နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကုလသမဂ္ဂ အထွေထွေ ညီလာခံမတိုင်ခင် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု သည့်နိုင်ငံများထဲတွင် ပြင်သစ်ကလည်းပါဝင်မည်။

CNN- ၂၀၂၅ခုနှစ် စက်တင်ဘာလ ၂၂ရက်

ပြင်သစ်သည် ယခုအပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ဥရောပနိုင်ငံများအတွင်း နိုင်ငံတစ်ခုအဖြစ် ပါဝင်မည်ဖြစ်သည်။ ယမန်နေ့က အသိအမှတ်ပြုခဲ့သော ဗြိတိသျှ၊ ကနေဒါ၊ ဩစတြေးလျ၊ ပေါ်တူဂီနိုင်ငံများနှင့် တူညီသွားမည်။

• ယခုအသိအမှတ်ပြုမှုလှိုင်းကြောင့် ဂါဇာမြို့တွင် မြေပြင်တွင် တိုက်ခိုက်နေသော အစ္စ‌ရေးကို ပိုမိုဖိအားပေးနေပြီး၊ အပြည်ပြည်ဆိုင်ရာ စွပ်စွဲမှုများနှင့် ဟာမာ့စ်က ဖမ်းဆီးထားသော အကျဉ်းသား မိသားစုများ၏ ရှုတ်ချသံများကိုအစ္စ‌ရေးသည် လစ်လျှူရှုပြီး တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေသည်။

• ဂါဇာတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် လူဦးရေ ၆၅,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဂါဇာကျွန်းဆွယ် ကျန်းမာရေးဌာနက ဖော်ပြသည်။ နိုင်ငံတကာ ပညာရှင်များနှင့် အဖွဲ့အစည်းအများအပြားက ဤစစ်ပွဲသည် လူမျိုးတုံးသတ်ဖြတ်မှု (genocide) ဖြစ်ကြောင်းဆိုသော်လည်း အစ္စ‌ရေးက ပယ်ချခဲ့သည်။

• နှစ်နိုင်ငံ ဖြေရှင်းနည်း (Two-state solution) ၏ အကျပ်အတည်း

ယခုအခြေအနေအရ နှစ်နိုင်ငံ ဖြေရှင်းနည်း ကိုအကောင်အထည် ဖော်ရန်လုံးဝ မဖြစ်နိုင်သော အခြေအနေတွင်ရှိနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပါလက်စတိုင်း နိုင်ငံသည်အစ္စရေးနိုင်ငံနှင့် အတူယှဥ်တွဲနေထိုင်ရေးသည်လက်တွေ့တွင်ဖြစ်နိုင်ရန်ဝေးကွာလျက်ရှိသည်။

‌လေ့လာသူအများအပြားနှင့်တက်ကြွလှုပ်ရှားသူများက ဆယ်စုနှစ်များစွာ နှစ်နိုင်ငံအတူ ယှဥ်တွဲနေထိုင်ရေးဖြေရှင်းချက်ကိုအကောင်အထည်မဖော်နိုင်ခြင်းမှာအစ္စရေး၏နှစ်နိုင်ငံ ဖြေရှင်း ချက်ကိုဆန့်ကျင့်သည့်မူဝါဒကြောင့်ဖြစ်ပြီး ပါလက်စတိုင်းမြေများတွင် ဂျူးအခြေချ နေထိုင်ရာ အိမ်ယာများ တည်ဆောက်ခြင်း၊ အနောက်ဖက်ကမ်းကိုအုပ်ချုပ်နေသော ပါလက်စတိုင်း အာဏာပိုင် (PA) ကို အားနည်းအောင်လုပ်ခြင်းတို့ကြောင့် ဖြစ်လာသည်ဟု စွပ်စွဲ ခံထား ရသည်။

ကုလသမဂ္ဂအနေဖြင့် အရှေ့ဂျေရုဆလင်၊ အစ္စ‌ရေးကသိမ်းပိုက်ထားသော အနောက်ဖက်ကမ်း နှင့် ဂါဇာတို့သည် ပါလက်စတိုင်းတို့အပိုင်နယ်မြေများ အဖြစ်သတ်မှတ်ပေးထားပြီး ထိုနေရာတို့သည် အနာဂါတ်ပါလက်စတိုင်းနိုင်ငံအတွက်ဖြစ်သည်။

သို့ရာတွင် အရှေ့ဂျေရုဆလင်ကို အစ္စ‌ရေးက ကာလကြာမြင့်စွာကတည်းက သိမ်းပိုက်၍ သူနိုင်ငံတွင်း ပေါင်းထည့်ထားပြီး၊ ဆယ်စုနှစ်များစွာသိမ်းပိုက်ထားသော အနောက်ဖက်ကမ်း တွင်လည်း ဂျူးအခြေချနေထိုင်မှုများကိုတိုးချဲ့လုပ်ဆောင်နေခဲ့သည့်အတွက် ပါလက်စတိုင်း များသည် ဟိုတကွက်ဒီတကွက်အဖြစ်နယ်မြေအတွင်း တဆက်တည်း အစုအဖွဲ့နှင့် မတည်ရှိ နိုင်ဘဲ တစုနှင့်တစုကြားနှင့်လမ်းများကိုအစ္စရေးစစ်တပ်မှ ထိန်းချုပ်စိုးမိုးထားပြီး စစ်ဆေးရေး ဂိတ်များလည်းရှိပြီး ပါလက်စတိုင်းတစုနှင့်တစုကိုခွဲခြားထားခဲ့သည်။

ယခုအချိန်တွင် ဂျူးလူမျိုး အများစု ပါဝင်သည့် အစ္စ‌ရေးတိုးချဲ့အိမ်ယာ တည်ထောင်ထားသည့် နေရာများတွင် လူဦးရေ ၇၀၀,၀၀၀ ခန့် နေထိုင်နေပြီး၊ နိုင်ငံတကာဥပဒေအရ တရားမဝင်ဟု သတ်မှတ်ထားသည်။

ထိုအရေအတွက်သည်ပိုမိုတိုးပွားများပြားလာနိုင်ခြေရှိသည်။ နေတင်ရာဟုအစိုးရသည် လတ်တလောအတွင်း အိမ်ယာတိုးချဲ့မှုအတွက် အလွန်ကြီးမားသော အစီအစဉ်များ ချမှတ်ခဲ့ပြီး၊ အထူးသဖြင့် အနောက်ဖက်ကမ်းကို နှစ်ပိုင်းခွဲ ပိုင်းဖြတ်လိုက်မည့် အိမ်ခြေ ထောင်နှင့်ချီတည်ဆောက်မည့်အခြေအတင်အငြင်းပွားနေသည့် E1 စီမံကိန်းကိုလည်း ခွင့်ပြုလိုက်ပြီဖြစ်သည်။

ဂါဇာကျွန်းဆွယ်သည် အစ္စ‌ရေး၏ မနားမလှုပ် တိုက်ခိုက်မှုနှစ်နှစ်ကြာကြောင့် တလင်းပြင်ကြီးအဖြစ်အလုံးစုံပျက်စီးနီးပါး ဖြစ်သွားပြီဖြစ်သည်။

သုံးသပ်ချက်များ

အထူးသဖြင့် ပညာရှင်များ၊ စွန့်ဦးတီထွင်သူများနှင့် လေ့လာသူအများစုက ယခုမြေပြင်တွင် ဖြစ်ပျက်နေသော အခြေအနေအရ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတစ်ခု ထူထောင်ရန်မှာ ဖြစ်နိုင်မည် မဟုတ်ကြောင်း သဘောတူကြသည်။ အကြောင်းအရင်းအဖြစ် အစ္စ‌ရေးအစိုးရ၏ နှစ်ပေါင်းများစွာ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ဖြစ်သည်ဟု သတ်မှတ်သူများလည်းရှိသကဲ့သို့၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်ဆိုသည့် အမြင်ရှိသူများ လည်းရှိသည်။

အစ္စ‌ရေးအမြင်

ဝန်ကြီးချုပ် နေတင်ယာဟုက“ပါလက်စတိုင်းနိုင်ငံ ဘယ်တော့မှ မပေါ်ပေါက်စေရ” ဟုဂတိပြုပြောကြားခဲ့သည်။

“အောက်တိုဘာ ၇ ရက်မှာ အလွန်ဆိုးဝါးတဲ့ သတ်ဖြတ်မှုနောက်မှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့် ခေါင်းဆောင်များကို ကျွန်တော်အနေနှင့်ရှင်းလင်းစွာ သတင်းစကား ပါးချင် တာကတော့ သင်တို့ဟာအကြမ်းဖက်မှုကိုကြီးမားတဲ့ လက်ဆောင်ပေး နေကြခြင်း ဖြစ်သည်” ဟုပြောခဲ့သည်။

နေတင်ရာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မကြာမီ တွေ့ဆုံပြီးနောက် အစ္စ‌ရေး၏ တုံ့ပြန်မှု ထုတ်ဖော်မည်ဟု ထပ်မံကြေညာသည်။

ပါလက်စတိုင်းတို့ရဲ့အမြင်

ပါလက်စတိုင်းအာဏာပိုင် သမ္မတ မာမွတ်အဘတ်စ်က –

ယခုကဲ့သို့အသိအမှတ်ပြုမှုကြောင့်ထို ကြေညာချက်များသည် နှစ်နိုင်ငံဖြေရှင်းနည်းကို အကောင်အထည်ဖော်နိုင်ရန် လမ်းဖွင့်ပေးမည်ဖြစ်ပြီး၊ “ပါလက်စတိုင်းနိုင်ငံသည် အစ္စ‌ရေးနိုင်ငံနှင့် ဘေးချင်းယှဥ်၍အတူ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ကောင်းမွန်သော အိမ်နီးချင်းဆက်ဆံရေးဖြင့် အတူတကွငြိမ်းချမ်းစွာ နေထိုင်နိုင်မည်” ဟု ပြောကြားခဲ့သည်။

ဟာမာ့စ် နိုင်ငံရေးရုံး အကြီးတန်းအဖွဲ့ဝင် ဘာဆမ် နေအမ်(Basem Naim) ကလည်း –

ဤလုပ်ဆောင်မှုကို “ကြိုဆိုသင့်သောခြေလှမ်း” ဖြစ်သော်လည်း၊ “မြေပြင်တွင် လက်တွေ့အကျိုးအထိရောက်သောလုပ်ဆောင်မှုများ ထပ်မံလိုအပ်သည်” ဟု ကြေညာခဲ့သည်။

အမေရိကန်အမြင်

ဗြိတိသျှက အသိအမှတ်မပြုမီကတည်းက သမ္မတ ထရမ့် က ဤကိစ္စအပေါ် သူက သဘောမတူကြောင်း ရှင်းလင်းစွာ ပြောခဲ့သည်။ ကနေဒါက ဇူလိုင်လတွင် အသိအမှတ် ပြုလိုက်သည့်အခါ၊ ထရမ့်က ၎င်းလုပ်ဆောင်မှုကြောင့် ကနေဒါနှင့် ကုန်သွယ်ရေး စကားဝိုင်းများတွင် ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noël Barrot.

နေတင်ရာဟု

ဗြိတိန်တွင်ပါလက်စတိုင်းနိုင်ငံအဖြစ်အသိအမှတ်ပြုခြင်း

ဂါဇာအပျက်အစီးများနှင့် ပါလက်စတိုင်းသားများနှင့်ကလေးငယ်များ

ဂါဇာအပျက်အစီးများကြားအမျိုးသမီးတယောက်အိတ်ထမ်းလာစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 38 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 42 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 41 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 37 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 32 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 34 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 33 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ