နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရည်အချင်းပြည့်မီသောသူများကို အစိုးရအဖြစ် အုပ်ချုပ်ခွင့်ပေးရန် အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း

မကြာသေးမီနှစ်များအတွင်း ဂျာကာတာသည် မြန်မာနိုင်ငံအပေါ် တင်းတင်းကျပ်ကျပ် ရပ်တည်ခဲ့သည်။ နှစ်နိုင်ငံစလုံးတွင် စစ်တပ်နှင့် ချိတ်ဆက်ထားသော အစိုးရများရှိသည်။

—————————————————————————————————————–

ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွားလာခြင်းကြောင့် စီးပွားရေး လျင်မြန်စွာ ကျဆင်းနေသည့် နိုင်ငံကို အရည်အချင်း ပြည့်မီသော ခေါင်းဆောင်များကို အုပ်ချုပ်ခွင့်ပေးပြီး ရာထူးမှ နုတ်ထွက်ဖို့ စဉ်းစားရန် အင်ဒိုနီးရှား အကြီးတန်း ဝန်ကြီးက မြန်မာစစ်တပ်အား တိုက်တွန်းခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များက စစ်တပ်က အစိုးရ၏ ကဏ္ဍအားလုံးကို ထိန်းချုပ်ခြင်းမှ ဆုတ်ခွာသွားခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ ၏ နမူနာကို မြန်မာစစ်အစိုးရက လိုက်နာသင့်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် ရေကြောင်းရေးရာနှင့် ရင်းနှီး မြှုပ်နှံမှု ညှိနှိုင်းရေးဝန်ကြီး လူဟတ်ပန်ဂျစ်တန် (Luhut Panjaitan) က ပြောသည်။

“အစိုးရအလုပ်ကို ခေါင်းဆောင်ပြီး ဝင်လုပ်နေတဲ့ စစ်တပ်က လူတွေ အများကြီးရှိတယ်၊ ဒါပေမယ့် မင်းအရည်အချင်း မပြည့်မီရင် မင်းကဘာကြောင့် သမ္မတ ဖြစ်ချင်ရတာလဲ” ဟု သူကပြောသည်။ မြန်မာ့အာဏာသိမ်း ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ် ဖြစ်လာသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး ဒါဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ သူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“အင်ဒိုနီးရှားမှာ ဖြစ်ခဲ့သလို ဒီနိုင်ငံကို အရည်အချင်း ပြည့်မီတဲ့ တခြားတစ်ယောက် ယောက်ကို စီမံခန့်ခွဲခွင့် ပေးသင့်တယ်”ဟု သူက တိုက်တွန်းလိုက်သည်။

၁၉၆၆ ခုနှစ်တွင် ပထမဆုံးသမ္မတအဖြစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူဟာတိုအား ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် အင်ဒိုနီးရှားသည် ဒီမိုကရေစီသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဆူဟာတိုသည် ဆယ်စုနှစ် ၃ ခုကြာ သံလက်သီးဖြင့် အုပ်ချုပ်ခဲ့ပြီး လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ကြီးကြပ်ခဲ့သည်။

ပန်ဂျစ်တန်ကဲ့သို့သော စစ်ခေါင်းဆောင်ဟောင်းများစွာကို အမွေဆက်ခံစေခဲ့သည်။ နောက်ဆုံးတွင် အစိုးရ အဆက်ဆက်တွင် ရာထူးများ ရယူခဲ့သည်။ မြန်မာနိုင်ငံ အာဏာရ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မှတ်ချက်ပေးရန် တောင်းဆိုချက်အား ချက်ခြင်း တုံ့ပြန်ခြင်း မရှိပေ။

အရပ်သားများအပေါ် ဆက်လက်အကြမ်းဖက်မှု များအတွက် မြန်မာစစ်အစိုးရက တာဝန်ယူရန် ကြိုးပမ်းမှုများကို ဦး ဆောင်ခဲ့ပြီးနောက် အင်ဒိုနီးရှားသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာစစ်တပ် ကိုယ်စားလှယ်များအား ထိပ်သီးအစည်းအဝေးပွဲများ တက်ရောက်မှုမှ တားဆီးရန်နှင့် အခမ်း အနားများနှင့် အစည်းအဝေးများကို တက်ခွင့်ကို ပိတ်ပင်ရန် အာဆီယံအစုအဖွဲ့ခေါင်းဆောင်များကို အဆိုပြုခဲ့သည်။

အင်ဒိုနီးရှား၏ ကြိုးပမ်းမှုများ ရှိသော်ငြားလည်း မြန်မာစစ်အစိုးရကို မည်သို့ ထည့်သွင်းစဉ်းစားရမည်ကို အာဆီယံအတွင်း သဘောတူညီသည့် အရိပ်အယောင်များ မတွေ့ရပေ။ ပြီးခဲ့သည့်နှစ်က ပြုလုပ်သောအာဆီယံအစည်းအဝေးတွင် ဒေသတွင်းရှိ ထိပ်တန်းကိုယ်စားလှယ်များက စစ်အစိုးရကို သေချာစွာ ထိန်းထားရန်သဘောတူသော်လည်း အကြမ်းဖက်မှုများကို အဆုံးသတ်ရေး အစီအစဉ်ပေါ်တွင် တိုးတက်မှုကို ဖော်ပြနိုင်သည့် အချိန်ဇယားကို မူတိကျစွာပြဋ္ဌာန်းထားခြင်း မရှိပါ။
ရုရှနှင့် တရုတ်တို့က ကာရံထားသော မြန်မာစစ်အစိုးရသည် ပိုမိုရက်စက်ကြမ်းကြုတ်လာခဲ့သည်။

ပန်ဂျစ်တန်က ၎င်း၏အမြင် မည်ကဲ့သို့ရှိသည်ဖြစ်စေ စစ်အစိုးရခေါင်းဆောင်များနှင့် အာဆီယံအဖွဲ့ဝင်များသည် ဆက်လက် ဆွေးနွေးနေချိန်တွင် အင်ဒိုနီးရှားသည် တခြားနိုင်ငံ၏အရေးတွင် ဝင်ရောက်မစွက်ဖက်ခြင်း မပြုရန် အာဆီယံ၏ အဓိက ကျသော စည်းကမ်းကို လိုက်နာမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ “ဒီနှစ်ပဲဖြစ်ဖြစ်၊ နောက်နှစ်ပဲဖြစ်ဖြစ်၊ သူတို့ကိုယ်ပိုင် ပြဿနာကို သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပန်ဂျစ်တန်က ဆိုသည်။

Source: Bloomberg

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 17 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 11 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 15 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 39 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 29 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 28 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့