နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံ အကွဲအပြဲ။

လက်ရှိကျင်းပနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ (၁၇) ကြိမ်မြောက် ညီလာခံတွင် မတ်လ (၂၉) ရက်နေ့အထိ ခေါင်းဆောင်များကို ပြန်လည်မဲပေးရွေးချယ်ခြင်းမပြုနိုင်ကြသေးကြောင်း KNU နှင့် နီးစပ်သူတဦးက ခေတ်မျက်လုံးသို့ ပြောပြသည်။


လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှာ ဥက္ကဋ္ဌ သက်တမ်း နှစ်ကြိမ်ထမ်းဆောင်ပြီးသူ ဖြစ်သည့်အတွက် KNU ၏ ဖွဲစည်းပုံအရ ပြန်လည်ရွေးချယ်ခံခြင်း မပြုနိုင်တော့ကြောင်း သိရှိရပါသည်။


ကေအဲန်ယူ ကွန်ဂရက်ကို ဧပြီလ ၂၄ ရက်နေ့က စတင်ကျင်းပကာ KNU တပ်မဟာ (၂) တောင်ငူခရိုင်နှင့် တပ်မဟာ(၅) မူတြော်ခရိုင် ကိုယ်စားလှယ်များထဲမှ စစ်ရေးတာဝန်ယူထားသူများက ညီလာခံတွင် ရွေးကောက်ခံခြင်းနှင့် မဲပေးခြင်း မပြုကြကြောင်း သဘောထား ရပ်တည်ချက်ပေးခဲ့ကြသော်လည်း ကေအဲန်ယူ၏ ဖွဲစည်းပုံအရ တက်ရောက်သူ ၇၅ ရာခိုင်နှုန်းပြည့်သည့်အတွက် ညီလာခံကို ဆက်လက်ကျင်းပနိုင်ခဲ့သည်ဟု သိရှိရပါသည်။


မူတြော်ခရိုင်၊ တပ်မဟာ(၅) မှ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် အချက် (၃) ချက်ပါ ကရင်ဘာသာဖြင့် ရေးသားထားသည့် အကြံပြုချက် စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။


လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်မြို သစ်စီ မံကိန်းတွင် ကေအဲန်ယူ ဗဟိုခေါင်းဆောင်တချို ပါဝင်ပတ်သက်မှုအပေါ် ကေအဲန်ယူ ဗဟိုအမြဲ တမ်းကော်မတီ၏ ဦးဆောင်မှုဖြင့် စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူပြီးမှ ကရင်တစ်မျိုးသားလုံး၏ သဘောထားကို ရယူကာ ကေအဲန်ယူ ဗဟိုညီလာခံကို ကျင်းပသွားရန် စသည့် အချက်များပါဝင်သော အကြံပြုစာကို ပေးပိုခဲ့ခြင်းဖြစ်သည်ဟု မူတြော်ခရိုင်ဘက်က ပြောသည်။


အကြံပြုစာထဲတွင် အဖွဲ့အစည်း၏ စည်းမျဥ်းစည်းကမ်းများကို ကျော်လွန်ပြီး တရားမဝင်စီးပွားရေးလုပ်ဆောင်မှု၊ မူးယစ်ဆေးဝါးမှု၊ လူမှောင်ခိုကုန်ကူးမှု စသော တရားမဝင်လုပ်ငန်းများတွင် ပါဝင်မှုဖြင့် (၁) KNU ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီး ပဒိုစောရောဂျာခင်၊ (၂) တပ်မဟာ ၇ တပ်မဟာမူး ဗိုလ်မှူးချုပ် စောဖေါဒို၊ (၃) KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး စောဂျော်နီ၏သား စောဒိုစိုး၊ (၄) ဗိုလ်မှူးကြီး စောဘချို၊ (၅) စောတင်စိုး (ပဒိုစောအယ့်နာ) တို့ အပြင် ကျန်ပါဝင်သူအချို့ကို ဥပဒေနှင့်အညီ စစ်ဆေးမှု ပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားဖို့ တောင်းဆိုထားကြောင်း ကြားသိရပါသည်။


တပ်မဟာ ၇ တပ်မဟာမူး ဗိုလ်မှူးချုပ် စောဖေါဒိုသည် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖြစ်သော BGF မှ ဗိုလ်ချစ်သူနှင့် စီးပွားရေးလုပ်ငန်းများ တွဲဘက်လုပ်ကိုင်နေကြောင်း ကရင်အသိုင်းအဝိုင်းက သိရှိရပါသည်။
ထိုအပြင် NCA လမ်းကြောင်းအတိုင်း သွားလိုသူအုပ်စုနှင့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လိုသောအုပ်စု အုပ်စုနှစ်စု ကွဲနေကြောင်းလည်း အစည်းအဝေးတက်ရောက်သူတစ်ဦးက ခေတ်မျက်လုံးသို့ ပြောပြပါသည်။

Edited: Grace H. / ဓာတ်ပုံ။ KNU Website

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး