မတ်လ (၁၀)ရက်။
မနေ့က နံနက် (၁၀)နာရီအချိန်က လယ်ကဆောမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ တပ်ရင်း (၅၅၉)၊ (၅၆၀)၊ (၃၅၈)နဲ့ (၂၂၄)တို့ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းဟာ လယ်ညာ-ရတနာပုံလမ်းပိုင်း မိုင်တိုင် (၅)မိုင်အနီးကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို စစ်ကြောင်းထိုးလာချိန် KNLA တပ်မဟာ (၄)၊ တပ်ရင်း (၂၀၃)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်တပ်ဘက်က (၄)ဦးသေဆုံးပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် တိုက်ပွဲထဲ KNLA နဲ့ ပူးပေါင်းတပ်တွေက MA-1 (၁)လက်၊ MA-3 (၂)လက်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။









