နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

NLD လွှတ်တော်အမတ်နှစ်ဦး၏ မိသားစုဝင်များနှင့် ကလေးငယ်များ ဖမ်းဆီးခံရပြီး ဒေသခံရွာသားအချို့လည်း ရိုက်နှက်ဖမ်းဆီးခြင်းခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မင်းဘူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းဝင်း၊ စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးဖိုးကျော်၊ CDM ကျောင်းဆရာ ဦးမြင့်အေး တို့ကို စစ်တပ်က ဇန်နဝါရီ (၈) ရက်နေ့ မနက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၅ နာရီမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ဖမ်းဝရမ်းထုတ် ခံထားရသူ ပွင့်ဖြူ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း၊ မင်းဘူး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့အတူ က လေးငယ် အပါအဝင် မိသားစု​ စလင်းမြို့ NLD အလုပ်အမှုဆောင် ဦးဖိုးကျော်နဲ့ ရေနံချောင်းမြို့မှ CDM ကျောင်းဆရာ ဦးမြင့်အေး တို့ကို ပွင့်ဖြူမြို့နယ်၊ ရှားတောကျေးရွာ၌ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် လက်ခံထားတဲ့ အိမ်ရှင် ဦးမောင်ညိုနဲ့ ရွာသား တစ်ချို့ကိုပါ ရိုက်နှက်ပြီး တစ်ပါတည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အခုလို စီးနင်း ဖမ်းဆီးမှုကို စစ်တပ်က ဗိုလ်မှူးချစ်ကို နဲ့အဖွဲ့က ဦးဆောင် ပြုလုပ်တာဖြစ်ကြောင်းသိရသည်။ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းသည် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဘုန်းမော်ရွှေရဲ့ ကျပ်သိန်းထောင်နဲ့ချီတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အလွဲသုံးစားမှုကို ကဖော်ထုတ်ခဲ့သည့် သူဖြစ်သည်။

စစ်တပ်က ဖမ်းဆီးသွားသည့်အထဲတွင် မင်းဘူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့အတူ ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ သားသမီး ၃ ဦးဖြစ်ကြတဲ့ အသက် ၁၇ နှစ်အရွယ် မောင်သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေး၊ အသက် ၃ နှစ်အရွယ် မောင်လပြည့်ဝင်း တို့ပါ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

ပွင့်ဖြူ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းကိုမူ ဇန်နဝါရီ (၈)ရက်နေ့က ဖမ်းဆီးမိတာဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကေသီမိုးနဲ့ တူမတော်စပ်သူ မနန်းမြတ်မြတ်လှိုင်တို့ကို ဦးထွန်းထွန်းကို ရှာမတွေ့တာကြောင့် ဓားစာခံအဖြစ် စစ် တပ်က မနှစ်ကတည်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

MoeZ/ Era’sEyes

REF : MEKONGNEWS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 13 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 36 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့