နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းပြည်နယ်က မြို့နယ်လေးခုကို သဘာဝဘေးအန္တရာယ်ကျရောက်ဒေသအဖြစ် သတ်မှတ်

ချင်းပြည်နယ်က မြို့နယ်လေးမြို့နယ်ဖြစ်တဲ့ တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တွေကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် စစ်ကောင်စီက မေ ၁၆ ရက်နေ့က သတ်မှတ်ကြေညာလိုက်ပါတယ်။


မုန်တိုင်းကြောင့် မတူပီ၊ မင်းတပ်၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်တို့မှာ ဘုရားကျောင်းနဲ့ စာသင် ကျောင်းတွေအပါအဝင် အဆောက်အအုံ ၇၀၀ ကျော် ပျက်စီးသွားပြီး မတူပီနဲ့ ပလက်ဝမြို့တွေက နေရာအများစုမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ဆက်သွယ်ဖို့ ခက်ခဲနေပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ လူ ၄၃၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ဒေသခံနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁ ယောက် သေဆုံးခဲ့တယ်လို့ မေလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Era’Eyes /မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့်နောက် ချင်းပြည်နယ်တွင်းမှ အပျက်အစီးများအား မေလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်။ (Photo: Chanthar Media/The Mindat Post)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဓါတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 0 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက ဓါတုအ‌ဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

မကွေးမြို့ရှိ ဆေးခန်းတစ်ခုက ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 0 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က ညနေ (၅)နာရီကျော်အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက စိမ်းဆေးခန်းမှာ ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဘော်သစ်တွေကို MDY-PDF ခေါ်ယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 0 Views
နိုဝင်ဘာလ (၂၂)ရက်။ ရှေ့လာမယ့် မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးရဲဘော်တွေ လိုအပ်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ “ စုဆောင်း၊ လေ့ကျင့်၊ စုဖွဲ့၊ တိုက်ပွဲဝင်” ဆိုတဲ့
မြန်မာသတင်း

ရေးမြို့ရှိ ကိုးမိုင်တံတား မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကားတွေပိတ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 0 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နဲ့ မလွဲတောင်ကြားရှိ ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကားသမားတွေထံက သိရပါတယ်။ “ နံနက် (၆)နာရီခွဲကျော်လောက် ရေးနဲ့ မလွဲတောင်ကြားက ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲတာ။ တံတားက လမ်းသားတွေ
မြန်မာသတင်း

ပြည်တွင်းကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 0 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိနေတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ စစ်ကောင်စီဝန်ကြီး
1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို
မြန်မာသတင်း

မှော်ဘီရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာန ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၁)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Yangon Army ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့
မြန်မာသတင်း

ဘုရားသုံးဆူမြို့ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျားက မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 4 Views
နိုဝင်ဘယလ (၂၁)ရက်။ နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းအချိန်က ဘုရားသုံးဆူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျား နေအိမ်က မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ အသတ်ခံရတဲ့ မိသားစု (၃)ယောက်က လျှပ်စစ်ဝန်ထမ်းတန်းလျားက အိမ်မှာနေတာ။