နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးမြို့နယ် မြို့သစ်ရွာက နေအိမ် ၄၀၀ ခန့်မီးရှို့ခံရ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာမှာ ဧပြီလ (၂၆) ရက်နဲ့ (၂၇) ရက်က အိမ်ခြေ ၄၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရပြီး ဒေသခံတစ်ဦး မီးထဲပါသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံရပြီး ပြန်လွတ်လာတဲ့ အမျိုးသမီး တစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ မြို့သစ်ရွာခံတွေဟာ နီးစပ်ရာရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မြို့သစ်ရွာဟာ ခင်ဦးမြို့နဲ့ ရေဦးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးကရွာ ဖြစ်ပြီး အိမ်ခြေ ၆၀၀ ခန့်နဲ့ အိမ်ထောင်စုပေါင်း ၇၀၀ ခန့်၊ လူဦးရေ နှစ်ထောင်ကျော် နေထိုင်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Era’sEyes | မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာမှ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။

(ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 0 Views
စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ နိုဝင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 11 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 34 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 35 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့
မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 30 Views
နိုဝင်ဘာလ (၁၁)ရက်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ MSFC သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 26 Views
နိုဝင်ဘာလ (၁၁)ရက်။ စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “ ဖက်ဆစ်လူရွေးပွဲ” ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူဖို့နဲ့ စစ်အာဏာရှင်စနစ်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ တရားမျှတမှုမရှိတာကို ပြည်သူ (၉၈)ရာခိုင်နှုန်း ယုံကြည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 67 Views
နိုဝင်ဘာလ (၁၀)ရက်။ အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ‌ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ
မြန်မာသတင်း

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ကြိုတင်ပြင်ဆင်ကြဖို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 37 Views
နိုဝင်ဘာလ (၁၀)ရက်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်ခင် သာလွန်အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ဖို့ လျာထာတဲ့ မြို့နယ်တွေစာရင်းထဲ MDY-PDF