နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီဖို့ဆိုတဲ့ စီးပွားရေးဦးတည်ချက်ထားရှိ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

အလုပ်သမားတွေရဲ့ လူမှုဘဝကိုမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး သွင်းကုန်အစားထိုး၊ ပို့ကုန်မြှင့်တင်နိုင်ရေးအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီဖို့ဆိုတဲ့ စီးပွားရေးဦးတည်ချက်ထားရှိထားတယ် လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေလ (၁) ရက်နေ့ မိန့်ခွန်းမှာ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ကာယ၊ ဉာဏအားနဲ့ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်တွေကို ဖန်တီးဖော်ဆောင်နေတဲ့ အလုပ်သမားအင်အားထုကြီးကို ကာကွယ်စောင့်ရှောက်နိုင်ဖို့၊ အလုပ်သမားတွေအကျိုးခံစားခွင့်တွေ ရရှိစေဖို့နဲ့ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေဖို့ အထူး‌အလေးပေး ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အခုလို ဦးတည်ချက် ရည်မှန်းချက်တွေကို အောင်မြင်အောင် အကောင်ထည်ဖော်နိုင်ဖို့အတွက် အလုပ်သမားစွမ်းအားစုအပေါ်မှာလည်း မူတည်နေတယ်လို့ သူက ပြောပါတယ်။

အလုပ်သမားတွေ အနေနဲ့ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ရင် ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာမှာ ဖြစ်ပြီး အခြား သော ကျန်းမာရေး ၊ပညာရေး ၊လူမှုရေး တို့ပါ တပြိုင်နက် တိုးတက်လာမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

လက်တွေ့မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားတဲ့ အလုပ်သမားတွေ ကို ဖမ်းဆီးထောင်ချတာတွေရှိခဲ့သလို အလုပ်သမားရေးရာအဖွဲ့ ၁၆ ဖွဲ့ကိုလည်း မှတ်ပုံမတင်ထားလို့ဆိုပြီး တရားမဝင်အသင်းတွေအဖြစ် အာဏာသိမ်းစဥ်ကတည်းက ကြေညာခဲ့တာပါ။

နောက်ပိုင်းမှာတော့ စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးရရှိနိုင်ဖို့ ဆန္ဒပြတောင်းဆိုခဲ့သူတွေကိုပါ အလုပ်ထုတ်ပယ်တာစတဲ့ အခြေအနေတွေ အထိ အလုပ်သမားတွေ က ကြုံတွေ့နေရာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကုန်စျေးနှုန်းကြီးမြင့်မှု ၊ လျှပ်စစ်မီးပုံမှန်မရရှိမှု ၊ ဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့အတွက် အစစအရာရာ အထွေထွေကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အလုပ်သမားတွေ က ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။

Era’sEyes | NSO | Photo – ဆင်ဟွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 51 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 52 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ