နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာဖရိက

ရုရှား-ယူကရိန်းစစ်ပွဲအတွင်းသို့ ရုရှားနိုင်ငံက အာဖရိကန်အမျိုးသားများအား အလုပ်အကိုင်ကောင်းများပေးမည်ဟု လိမ်လည်ဖြားယောင်းကာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်နေသည့်အကြောင်း CNN သတင်းဌာန၏ စုံစမ်းထောက်လှမ်းချက်မှ အဓိကအချက်များနှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

CNN -၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက်

အာဖရိကနိုင်ငံများ ဖြစ်သည့် ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဂါနာ၊ ယူဂန်ဒါတို့ မှ အမျိုးသားများအား လျှပ်စစ်အင်ဂျင်နီယာ၊ လုံခြုံရေးဝန်ထမ်း သို့မဟုတ် ယာဉ်မောင်းအလုပ်များ ပေးမည်ဟု ဆိုကာ ရုရှားအေးဂျင့်များက လိမ်လည် စည်းရုံး၍စစ်တိုက်ခိုင်းရန်စုဆောင်းခဲ့ကြသည်။

ကတိကဝတ်အနေနှင့် လက်မှတ်ထိုးကြေး ဒေါ်လာ ၁၃,၀၀၀ နှင့် လစာ ဒေါ်လာ ၃,၅၀၀ အထိ ပေးမည်ဟု ကတိပြုခဲ့သော်လည်း လက်တွေ့တွင် လစာမရခြင်း၊ ဘဏ်အကောင့်ထဲမှ ငွေများ ခိုးယူခံရခြင်းနှင့် စာချုပ်ပါအချက်အလက်များကို မိမိနားလည်သည့်ဘာသာသို့ပြန်မပေးဘဲ ရုရှားလိုရေးသားထားသည့်စာချုပ်များကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခြင်းများ ရှိနေသည်။

စစ်မှုထမ်းဖူးခြင်းမရှိသည့် အရပ်သားများကိုပင် ၃ ပတ်ခန့်သာစစ် သင်တန်းပေးပြီး ယူကရိန်းရှေ့တန်းသို့ ပို့ဆောင်၍စစ်တိုက်ခိုင်းခဲ့သည်။

လူမျိုးရေးခွဲခြားမှုနှင့် နှိပ်စက်မှုများ ရုရှားတပ်တွင်းတွင် ရှိနေပြီး အာဖရိကန် တိုက်ခိုက်ရေးသမားများသည် ရုရှားတပ်မှူးများ၏ လူမျိုးရေးခွဲခြား စော်ကားမှုများကို ရင်ဆိုင်ရပြီး၊ အန္တရာယ်ရှိသော ရှေ့တန်းနေရာများတွင် “သားကောင်” သဖွယ် အသုံးချခံနေရသည်။

ထိုစစ်သားများ၏ရင်နင့်ဖွယ်နှင့် ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်များကို အောက်တွင် ဖော်ပြ လိုက်ပါသည်။

 “အသေခံဗုံးခွဲသူ” အဖြစ် အသုံးချခံရသည့် သားဖြစ်သူ

ကင်ညာနိုင်ငံမှ အန်နီ (Anne) သည် သူမ၏တစ်ဦးတည်းသောသား ဖရန်စစ် (Francis) ၃၅နှစ် အား လျှပ်စစ်အင်ဂျင်နီယာအလုပ် ရမည်ဆိုကာ ရုရှားသို့ လွှတ်လိုက်သည်။ သို့သော် နောက်ပိုင်း တွင် သူမ မြင်တွေ့လိုက်ရသည်မှာ ထိတ်လန့်ဖွယ်ရာ ဗီဒီယိုဖိုင်တစ်ခုဖြစ်သည်။ သူမ၏သားသည် စစ်ယူနီဖောင်းဝတ်ထားပြီး ရင်ဘတ်တွင် မြေမြှုပ်မိုင်းတစ်ခုကို ချည်နှောင်ထားခြင်း ခံထားရသည်။ ထိုဗီဒီယိုထဲတွင် ရုရှားစကားပြောသူတစ်ဦးက ဖရန်စစ်ကို လူမျိုးရေးခွဲခြားစော်ကားသည့် စကားလုံးများသုံးကာ ယူကရိန်းခံစစ်ကို ဖောက်ထွင်းရန် သံဘူးဖွင့်စက်” (can-opener) အဖြစ် အသုံးချမည်ဟု လှောင်ပြောင်ပြောဆိုနေခဲ့သည်။

“ထွက်ပြေးပါ၊ မဟုတ်ရင် သေရလိမ့်မယ်”

အသက် ၃၉ နှစ်အရွယ် ကန်ထရိုက်လုပ်သား ပတ်ထရစ် (Patrick) သည် ဆိုရှယ်မီဒီယာ ပေါ်တွင် သူငယ်ချင်းတစ်ဦး၏ ဘဝအဆင်ပြေနေပုံကို ကြည့်ပြီး ရုရှားစစ်တပ်တွင် လုံခြုံရေး လုပ်ရန် သွားခဲ့သည်။ သို့သော် သူရောက်သွားသည်မှာ “ငရဲခန်း” ပင်ဖြစ်သည်။

ယူကရိန်းဒရုန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိချိန်တွင် သူ၏ ရုရှားလုပ်ဖော်ကိုင်ဖက်က သူ့ကို ကူညီမည့်အစား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ “ရုရှားစစ်တပ်ထဲ ခြေချမိပြီဆိုရင် ထွက်ပြေးနိုင်မှ လွတ်မယ်၊ မဟုတ်ရင် သေဖို့ပဲရှိတယ်” ဟု သူက ဆိုသည်။ သူသည် စိန့်ပီတာ စဘတ်တွင် ဆေးကုသခွင့်ရစဉ် မော်စကိုရှိ ကင်ညာသံရုံးသို့ ခိုးထွက်ကာ အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်လာခဲ့သည်။

ကိုယ်ဝန်ပျက်ကျမှုကိုပင် မသိနိုင်ခဲ့သည့် အဖေ

ကင်ညာဓာတ်ပုံဆရာအသက် ၃၂နှစ်အရွယ်ချားလ် နဂျိုကီ ( Charles Njoki) သည် ကိုယ်ဝန်ဆောင်ဇနီးနှင့် မိသားစုကို ထောက်ပံ့ရန် ကားကိုရောင်းပြီး ရုရှားသို့ သွားခဲ့သည်။ ရုရှားရောက်ပြီး စစ်သင်တန်းတက်နေစဉ် ဖုန်းများအသိမ်းခံထားရသဖြင့် သူ၏ဇနီး ကိုယ်ဝန်ပျက်ကျသွားသည်ကိုပင် ရက်အတော် ကြာသည်အထိ မသိခဲ့ရပေ။ နောက်ပိုင်းတွင် သူသည်လည်း ရှေ့တန်းတွင် ဒဏ်ရာရခဲ့ပြီး ရုရှားဆရာဝန်က “မင်းသေနတ်ပစ်ဖို့ သုံးတဲ့ လက်ချောင်းနှစ်ချောင်း ကောင်းနေရင် ပြီးတာပဲ” ဟုသာ တုံ့ပြန်ခဲ့ကြောင်း ရင်ဖွင့်ခဲ့သည်။

အာဖရိကန် တိုက်ခိုက်ရေးသမားများသည် ယူကရိန်းဒရုန်းများအတွက် သားကောင်အဖြစ် အန္တရာယ်ရှိသော အခြေအနေများတွင် တမင်တကာ ထုတ်ဖော်ပြသခြင်း ခံခဲ့ရသည်ဟု နဂျိုကီ (Njoki) က စွပ်စွဲပြောဆိုသည်။ “လူတွေကို သူတို့ပြောတာကတော့ နေရာတစ်ခုကို စောင့်ကြပ်ရုံပဲ၊ တိုက်ခိုက်ရေးအတွက် ရှေ့တန်းကို မသွားရဘူးဆိုပြီး ပြောတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေရတာကို ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့ရတယ်” ဟု သူက ဆိုသည်။ သူသည်လည်း စိန့်ပီတာစဘတ်မှ ထွက်ပြေးခဲ့ပြီး မော်စကိုရှိ ကင်ညာသံရုံးသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမိမြေသို့ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရုရှားဘက်က လူစုဆောင်းသူများနှင့် ပတ်သက်၍ ၎င်းက “သူတို့က လူတွေကို လိမ်ညာနေကြတာပါ။ ပေးမယ်လို့ သူတို့ပြောတဲ့ ငွေကြေးပမာဏဟာလည်း အမှန်တရား မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ဤဖြစ်ရပ်များသည် ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်ရှားပါးမှုကို အခွင့်ကောင်းယူကာ အာဖရိကန်လူငယ်များအား အသေခံစစ်သားများအဖြစ် အသုံးချနေသည့် ရုရှား၏ ရက်စက်သော စုဆောင်းရေးပုံစံကို ဖော်ပြနေပါသည်။

ယူကရိန်းက အာဖရိကနိုင်ငံများအနေဖြင့် ရုရှားတပ်များထဲသို့ အမျိုးသားများ ဝင်ရောက်မှုကို တားဆီးရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

“သူတို့က ရှေ့တန်းမှာ ရှိနေရင် သူတို့က ကျွန်တော်တို့ရဲ့ ရန်သူတွေဖြစ်ပြီး ယူကရိန်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာပါ” ဟု ကင်ညာနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ယူရီ တိုကာက CNN သို့ ပြောကြားခဲ့သည်။ “ဒီပိုက်လိုင်းစီးဆင်းနေမှုကို ရပ်တန့်သင့်ပါတယ်။”

————————————————————————

မှတ်ချက်။ ။ ယနေ့ရုရှားနိုင်ငံသည်စစ်အုပ်စုနှင့်အလွန်ရင်းနှီးသောအနေအထားတွင်ရှိနေပြီး မကြာသေးမီက မြန်မာနိုင်ငံသားများအတွက် ရုရှားသို့လာရောက်လည်ပတ်ရန်နှင့် အလုပ် လုပ်ရန် အတွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ခြင်းမှာ မြန်မာလူငယ်များကိုရုရှား-ယူကရိန်း စစ်ပွဲအတွင်းသို့သွတ်သွင်းရန်လမ်းဖွင့်ထားခြင်းလားဟုသံသယရှိပါသည်။ အကယ်၍ စစ်ထဲသို့အတင်းသွတ်သွင်းခံရလျှင်သူတို့အနေနှင့်ထွက်ပြေး၍ မြန်မာသံရုံးသို့ အကူအညီတောင်းလျှင် ကောကူညီပါ့မလားသံသယရှိပါသည်။


စိတ်အနှောင့်အယှက်ဖြစ်စေသော ဗိုင်းရပ်စ်ဗီဒီယိုတစ်ခုတွင် ဖရန်စစ် အန်ဒွန်ဂူ အန်ဒါရူးအာသည် ရင်ဘတ်တွင် မြေမြှုပ်မိုင်းတစ်လုံး ချည်နှောင်ထားသည့် ယူနီဖောင်းဝတ်ထားပြီး ရုရှားစကားပြောသူတစ်ဦးက လူမျိုးရေးခွဲခြားသည့် စော်ကားသည့်စကားများ ပြောဆိုနေသည်ကို ပြသထားသည်။ CNN(ပုံ)

အလုပ်သမား စုဆောင်းရေး အေးဂျင့်တစ်ဦးက အာဖရိကရှိ အလုပ်လျှောက်ထားနိုင်သူ တစ်ဦးထံ ဆိုရှယ်မီဒီယာ သတင်းစကားမှတစ်ဆင့် ပေးအပ်မည်ဟု ဆိုသော အပိုဆုကြေးနှင့် လစာ အသေးစိတ် အချက်အလက်များကို ဖော်ပြထားစဉ်။ (CNN မှ ရရှိထားသော မှတ်တမ်းဖြစ်သည်) (ပုံ)

ယူကရိန်းတွင် တာဝန်ထမ်းဆောင်စဉ် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဝတ်စုံဝတ်ဆင်ထားသည့် ဓာတ်ပုံတွင် ပါရှိသော ပက်ထရစ် ကဝိုဘာက ပြောကြားခဲ့သည်။(ပုံ)

ယူကရိန်းတွင် ရုရှားစစ်ဝတ်စုံဝတ်ဆင်ထားသည့် Charles Njoki ကို တွေ့ရစဉ်။(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 81 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 74 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 91 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက