နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်မြို့နယ် ပလိပ်ထွီရွာကို စစ်ကောင်စီ လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ဒေသခံများနေအိမ်နဲ့ ဘုန်းတော်ကြီး ကျောင်းများကိုပါ ပစ်ခတ်တိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂) အတွင်းရှိ ပလိပ်ထွီရွာကို ဇန်နဝါရီ (၂၃) ရက် မနက် ၁၁ နာရီ အချိန်တွင် အ ကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လိုသိရပါတယ်။

အဲဒီလို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ပလိပ်ထီကျေးရွာရှိ ဒေသခံတို့ နေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အခုလို လေယာဉ် နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် (၂)လုံး ၊ ဘုန်းကြီး ကျောင်း (၁) ကျောင်း နဲ့ သိမ်တလုံး ပျက်စီး ဆုံးရှုံးခဲ့ရပြီး လေယာဉ်ဗုံးဆံထိမှန်မှုများ ကြောင့် အခြား ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒါ့အပြင် လက်နက်ကြီးဖြစ်တဲ့ ဟောင်ဝစ်ဇာ နဲ့ပါ မင်းတပ်မြို့ပေါ်ကနေ ရွာတွေထဲကို ပစ်ခတ်ခဲ့ပါသေးတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်း ဟာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ နေထိုင်တဲ့နေရာလည်းဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီဟာ ဘာသာရေးအဆောက်အဦးများကို တိုက်ခိုက်ရုံမျှမကဘဲ အရပ်ဘက် စစ်ဘေးရှောင်ပြည်သူများကိုပါ ရည်ရွှယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒီနေ့ ဇန်နဝါရီ (၂၃) ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။

မင်းတပ်မြို့နယ်၊ ပလိပ်ထွီကျေးရွာရှိ လူနေအိမ်နဲ့ ကျေးရွာဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲထားသည့်မြင်ကွင်းများ။

အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီ တပ်ဟာ ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေ ရဲ့ နေအိမ်တွေ ၊ ကလေးစာသင်ကျောင်းတွေ ၊ ဘုန်းတော်ကြီး ကျောင်းတွေကို မိုင်းဆွဲတိုက်ခိုက်နေတဲ့အတွက် လူသားမျိုးနွယ်စုအပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပြီး စစ်အုပ်စုရဲ့ စစ်လေ ယာဥ်ဆီ​တွေ ဝယ်ယူရရှိနေတာကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှုရှိတဲ့ အ‌ရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးနိုင်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရမှ မြန်မာပြည်သူများကိုယ်စား ကုလသမဂ္ဂနဲ့ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လေးလေးနက်နက် တောင်းဆိုလိုက်ပါတယ် လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို