက် ကြီးထွားလာနေတဲ့ နျူကလီးယားလက်နက်နဲ့ ထောက်ပံ့မှုတွေကြောင့် အနောက်နိုင်ငံတွေကို တုန်လှုပ်သွားစေခဲ့တဲ့ ကင်နဲ့ တွေ့ဆုံလိုကြောင်း ဒီသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံတွေက မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ လာအိုခေါင်းဆောင်လည်း တက်ရောက်မယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အပြည့်အစုံ

++++++++++++++++++++++++

တရုတ်သမ္မတရှီကျင့်ဖျင့်သည် မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင် (တရုတ်၏အသုံးအနှုန်းအတိုင်း ဖော်ပြထားပါသည်) နှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသည် အရှေ့ဘက်စစ်မြေပြင်၏ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲ၏ အစိတ်အပိုင်းဖြစ်ပြီး SCO ၏ အရေးပါသော ဆွေးနွေးဖက်နိုင်ငံလည်း ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်နေ့တွင်ရရှိသည့် အခွင့်အ‌ရေးကို ဆုပ်ကိုင်ပြီး နက်ရှိုင်းစွာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ မိမိတို့ လူ့အဖွဲ့အစည်း အတွင်းအနာဂါတ်တည်ဆောက်မှုကို တိုးမြင့်မျှဝေပြီး နှစ်ဖက်နိုင်ငံမှ ပြည်သူများကို ကြီးမားသော အကျိုးကျေးဇူးရရှိ ဖြစ်ထွန်းစေမည်တို့ကို ဆောင်ကျဥ်းလာရန် ဖြစ်သည်။

တရုတ်နိုင်ငံသည် ဖော်ပြပါ မြန်မာနိုင်ငံ၏ လက်တွေ့ဘဝနှင့်ကိုက်ညီသော တိုးတက်ဖွံ့ဖြိုးရေးကို ထောက်ခံအားပေးပါသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ခြင်း၊ လုံခြုံရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး အကျိုးစီးပွားများကိုကာကွယ်ရန် ၊ ငလျှင်နောက်ပိုင်း ပြည်လည်ထူထောင်ရေးနှင့် ပြည်သူများကို ပိုမို ကောင်းမွန်သောဘဝရရှိရန်အတွက် ဆောင်ရွက်ပေးမှုတို့ကို ထောက်ခံအားပေးပါသည်။

ဓာတ်ပုံ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 23 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်များကြောင့် အဆိုပါဗိမာန်မှာ နာမည်ပျက်နေပြီး ဝန်ကြီးချုပ် မိုဒီ အစိုးရအတွက် အရှက်ရစရာ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည်။ အစ္စရေးတပ်ဖွဲ့များသည် ဆာဖစ်မြို့ (Salfit) အနောက်ဘက်ရှိ အယ်လ်ဇာဝီယာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့