◼ရုရှားသမ္မတ ပူတင်ရဲ့ သဝဏ်လွှာမှာ နှစ်နိုင်ငံပြည်သူများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ဖော်ပြ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းရေးကိစ္စတွေမှာ အကြောင်းအမျိုးမျိုးပြပြီး ဝင်ရောက်စွက်ဖက်ပြီးတော့ တည်ငြိမ်မှု ပျက်ပြားအောင် စည်းလုံးမှု ပြိုကွဲအောင် အင်အားကြီးနိုင်ငံတချို့က နည်းမျိုးစုံနဲ့ ဖိအားပေးအကြပ်ကိုင် အနိုင်ကျင့် ဗိုလ်ကျနေတယ်လို့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ကျင်းပတဲ့ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် ဖိုရမ်မှာ အခုလို ပြောကြားလိုက်တာပါ။
အခုလိုအချိန်အခါမှာ မိတ်ကောင်းဆွေသဟာ ပီသစွာ ပူးပေါင်းဆောင်းရွက်ပေးတဲ့ ရုရှားနိုင်ငံ ခေါင်းဆောင်နဲ့ နိုင်ငံသူ၊ နိုင်ငံ သားတွေကို ကျေးဇူးတင်တယ်လို့ စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံသို့သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံပြည်သူများရဲ့ ဘုံအကျိုးစီးပွားအတွက် ပိုမိုမြှင့်တင်သွားရန် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတဗလာဒီမာပူတင်ထံက နစကဥက္ကဌထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ရုရှား-မြန်မာ ဆက် ဆံရေးဟာ အမြင့်သို့တက်လှမ်းလျက် ရှိနေပြီး နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုများနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ စစ်ရေးဆိုင် ရာများ၊ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှုနဲ့ အခြားနယ်ပယ်များမှာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေနိုင်တဲ့ ပူး ပေါင်းဆောင်ရွက်မှုတွေဟာ သိသာထင်ရှားစွာ တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ ပါပါတယ်။ နှစ်နိုင်ငံပြည်သူများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ပြီး အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အထောက် အကူဖြစ်စေမယ်လို့ ယုံကြည်ကြောင်းလည်း ရေးသားထားပါတယ်။