နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦး-ရွှေဘိုအစပ်မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် အများအပြားသေဆုံးခဲ့

စက်တင်ဘာလ (၂၅)ရက်။

စက်တင်ဘာလ (၂၂)ရက်နေ့က ခင်ဦး-ရွှေဘိုအစပ်မှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို ခင်ဦးမြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ခင်ဦးနဲ့ ရွှေဘိုအစပ်မှာ စကစရဲ့စစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ကြားဖြတ်ပိတ်ဆိုတိုက်ခိုက်ခဲ့တာ။ အဲ့ဒီတိုက်ပွဲမှာ သေဆုံးတဲ့အထဲ စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်အဆင့်တွေ ပါတယ်” လို ဆိုပါတယ်။

စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်အဆင့်အပါအဝင် တပ်သားအများအပြား သေဆုံးခဲ့ပြီး (၂)ဦးကို ထိခိုက်ဒဏ်ရာတွေနဲ့ အရှင်ဖမ်းမိခဲ့တယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး တိုက်ပွဲထဲ တော်လှန်ရေးအင်အားစုတွေဘက်က လုံးဝထိခိုက်တာမရှိခဲ့သလို စစ်တပ်ထံက လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို ရေးသားထားပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီး နောက်တရက်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေရှင်းလင်းခဲ့ရာ စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် ရုပ်အလောင်းတွေကို မြေမြုပ်သင်္ဂြိုလ်ပေးခဲ့တယ်လိုလဲ ပြောဆိုထားပါတယ်။

တိုက်ပွဲကနေ ဒဏ်ရာတွေနဲ့ ဖမ်းမိထားတဲ့ စစ်သုံးပန်းတွေကိုတော့ ဆေးကုသပေးခဲ့ပြီး စစ်ဘက်ဆိုင်ရာ သက်ဆိုင်ရာဌာနမှာ ထိန်းသိမ်းထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲနယ်ထဲ တော်လှန်ရေးအကြောင်းပြပြီး ကိုယ်ကျိုးစီးပွားအတွက် သစ်ထုတ်ယူတာတွေ့ရင် သိမ်းမယ်လို့ BNRA သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 9 Views
စက်တင်ဘာလ (၂၅)ရက်။ ပုလဲဒေသထဲ သစ်တွေကို NUG လက်အောက်ခံအဖွဲ့တွေက တော်လှန်ရေးအကြောင်းပြပြီး ကိုယ်ကျိုးအတွက် ရောင်းစားနေကြတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 8 Views
ရဲစွမ်းသတ္တိရှိခြင်းနဲ့ မိုက်ရူးရဲစိတ် (Courage and Foolhardy) ဦးထွန်းအောင်ကျော်က မြန်မာပြည်သူများ အထူးသဖြင့် အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် လူငယ်များကို ရည်ရွယ်ပြီး ရဲစွမ်းသတ္တိရှိခြင်းနဲ့
မြန်မာသတင်း

ကျောက်မဲမြိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် မိသားစု(၃)ဦးထိမှန်ပြီး တစ်ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 16 Views
စက်တင်ဘာလ (၂၅)ရက်။ စက်တင်ဘာလ (၂၃)ရက်နေ့က ကျောက်မဲမြို ပင်ပေါရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပင်ပေါရွာထဲကို စစ်တပ်က လက်နက်ကြီးနဲ့
မြန်မာသတင်း

ရွှေဝါရောင်တော်လှန်ရေးကို ဆုပ်ကိုင်ရင်း တရားမျှတမှုနဲ့ လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို သံဃသမဂ္ဂ(မန္တလေး)ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 17 Views
စက်တင်ဘာလ (၂၅)ရက်။ ရွှေဝါရောင်စိတ်ဓါတ်ကို ဆုပ်ကိုင်ရင်း တရားမျှတနှုနဲ့ လွတ်လပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို သံဃသမဂ္ဂ(မန္တလေး)က ဒီကနေ့ ရွှေဝါရောင်တော်လှန်ရေး (၁၈)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ အခု နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ မီးရှုးတန်ဆောက်တခုဖြစ်ပြီး
မြန်မာသတင်း

ကျောက်မဲနဲ့ သီပေါမှာ စစ်တပ်ရဲ့ စရဖနဲ့ သတင်းပေးတွေကို ဖမ်းမိခဲ့တယ်လို့ TNLA ထုတိပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 15 Views
စက်တင်ဘာလ (၂၅)ရက်။ ကျောက်မဲနဲ့ သီပေါမြို့မှာ သတင်းရယူဖို့ဆိုပြီး စစ်တပ်က လွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေးတွေကို ဖမ်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်ထဲ စစ်တပ်က စရဖတွေ အများအပြားကို စေလွှတ်ထားကာ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး (၂)လုံးကြဲချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 31 Views
စက်တင်ဘာလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က ကျောက်မဲမြို့ ပင်တီးရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပင်တီးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မင်းကင်းနယ်မှာ ကျေးရွာပလဖတာဝန်ခံက ယောင်္ကျားဖြစ်သူကို ထိတ်တုံးခတ်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 75 Views
စက်တင်ဘာလ (၂၄)ရက်။ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မြောက်ချွန်းကျေးရွာရဲ့ ပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)ဦးသိန်းတန်က ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဖြစ်တာက မြောက်ချွန်းကျေးရွာပလဖတာဝန်ခံ ဦးအိုက်နိုင်း(ခ)သိန်းတန်က ရွာခံအမျိုးသမီးကို တောထဲခေါ်သွားပြီး မုဒိန်းကျင့်တာ၊ (၁၈)ရက်နေ့က တကြိမ်နဲ့
မြန်မာသတင်း

မြန်မာမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာဦးရေ (၃)သန်းခွဲကျော်အထိရှိလာ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 81 Views
စက်တင်ဘာလ (၂၄)ရက်။ မြန်မာနိုင်ငံတဝန်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေထိုင်သူဦးရေ (၃ ဒသမ ၆)သန်းနီးပါးခန့်ရှိလာခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတဝန်းဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် နေ့တိုင်းနီးပါး အရပ်သား ထိခိုက်သေဆုံးတာတွေရှိပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ