နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

ပြည်တွင်းတိုက်ပွဲတွေ​ကြောင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယဘက် တိမ်းရှောင်သူ မြန်မာပြည်က အယောက် (၅၀)ကျော်ကို မဏိပူ အထူးကွန်မန်ဒို အဖွဲ့က ထပ်မံဖမ်းဆီး

အိန္ဒိယ – မြန်မာနယ်စပ်၊ မိုးရေးမြို့အတွင်း ကို မြန်မာနိုင်ငံကနေ စစ်ဘေးရှောင် ထွက်ပြေးလာတဲ့ လူဦးရေ (၅၀)ကျော်ကို မဏိပူ အထူးကွန်မန်ဒို ရဲတပ်ဖွဲ့ ဇန်နဝါရီ (၃၀) မနက်ပိုင်းမှာ ထပ်မံဖမ်းဆီးလိုက်တယ်လို့ မိုးရေးမြို့ရောက် မြန်မာနိုင်ငံသားတွေဆီကနေသိရပါတယ်။

အိန္ဒိယ နိုင်ငံဟာ နယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်သူတွေ အပေါ်ဖမ်းဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာနိုင်ငံသား အယောက် (၈၀) ကျော်ကို လည်း ဖမ်းဆီးခဲ့ပြီး အဲဒီသူတွေကို မဏိပူရ် ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့သိရပါတယ်။

မိုးရေးရောက်မြန်မာနိုင်ငံသားတွေ ပြောဆိုပုံအရတော့ ဖမ်းဆီခံရတဲ့သူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့က တော့ ဖြစ်နိုင်စရာမရှိသေးဘူးလို့ ပြောဆိုနေကြတာပါ။ အဲဒီလို ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်ကောင်စီနဲ့ အိန္ဒိယ အာဏာပိုင်တွေ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

အဲဒီလိုတွေ့ဆုံပြီး စစ်ကောင်စီဘက်ကို ပြန်လွှဲပေးလိုက်မှာကိုလည်း ဖမ်းဆီးခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကစိုးရိမ်နေကြတယ်လို့သိရပါတယ်။ မြန်မာပြည်က တိုက်ပွဲတွေကြောင့် တိမ်းရှောင်ခဲ့ရပြီး မဏိပူရ် တလျှောက်မှာ ပုန်းခိုလို့ရတဲ့ ရွာ (၆)ရွာကိုလည်း စစ်ဘေးရှောင်တွေ စတင်ဖမ်းခံရတဲ့ ဇန်နဝါရီ (၂၇) ကနေ ဒီကနေ့အထိ ရှာဖွေဖမ်းဆီးတာတွေကို အိန္ဒိယ အာဏာပိုင်တွေက လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်း ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေ နေအိမ်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် အဲဒီကရွာတွေဆီက စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင်ဟာ အိန္ဒိယပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတာလည်းဖြစ်တယ်လို့ စစ်ဘေးကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

Photo – CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 16 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 20 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 25 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 35 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး