ဧပြီလ (၂၇)ရက်။
ဧပြီလ (၂၅)ရက်နေ့ နေ့လယ် (၁၂)နာရီခန့်က ကလေးဝမြို့ စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖအသံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စကစအတွက် ဗျူဟာမြောက်အရေးပါတဲ့ ကလေးဝနယ် အောင်ချမ်းသာအထိုင်စခန်းကို PDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ” လို့ ဆိုပါတယ်။
အောင်ချမ်းသာအထိုင်စခန်းဟာ စစ်ကောင်စီအတွက် ဗျူဟာမြောက်အရေးပါတဲ့ စခန်းတခုဖြစ်ပြီး PDF နဲ့ ပကဖ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အောင်ချမ်းသာအထိုင်စခန်းကို လက်မလွှတ်ရဖို့အတွက် စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ကြိမ် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ အောင်ချမ်းသာအထိုင်စခန်းကို သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး ရုပ်သံဖိုင်နဲ့ ထုတ်ပြန်ထားကာ စခန်းသိမ်း အခြေအနေ အသေးစိတ်ကိုတော့ ပြောဆိုထားတာမရှိသေးဘူးလို့ သိရပါတယ်။








