တီမောက NUG ကို ကျောခိုင်း၊
AA က ARSA ကို အနိုင်ပိုင်း
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃)
ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့
၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက်ကို ပကဖနဲ့ ပအဖ ခေါင်းဆောင်ဆိုသူတွေနဲ့ ပကဖ တပ်ရင်း၂၈ နဲ့ ဓားမဆိုင်းတပ်တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။
၂။ တီမောက ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံအားပေးရာကနေ စစ်ကော်မရှင်ကို ထောက်ခံဆက်သွယ်အသိအမှတ် ပြုလာတဲ့သတင်းအပေါ် သုံးသပ်ချက်နဲ့
၃။ AA ရဲ့ ထုတ်ပြန်ချက်နဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိတဲ့ မြို့မဂျာမေဗလီကြီးကို ၁၃ နှစ်ကြာပိတ်ထားရာက အာရက္ခတပ်တော် AA က ပြန်ဖွင့်ပေးလိုက်တဲ့အပေါ် သုံးသပ်ချက်တို့ ဖြစ်ပါတယ်။
ခေတ်မျက်လုံး YouTube ချန်နယ်ကနေ ဒီညမြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ တိုက်ရိုက်အသံလွှင့် ပြောကြားမှာဖြစ်ကြောင်း လေးစားအပ်သော ပရိတ်ဿတ်များကို အသိပေးအပ်ပါတယ်။
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
