နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

NLD လွှတ်တော်အမတ်နှစ်ဦး၏ မိသားစုဝင်များနှင့် ကလေးငယ်များ ဖမ်းဆီးခံရပြီး ဒေသခံရွာသားအချို့လည်း ရိုက်နှက်ဖမ်းဆီးခြင်းခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၊ မင်းဘူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းဝင်း၊ စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးဖိုးကျော်၊ CDM ကျောင်းဆရာ ဦးမြင့်အေး တို့ကို စစ်တပ်က ဇန်နဝါရီ (၈) ရက်နေ့ မနက်ပိုင်းမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၅ နာရီမှာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ဖမ်းဝရမ်းထုတ် ခံထားရသူ ပွင့်ဖြူ NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်း၊ မင်းဘူး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့အတူ က လေးငယ် အပါအဝင် မိသားစု​ စလင်းမြို့ NLD အလုပ်အမှုဆောင် ဦးဖိုးကျော်နဲ့ ရေနံချောင်းမြို့မှ CDM ကျောင်းဆရာ ဦးမြင့်အေး တို့ကို ပွင့်ဖြူမြို့နယ်၊ ရှားတောကျေးရွာ၌ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် လက်ခံထားတဲ့ အိမ်ရှင် ဦးမောင်ညိုနဲ့ ရွာသား တစ်ချို့ကိုပါ ရိုက်နှက်ပြီး တစ်ပါတည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ အခုလို စီးနင်း ဖမ်းဆီးမှုကို စစ်တပ်က ဗိုလ်မှူးချစ်ကို နဲ့အဖွဲ့က ဦးဆောင် ပြုလုပ်တာဖြစ်ကြောင်းသိရသည်။ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းသည် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဘုန်းမော်ရွှေရဲ့ ကျပ်သိန်းထောင်နဲ့ချီတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အလွဲသုံးစားမှုကို ကဖော်ထုတ်ခဲ့သည့် သူဖြစ်သည်။

စစ်တပ်က ဖမ်းဆီးသွားသည့်အထဲတွင် မင်းဘူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနဲ့အတူ ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ သားသမီး ၃ ဦးဖြစ်ကြတဲ့ အသက် ၁၇ နှစ်အရွယ် မောင်သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေး၊ အသက် ၃ နှစ်အရွယ် မောင်လပြည့်ဝင်း တို့ပါ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။

ပွင့်ဖြူ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းထွန်းကိုမူ ဇန်နဝါရီ (၈)ရက်နေ့က ဖမ်းဆီးမိတာဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကေသီမိုးနဲ့ တူမတော်စပ်သူ မနန်းမြတ်မြတ်လှိုင်တို့ကို ဦးထွန်းထွန်းကို ရှာမတွေ့တာကြောင့် ဓားစာခံအဖြစ် စစ် တပ်က မနှစ်ကတည်းက ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

MoeZ/ Era’sEyes

REF : MEKONGNEWS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဆည်အနီးမှာ နောက်ဆက်တွဲ ငလျင်ထပ်လှုပ် မန္တလေးနဲ့ မြိုကြီးတွေမှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားရတယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 12 Views
မေလ (၁၈) ရက်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နားမှာ မဂ္ဂနီကျူ ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မေလ ၁၇ ရက်နေ့ည
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးခံရသူများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ ဆက်လက်လည်ပတ်နေ

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 75 Views
မေလ (၁၇) ရက်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNHTV) က မြန်မာနိုင်ငံတွင် တရုတ်ဦးဆောင်သည့် ရာဇ၀တ်ဂိုဏ်းများက ဖမ်းဆီးထိန်းသိမ်းထားဆဲ
မြန်မာသတင်း

မင်းပြားတိုက်ပွဲက ဖမ်းဆီးရမိတဲ့ စစ်သုံပန်း မိသားစုများကို AA ပြန်လွှတ်

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 18 Views
မေလ (၁၇) ရက်။ အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း မင်းပြားမြို့ ဖမ်းဆီးရမိတဲ့ စစ်သုံပန်းမိသားစုဝင် ၂၂၅ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်းမီဒီယာ Arakan Princess Media မှာ ဖော်ပြပါတယ်။ မင်းပြားမြိုသိမ်းတိုက်ပွဲကာလအတွင်း
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 21 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ အစွမ်းကုန်ဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 27 Views
မေလ (၁၆)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ (၂)နှစ်ကျော်ကာလထဲ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ
မြန်မာသတင်း

MNDAA ရဲ့ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်တာက အသက်ပေးခဲ့တဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ SAC-M ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
မေလ (၁၆)ရက်။ MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲအပ်ဖို့ ‌ဆုံးဖြတ်ခဲ့တာဟာ အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမားတွေကို သစ္စာဖောက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ “ MNDAA က လားရှိုးမြို့ကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌မေလ (၁၄)ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ကို
မြန်မာသတင်း

မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တဲ့ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ မန္တလေးမှာ ဓါးပြတိုက်၊ လုယက်တာတွေ ကျူးလွန်တဲ့ (၁၇)ဦးပါ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ ဂိုဏ်းအဖွဲ့မှာ အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၂)ဦးတို့ဖြစ်ပြီး အမရပူရ၊