မတ်လ (၁၃)ရက်။
စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဗိုလ်မှူးကြီး ဝင်းမောင်မောင်ဟာ စစ်ကော်မရှင်တပ်ရဲ့ နောင်ချိုတန်ပြန်စစ်ဆင်ရေးမှာ နာမည်ကောင်းရရှိခဲ့ပြီးနောက် (၇၇)ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူးဖြစ်လာတာလို ဆိုပါတယ်။
ဒါပေမယ့် ပခုက္ကူတိုက်ပွဲမှာ တပ်မမှူးရာထူးတိုးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံးတယ်ဆိုတာဟာ ကနဦးသိရှိရတဲ့ သတင်းသာဖြစ်ပြီး ဆက်လက်စုံစမ်းနေတယ်လို ဖော်ပြထားပါတယ်။
ဗိုလ်မှူးကြီး ဝင်းမောင်မောင် သေဆုံးတယ်ဆိုတာ မှန်ကန်ရင် စစ်မြေပြင်မှာ ထိခိုက်ဆုံးရှုးတဲ့ တပ်မ(၇၇)ရဲ့ ဒုတိယမြောက်တပ်မမှူးဖြစ်တယ်လို ရေးသားထားပါတယ်။
အရင်တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးဟာ အင်းတော်မြိုနယ်တိုက်ပွဲထဲ PDF ရဲ့ စစ်သုံပန်းအနေနဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလ (၈)ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
အခုအခါ တပ်မ(၇၇)ဟာ ချင်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းနဲ့ မကွေးတိုင်းတိုမှာ တပ်ခွဲဖြန့်စစ်ဆင်ရေး ဝင်ရောက်နေတယ်လို MDSI က ပြောဆိုထားပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းကစပြီး စစ်ကော်မရှင်တပ်ရဲ့ အင်အား (၁၀၀၀)ခန့်ပါ ယာဉ်တန်းတွေဟာ ပခုက္ကူကနေ ဆိပ်ဖြူမြို ကန်ဇွန်းမ ကပစ(၂၂)ဘက်ကို ချီတက်နေတယ်လို သိရပါတယ်။








