ဇွန်လ (၂၉)ရက်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို တောင်းဆိုနေတာ ရက်ပေါင်း (၇၀)ရှိပြီလို All in One Piece Movement က ဆိုပါတယ်။
ဒါပေမယ့် စစ်အုပ်စုဘက်က သက်သေတစုံတရာ ထုတ်ပြတာမရှိဘဲ နိုင်ငံတကာနဲ့ ပြည်သူရဲ့ တောင်းဆိုတာကို မသိကျိုးကျွန် လျစ်လျူပြုနေတုန်းပဲလို ဖော်ပြထားပါတယ်။
ဒါ့ကြောင့် Proof of Life ကို အခုထက် ပိုမိုပြင်းထန်ထိရောက်တဲ့ အစီအစဉ်တွေနဲ့ ဆက်လက်တောင်းဆိုဖို စီစဉ်နေတယ်လို အသိပေးထားပါတယ်။
အဲ့ဒီအစီအစဉ်တွေကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ကြနိုင်ဖိုအတွက် ဆက်လက်ထုတ်ပြန်သွားမယ်လို ကြေညာထားပါတယ်။
Proof of Life အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦးဆောင်ပြီး ပြုလုပ်နေကာ ပြည်တွင်း၊ပြည်ပက ပြည်သူတွေလဲ ပါဝင်တောင်းဆိုနေကြတာပါ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းဖိုကြိုးပမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး မတရားဖမ်းဆီးထားကာ အခုအခါ ရက်ပေါင်း (၁၉၇၅)ရက်ရှိပြီဖြစ်တယ်လို သိရပါတယ်။








