ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျအစိုးရအဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ မေ(၉) ရက်မှာ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
မေ(၉)ရက် မနက်ပိုင်းမှာ သြစတြေးလျအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး H.E. Bronte Moules ၊ သြစတြေးလျအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်မှုဦးစီးဌာန ရုံးချုပ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုမှာ သြစတြေးလျအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အတူ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နဲ့ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အလားတူ မေ ၁၀ ရက် မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲ တည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနဲ့ ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်းလည်းဖြစ်သူ လက်ရှိ ကုလသမဂ္ဂကော်မရှင်တခုရဲ့ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ Professor Chris Sidoti နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်ရုံးမှာ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲ ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနဲ့အတူ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့ပြီး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် နိုင်မယ့် အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Era’sEyes | Photo – NUG