ဧပြီလ (၂၇)ရက်။
ဧပြီလ (၂၂)ရက်နေ့က ဘုတ်ပြင်းမြို့မှာ စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာတယ်လို့ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဟာ ဘုတ်ပြင်းမြို့အခြေစိုက် ခလရ(၂၂၄)တပ်ရင်းက အသက် (၃၃)နှစ်အရွယ် ပေါက်ကြီးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
သူဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၇)၊ ရန်ကုန် သစက(၂) မှော်ဘီသင်တန်းကျောင်းမှာ စစ်သင်တန်းတက်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားဟာ ပြည်ကြီးမဏ္ဍိုင်-ရတနာပုံလမ်းပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းမှာ ပါဝင်တဲ့ တပ်သားတဦးဖြစ်တယ်လို့လဲ ရေးသားထားပါတယ်။
အဲ့ဒီနောက် ဧပြီလ (၂၂)ရက်နေ့မှာ စစ်ကြောင်းကနေ ထွက်ပြေးလာပြီး ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့ဆီ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာချိန် သူနဲ့အတူ MA-1 (၁)လက်၊ ကျည်ဘောက် (၃)ဘောက်နဲ့ ကျည် (၂၈၀)တောင့်ကို ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








